• Author: GT (Excellent)

ဒီတစ်ပတ်မှာတော့ ဖေဖော်ဝါရီလထဲမှာပဲ ပွဲထွက်လာဖွယ်ရှိတဲ့ Daemon X Machina ဆိုတဲ့ ခေတ်လွန်သိပ္ပံဂိမ်းအခွေလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဂိမ်းလေးဟာ Third-Person Shooter အမျိုးအစားဖြစ်ပြီး လွန်ခဲ့တဲ့ (2019)၊ စက်တင်ဘာလအတွင်းက Nintendo Switch သမားတွေအတွက် ဖြန့်ချိခဲ့ပြီးသားလည်းဖြစ်ပါတယ်။ ဈေးကွက်နဲ့ပရိသတ်ရဲ့တောင်းဆိုမှုအရ ယခုလအတွင်းမှာ Windows သမားတွေအတွက် ဗားရှင်းသစ် ထပ်မံပွဲထုတ်ပေးမှာပါ။ Daemon X Machina ကိုဖန်တီးပေးထားတဲ့ Developer(s) ကတော့ Marvelous First Studio အုပ်စုဖြစ်ပြီး Windows အတွက်ဖြန့်ချိပေးမယ့် Publisher(s) ကတော့ Xseed Games ကနေ တာဝန်ယူပေးမှာဖြစ်ပါတယ်။

ဂိမ်းရဲ့နောက်ခံအနေနဲ့ အနာဂတ်လွန်ကာလ လကမ္ဘာပျက်စီးသွားပြီးတဲ့နောက်မှာ စွမ်းအင်ရောင်ခြည်သင့်ခံရပြီး ပါဝါတွေတိုးတက်ကောင်းမွန်မြင့်မားလာတဲ့ စွမ်းအားမြင့် အနာဂတ်လွန်စက်ရုပ်တွေနဲ့ လူသားမျိုးနွယ်စိတ်မပျက်သုဉ်းရေး ကာကွယ်ပေးမယ့် Avatar Pilot အုပ်စုရဲ့ တိုက်ပွဲတွေကိုဝင်ရောက်ဆင်နွှဲရမှာဖြစ်ပါတယ်။ ပိုင်းလော့အုပ်စုမှာ Bullet Works, Western VII, Five Hells, Immortal Innocence, Steel Knights, Panzer Crown, Terrors အစရှိတဲ့ Ability ကိုယ်စီရှိတဲ့ စက်အုပ်စုတွေထည့်သွင်းပေးထားပြီး တစ်အုပ်စုချင်းအလိုက် အမျိုးအစားများစွာပါဝင်တဲ့အပြင် (1)ဦးချင်း ဖြစ်ဖြစ်၊ (2)ဦးချင်းဖြစ်ဖြစ် ဆော့ကစားနိုင်တဲ့ Multiplayer လည်း ပါဝင်မှာပါ။

Armor ပိုင်းအနေနဲ့ ခေါင်းအစခြေအဆုံး Head, Body, Processor, Right Arm, Left Arm, Legs ဆိုပြီး ကျည်ကာ၊ မီးကာ၊ လေဆာဒဏ်၊ အက်ဆစ်ဒဏ်အကာအကွယ်စသဖြင့် အသေးစိတ် Light, Medium, Heavy စိတ်ကြိုက်ဒီဇိုင်းလုပ်နိုင်သလို တိုက်ပွဲမှာကျဆုံးသွားရင်လည်း အစိတ်အပိုင်းတစ်ခုချင်းအလိုက်ဖြုတ်ယူပြီး အခြားစက်တစ်ခုနဲ့ တွဲဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်နက်ပိုင်းမှာတော့ Arm Weapons နဲ့ Shoulder Weapons ကဏ္ဍ (2)ခုခွဲထားပြီး Arm Weapons အနေနဲ့ Bullet, Laser, Melee Combat, Special, Shields အုပ်စုနဲ့ Shoulder ပိုင်းမှာ Missiles, Cannon, Railgun, Blitz ဆိုပြီး အုပ်စုတွေဖန်တီးပေးထားမှာပါ။ ဒါ့အပြင် လက်ပစ်ဗုံး၊ မိုင်း အစရှိတဲ့ Auxiliary Weapons တွေလည်းပါဝင်မှာဖြစ်ပြီး Additional Weapons တွေလည်း Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းလေးကိုဆော့ကစားမယ်ဆိုရင်တော့ OS: Windows 8.1/10, Processor: Intel i5-3470 / AMD FX-8300, Memory: 6 GB RAM, Graphics: NVIDIA Geforce GTX 660 / Radeon HD7870, Storage: 13 GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှာ ပွဲထွက်လာမှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Daemon X Machina (PC)

  • Author: GT (Excellent)

ဒီတစ္ပတ္မွာေတာ့ ေဖေဖာ္ဝါရီလထဲမွာပဲ ပြဲထြက္လာဖြယ္ရွိတဲ့ Daemon X Machina ဆိုတဲ့ ေခတ္လြန္သိပၸံဂိမ္းအေခြေလးနဲ႔ မိတ္ဆက္ေပးပါရေစ။ ဒီဂိမ္းေလးဟာ Third-Person Shooter အမ်ိဳးအစားျဖစ္ၿပီး လြန္ခဲ့တဲ့ (2019)၊ စက္တင္ဘာလအတြင္းက Nintendo Switch သမားေတြအတြက္ ျဖန္႔ခ်ိခဲ့ၿပီးသားလည္းျဖစ္ပါတယ္။ ေစ်းကြက္နဲ႔ပရိသတ္ရဲ႕ေတာင္းဆိုမႈအရ ယခုလအတြင္းမွာ Windows သမားေတြအတြက္ ဗားရွင္းသစ္ ထပ္မံပြဲထုတ္ေပးမွာပါ။ Daemon X Machina ကိုဖန္တီးေပးထားတဲ့ Developer(s) ကေတာ့ Marvelous First Studio အုပ္စုျဖစ္ၿပီး Windows အတြက္ျဖန္႔ခ်ိေပးမယ့္ Publisher(s) ကေတာ့ Xseed Games ကေန တာ၀န္ယူေပးမွာျဖစ္ပါတယ္။

ဂိမ္းရဲ႕ေနာက္ခံအေနနဲ႔ အနာဂတ္လြန္ကာလ လကမၻာပ်က္စီးသြားၿပီးတဲ့ေနာက္မွာ စြမ္းအင္ေရာင္ျခည္သင့္ခံရၿပီး ပါဝါေတြတိုးတက္ေကာင္းမြန္ျမင့္မားလာတဲ့ စြမ္းအားျမင့္ အနာဂတ္လြန္စက္႐ုပ္ေတြနဲ႔ လူသားမ်ိဳးႏြယ္စိတ္မပ်က္သုဥ္းေရး ကာကြယ္ေပးမယ့္ Avatar Pilot အုပ္စုရဲ႕ တိုက္ပြဲေတြကို၀င္ေရာက္ဆင္ႏႊဲရမွာျဖစ္ပါတယ္။ ပိုင္းေလာ့အုပ္စုမွာ Bullet Works, Western VII, Five Hells, Immortal Innocence, Steel Knights, Panzer Crown, Terrors အစရွိတဲ့ Ability ကိုယ္စီရွိတဲ့ စက္အုပ္စုေတြထည့္သြင္းေပးထားၿပီး တစ္အုပ္စုခ်င္းအလိုက္ အမ်ိဳးအစားမ်ားစြာပါ၀င္တဲ့အျပင္ (1)ဦးခ်င္း ျဖစ္ျဖစ္၊ (2)ဦးခ်င္းျဖစ္ျဖစ္ ေဆာ့ကစားႏိုင္တဲ့ Multiplayer လည္း ပါ၀င္မွာပါ။

Armor ပိုင္းအေနနဲ႔ ေခါင္းအစေျခအဆံုး Head, Body, Processor, Right Arm, Left Arm, Legs ဆိုၿပီး က်ည္ကာ၊ မီးကာ၊ ေလဆာဒဏ္၊ အက္ဆစ္ဒဏ္အကာအကြယ္စသျဖင့္ အေသးစိတ္ Light, Medium, Heavy စိတ္ႀကိဳက္ဒီဇိုင္းလုပ္ႏိုင္သလို တိုက္ပြဲမွာက်ဆံုးသြားရင္လည္း အစိတ္အပိုင္းတစ္ခုခ်င္းအလိုက္ျဖဳတ္ယူၿပီး အျခားစက္တစ္ခုနဲ႔ တြဲဆက္အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ လက္နက္ပိုင္းမွာေတာ့ Arm Weapons နဲ႔ Shoulder Weapons က႑ (2)ခုခြဲထားၿပီး Arm Weapons အေနနဲ႔ Bullet, Laser, Melee Combat, Special, Shields အုပ္စုနဲ႔ Shoulder ပိုင္းမွာ Missiles, Cannon, Railgun, Blitz ဆိုၿပီး အုပ္စုေတြဖန္တီးေပးထားမွာပါ။ ဒါ့အျပင္ လက္ပစ္ဗံုး၊ မိုင္း အစရွိတဲ့ Auxiliary Weapons ေတြလည္းပါ၀င္မွာျဖစ္ၿပီး Additional Weapons ေတြလည္း Upgrade လုပ္ႏိုင္မွာျဖစ္ပါတယ္။

ဒီဂိမ္းေလးကိုေဆာ့ကစားမယ္ဆိုရင္ေတာ့ OS: Windows 8.1/10, Processor: Intel i5-3470 / AMD FX-8300, Memory: 6 GB RAM, Graphics: NVIDIA Geforce GTX 660 / Radeon HD7870, Storage: 13 GB အနည္းဆံုး လိုအပ္မွာျဖစ္ၿပီး ေဖေဖာ္ဝါရီလလယ္ပိုင္းေလာက္မွာ ပြဲထြက္လာမွာျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။

NetGuide Journal (Every Wednesday)