Glitch Lab ဟာ အလွန်အသုံးပြုလို့ကောင်းတဲ့ photo glitching app တစ်ခုဖြစ်ပြီး သိပ်ပြီးအားထုတ်စရာမလိုဘဲ သင့်ရဲ့ပုံတွေပေါ်မှာ glitch art တွေ ထည့်သွင်းချင်တယ်ဆိုရင်တော့ ဒီ app က သိပ်ကို အသုံးဝင်မှာ ဖြစ်ပါတယ်။ တကယ့်ကို လူကြိုက်များတဲ့ effect တွေနဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို သင့်အတွက် ယူဆောင်ပေးမယ့် app ဖြစ်ပြီးတော့ သင့်ရဲ့ပုံတွေကို သူများနဲ့မတူဘဲ လုံးဝကွဲပြားပြီး စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးနိုင်မှာပါ။ Effect တွေကို အမျိုးအစားတွေအလိုက် သီးသန့်ခွဲထားပေးလို့ အသုံးပြုရတာ ပိုအဆင်ပြေစေပြီး အသုံးပြုရတာလည်း တကယ့်ကို လွယ်ကူတာကို တွေ့ရမှာပါ။ Effect တွေနဲ့ filter တွေက သင့်ရဲ့အနုပညာလက်ရာကို အဆုံးမရှိ၊ အကန့်အသတ်မရှိ မျိုးစုံပုံဖော်နိုင်စေမှာ ဖြစ်ပါတယ်။ Effect ပေါင်း 100 ကျော်ထဲကနေ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပြီး Color, Streaking, Breaking, Repeating, Data Corruption, Pixel Sorting, Retro, 3D, Text and gimmicks နဲ့ Art filter စတဲ့ effect တွေ အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ User Interface က လုံးဝ powerful ဖြစ်ပြီးတော့ undo / redo ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါတယ်။ Android 5.0 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Glitch Lab

