2019 ခုနှစ်အတွက် အလယ်အလတ်တန်းစား စမတ်ဖုန်းစျေးကွက်မှာ ရိုက်ခတ်ခဲ့တာကတော့ 48MP resolution နဲ့အတူ quad-pixel sensors တွေ ပါဝင်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ စျေးအရမ်းမကြီးပဲ၊ ပြောရမယ်ဆိုရင် စျေးနှုန်းကုန်ကျမှု သိပ်မရှိပဲ quad-pixel sensors နဲ့ ဖုန်းတွေကို ကိုင်ဆောင်လာနိုင်ကြပါတယ်။ Samsung ရဲ့ GM1 နဲ့ GM2 ဆင်ဆာတွေထက်တောင် Sony IMX586 ဟာ ရွေးချယ်မှု အများဆုံးအဆင့် ဖြစ်ခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီဆိုရင် OEM တွေအတွက် ကင်မရာဆင်ဆာတွေ ထုတ်မလောက်အောင်အထိ အဝယ်တက်ခဲ့တယ်လို့ သိရပါတယ်။ mid-range ဖုန်းတွေအတွက် ရွေးချယ်စရာ ဆင်ဆာ 2 ခုထဲမှာ Sony ကို ရွေးခဲ့ကြတာပါ။ 2020 ရောက်တဲ့အချိန်မှာတော့ စျေးကွက်အနေအထား ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ။ Sony အနေနဲ့ Samsung ကို နေရာဖယ်ပေးလိုက်ရတာပါ။ 48MP ဆင်ဆာမှာတုန်းကဖြစ်ခဲ့တဲ့ စျေးကွက်ပုံစံ လိုအပ်ချက်လေးတွေကို ပြန်လည်ပြင်ဆင်ပြီး 64MP ထပ်ထုတ်တယ်၊ အခုဆိုရင် 108MP ဆင်ဆာတောင် ထုတ်ထားပြီးပါပြီ။
ဒီတော့ ဖုန်းတွေမှာ ဆင်ဆာက ဘယ်လောက်အထိ တိုးတက်နေဦးမှာလဲ။ တိုးတက်လာသလောက်ရော စမတ်ဖုန်းထုတ်လုပ်သူတွေက လိုက်တပ်ဆင်မှာလားဆိုတာ စဉ်းစားစရာပါ။ အခုထက်ထိတော့ 64MP က အကောင်းဆိုတဲ့အဆင့်မှာ ရှိနေသေးပါတယ်။ 108MP ဆင်ဆာနဲ့ ကင်မရာတွေ များများစားစား မထွက်သေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 2020 မှာ သင့်အနေနဲ့ ကင်မရာကောင်းတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ လုပ်ဆောင်ချက်ကောင်းကောင်းနဲ့ ဖုန်းလေးတွေ စျေးကွက်ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။ အဲ့ဒီဖုန်းတွေက ဘယ်လိုဖုန်းတွေများ ဖြစ်မလဲ။

(1). Are 64MP Quad-Pixel Sensors Different Than 48MP Quad-Pixel Sensors ?

64MP နဲ့ 48MP တို့မှာ တူညီတဲ့အချက်အလက်တွေ အများအပြား ရှိနေပါတယ်။ ISOCELL Bright GW1 ဟာ Samsung ကနေ ထုတ်ထားတဲ့ 48MP image sensor လိုပဲ 0.8 μm အရွယ် pixel တွေ သုံးနိုင်တဲ့ 64MP sensor ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလင်းဖမ်းတဲ့နေရာမှာ ပိုပြီး အလင်းဝင်မှုမြင့်တဲ့ အကြီးစား sensor တစ်ခု ဖြစ်ပါတယ်။ 48MP sensor ကတော့ 12MP ပုံတွေကို default အနေနဲ့ ထုတ်ပေးနိုင်ပါတယ်။ Samsung ရဲ့ 64MP sensor မှာ tetracell binding နည်းပညာကို သုံးထားပါတယ်။ ဒါကြောင့် အလင်းရောင်နည်းတဲ့အချိန်မှာဆိုရင် tetracell binding နည်းပညာက pixel လေးခုကို တစ်ခုတည်းအဖြစ် ပြန်ချုံ့ပေးပြီး ကြည်လင်ပြတ်သားတဲ့ 16MP ပုံတွေကို ထုတ်ပေးမှာပါ။ တကယ်လို့ အလင်းရောင် လုံလုံလောက်လောက် ရှိတယ်ဆိုရင်တော့ 64MP အပြည့်ရှိတဲ့ပုံ ရမှာဖြစ်ပါတယ်။ Autofocus ပိုကောင်းလာဖို့နဲ့ 480 fps full HD recording အတွက် high-performance phase detection လည်း ပါဝင်လာပါတယ်။ Real-time HDR ကိုလည်း support လုပ်မှာပါ။  48 MP sensor မှာ သုံးထားတဲ့ 0.8μm pixel size ကိုပဲ 64 MP sensor မှာ ပြန်သုံးထားတဲ့အတွက် overall sensor size ကို 33% အထိ ပိုကြီးသွားစေပြီး 1/1.7” sensor လောက် ဖြစ်သွားစေပါတယ်။

(2). Poco X2

Xiaomi အနေနဲ့ POCO ကို သီးသန့်အမှတ်တံဆိပ်တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းကတော့ ဘာမှ သိပ်ပြောင်းလဲခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် Poco X2 ဆိုတာ နာမည်အရသာ အသစ်ဖြစ်နေပြီး Redmi K30 4G ကို သင့်အနေနဲ့ ပြန်လည်မြင်တွေ့ရမှာကြောင့်ပါ။ သူ့မှာ Sony ရဲ့ 64MP sensor (IMX686) ကို သုံးထားတာကတော့ အားရစရာပါ။ အဓိကကင်မရာကိုမှ wide-angle ၊ macro ကင်မရာ depth sensor တို့နဲ့ ပူးပေါင်းထားလို့ပါ။ ပြီးတော့ အရှေ့ဘက်မှာလည်း ကင်မရာ 2 လုံးကို တပ်ဆင်ပေးထားပါတယ်။ ပြီးတော့ ဂိမ်းအခြေပြုဖုန်းလို့ သတ်မှတ်နိုင်ပြီး Hardware ပိုင်းဆိုင်ရာ ထောက်ပံ့မှု အတော်ကောင်းတာကို တွေ့ရမှာပါ။ 6.67 လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရတာ ကောင်းမယ်လို့ သတ်မှတ်နိုင်ပေမယ့် သုံးထားတာက  Reality Flow LCD ပါ။ အခြား highlights လုပ်စရာတွေကတော့ 27W fast charging နဲ့ 4500mAh battery ၊  UFS 2.1 storage ၊  Splash resistant (P2i coating) တွေကို သုံးပေးထားပါတယ်။ ပရိုဆက်ဆာကတော့ Snapdragon 730G ပါ။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 20MP + 2MP

(3). Realme X2 Pro

Realme ရဲ့ ပထမဆုံးစွမ်းရည်မြင့် စျေးအသက်သာဆုံးစမတ်ဖုန်းလို့တောင် သတ်မှတ်နိုင်မှာပါ။ အရွယ်သေး Notch ပါပြီး  90Hz Refresh Rate နဲ့ 135Hz Touch Sampling ပါတဲ့အတွက် ဖုန်းကို ထိတွေ့သုံးရင် အရမ်းကို မြန်ပါတယ်။ နောက်ကျောဘက်မှာ 64MP အဓိကကင်မရာနဲ့အတူ 13MP Telephoto lens ၊ 8MP 115° 1/3.13″ ultra-wide angle lens နဲ့ 2MP depth sensor တို့ကို ထည့်ပေးထားပါတယ်။ ကင်မရာရဲ့ စွမ်းဆောင်ချက်အနေနဲ့ 20x hybrid zoom အထိ ရရှိမှာပါ။ အရှေ့ဘက်မှာတော့ 16MP ကင်မရာ ထည့်ပေးထားပြီး Sony IMX471 sensor ဖြစ်ပါတယ်။ In-display finger- print sensor နဲ့ သုံးနိုင်မှာပါ။ မျက်နှာပြင် 6.5-inch (2400 x 1080 pixels) ဖြစ်ပြီး Octa-Core Snapdragon 855 Plus  ကို သုံးထားတဲ့ အဆင့်မြင့်ဖုန်းပါ။ ဘက်ထရီကတော့ 4000 mAh  ထည့်ပေးထားပြီး 50WSuperVOOC fast charging နဲ့ပါ။ curved glass display မှာ 90Hz refresh rate ဖြစ်ပြီး HDR10+, 100% DCI -P3 color gamut ထောက်ပ့ံပါတယ်။
ကင်မရာနောက်ကျော – 64MP + 13MP + 8MP + 2MP | အရှေ့ဘက် : 16MP

(4). Realme X2

Realme X2 ဖုန်းကတော့ Realme စမတ်ဖုန်းတွေထဲမှာ 8nm Snapdragon 730G အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးနဲ့ ဖြစ်ပါတယ်။ အဓိကကင်မရာက 64MP f/1.8 Samsung GW1 Sensor ဖြစ်ပါတယ်။ ကျန်တဲ့ကင်မရာတွေကတော့ 119 ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP f/2.25 ၊ 2MP Macro နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။ Realme XT နဲ့ အနည်းငယ်ကွဲပြားတဲ့ဖုန်းလို့ သတ်မှတ်နိုင်ပြီး အချက်အလက်အများစုကတော့ တူညီကြပါတယ်။ ဒီဖုန်းမှာ 6.4-inch Super AMOLED FHD+ V သဏ္ဍာန် မျက်နှာပြင်နဲ့ဖြစ်ပြီး ColorOS based  Android 9.0 ကို သုံးထားပါတယ်။ အထူးဖော်ပြချက်အနေနဲ့ကတော့ 30W VOOC 3.0 charging ထောက်ပံ့တာပါ။ In Display Fingerprint Sensor အလုပ်လုပ်ပါတယ်။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 32MP

(5). Xiaomi Redmi Note 8 Pro

Redmi Note 8 Pro ဖုန်းမှာတော့ ပါဝါစွမ်းအားအတွက် Helio G90T chipset ကို သုံးထားပါတယ်။ ပြီးတော့ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး 64MP သုံးထားတဲ့ ဖုန်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီဖုန်းရဲ့ ကင်မရာပိုင်းတွေအနေနဲ့ quad-rear camera setup နဲ့ ဖြစ်ပါတယ်။ အဓိကကင်မရာကတော့ 64MP ကို သုံးထားပါတယ်။ ဒုတိယကင်မရာငယ်ကတော့ 8MP ၊ နောက်ထပ်ကင်မရာ 2 လုံးကတော့ 2MP ဖြစ်ပြီး macro shots နဲ့ depth-effect တွေ ရိုက်ကူးနိုင်စေဖို့အတွက်ပါ။ ဖုန်းရဲ့အရှေ့ဘက်မှာတော့  20MP ကင်မရာကို ထည့်ပေးထားပါတယ်။ မျက်နှာပြင်ဟာ  6.53-inch LCD screen ဖြစ်ပါတယ်။  Helio G90T chipset  ဟာ ဂိမ်းမင်းပိုင်းကို အားစိုက်ထားတဲ့ chipset ဖြစ်ပါတယ်။ RAM နဲ့ storage  ရွေးချယ်မှုပိုင်းအတွက်ကတော့  6GB + 64GB, 6GB + 128GB နဲ့ 8GB + 128GB တို့ ဖြစ်ပါတယ်။ gaming အတွေ့အကြုံအတွက် HyperEngine tech ကို ထည့်ပေးထားလို့ပါ။ Android 9 Pie အခြေပြု MIUI 10  ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ 4,500 mAh battery  အတွက်  18W fast charging support လုပ်ပါတယ်။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 20MP

(6). Redmi K30

Xiaomi ရဲ့ Redmi K30 နဲ့ Redmi K30 5G ဖုန်းတွေဟာ Sony က ထုတ်ထားတဲ့ IMX686 sensor ကို ဦးဆောင်အသုံးပြုခဲ့တဲ့ဖုန်းလို့ သတ်မှတ်ရမှာပါ။ ကင်မရာ 4 လုံးနဲ့ပဲဖြစ်ပြီး ငြင်းရက်စရာမရှိတဲ့ 64MP sensor ကို သုံးထားပါတယ်။ အဲ့ဒါကိုမှ နောက်ထပ်ပေါင်းစပ်ထားတဲ့ ကင်မရာတွေက 8MP wide-angle ၊ 2MP macro နဲ့ 2MP depth sensor တို့ပဲ ဖြစ်ပါတယ်။ 4G အမျိုးအစားဖုန်းအတွက်က Snapdragon 730G ကို သုံးထားပြီး 5G အတွက်က 5G အသင့်သုံး  chipset လို့ ဆိုရမယ့် Snapdragon 765G ကို သုံးပေးထားပါတယ်။ မျက်နှာပြင် 6.67-inch FHD+ မှာ Android 10 based MIUI 11 ကို သုံးနိုင်ပါလိမ့်မယ်။ ဘက်ထရီပိုင်းအတွက်ကတော့ 4500 mAh ဖြစ်ပြီး 4G ဖုန်းမှာ 27Wfast charging ထောက်ပ့ံပြီး 5G ဖုန်းမှာ 30W fast charging ထောက်ပံ့ပါတယ်။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 20MP

(7). Realme XT

ဒီဖုန်းရဲ့ နောက်ဘက်မှာလည်း ကင်မရာ 4 လုံးနဲ့ ဖြစ်ပါတယ်။ Realme XT ရဲ့ ပါဝါစွမ်းအားပိုင်းအတွက်  10 nm Snapdragon 712 chipset ကို သုံးထားပြီး 4GB, 6GB (သို့) 8GB  RAM သုံးထားပါတယ်။ အချက်အလက်သိုလှောင်မှုအပိုင်းမှာတော့  64GB (သို့) 128GB ဖြစ်ပြီး UFS 2.1 storage နဲ့ပါ။ Realme XT ဖုန်းမှာလည်း Realme X လိုမျိုး  4000 mAh ဘက်ထရီစွမ်းအားကို သုံးထားပြီး 20W VOOC adapter ထည့်သွင်းပေးထားကာ အားအပြည့်သွင်းနိုင်ဖို့ ကြာတဲ့အချိန်ဟာ မိနစ် 80 ဖြစ်မယ်လို့ သိရပါတယ်။ VOOC 3.0 fast charging နဲ့ပါ။ မျက်နှာပြင်  6.4-inch (2340 × 1080 pixels) နဲ့ဖြစ်ပြီး HD+ Super AMOLED display  မှာ Corning Gorilla Glass 5 ကာကွယ်ပေးထားပါတယ်။ Android 9.0 (Pie) အခြေပြု ColorOS 6.0 ကို သုံးနိုင်မှာပါ။ အနောက်ဘက်မှာ 64MP အဓိကကင်မရာနဲ့အတူ 8MP 119-degree Ultrawide, 2MP Depth နဲ့ 2MP Macro  တွေ ထည့်ထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့  16MP  ဖြစ်ပါတယ်။ ကင်မရာတွေမှာ AI Scene Recognition တွေ ထည့်သွင်ပေးထားပြီး 3D curved glass  panel နဲ့ Hyperbola Light Streak effect ကို နောက်ကျောဘက်မှာ တွေ့ရမှာပါ။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 16MP

(8). Samsung A70s

ဒီဖုန်းဟာ Galaxy A70 ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး အချက်အလက်အတော်များများလည်း Galaxy A70 နဲ့ ဆင်တူပါတယ်။ GW1 sensor အဆင့်မြင့်တင်မှုလောက်ပဲ ကွာဟတယ်လို့ တတ်မှတ်နိုင်မှာပါ။ အကြမ်းမျဉ်းအားဖြင့် ဘယ်လိုအချက်အလက်တွေလဲဆိုရင် 6.7 လက်မ Full HD+ Infinity-U Super AMOLED Display ၊ Octa-core Snapdragon 675 SoC နဲ့အတူ  Android 9.0 (Pie) အခြေပြု OneUI ဆိုတဲ့ နေရာတွေမှာပါ။ A70s ရဲ့ ကင်မရာပိုင်းတွေအနေနဲ့ 64MP  f/1.8 aperture နဲ့ 5MP depth sensor တို့ပါဝင်ပြီး တတိယကင်မရာကတော့ 8MP 123° ultra-wide angle ကင်မရာပဲ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 32MP ဖြစ်ပါတယ်။ 4500 mAh ဘက်ထရီနဲ့အတူ 5W super fast charging ထောက်ပံ့မှာ ဖြစ်ပါတယ်။ In-display Fingerprint sensor နဲ့ အလုပ်လုပ်မှာပါ။
ကင်မရာနောက်ကျော – 64MP + 8MP + 5MP | အရှေ့ဘက် : 32MP

(9). OPPO Reno3

ပရိုအမျိုးအစား စမတ်ဖုန်းနဲ့မတူပဲ ပုံမှန် Reno3 ဖုန်းမှာတော့ features ပိုင်းအနေနဲ့ 64MP quad-camera module သုံးထားပါတယ်။ MediaTek ရဲ့ နောက်ဆုံးပေါ် MT6885Z Dimensity 1000L (7nm) ကို သုံးထားပါတယ်။ 2020 မှာ လူကြိုက်များတဲ့ ဖုန်းဖြစ်စေဖို့အတွက် 30W fast charging သုံးထားပြီး ဘက်ထရီကတော့ 4025 mAh ပါ။ အားတစ်ဝက်လောက်ကို မိနစ် 20 တည်း ပြန်သွင်းနိုင်တယ်လို့ ဆိုကြပါတယ်။ မျက်နှာပြင် 6.4-inch AMOLED FHD+ ဖြစ်ပြီး Android 10 based Color OS 7 ကို သုံးနိုင်မှာပါ။ အရမ်းကြီး ထူးခြားနေတာမျိုးတော့ မဟုတ်ပါဘူး။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 32MP

(10). OPPO K5

ဒီဖုန်းမှာ မျက်နှာပြင်  6.4-inch (2340 × 1080 pixels)  ဖြစ်ပြီး ခပ်သေးသေး Notch နဲ့ ဖြစ်ပါတယ်။ ဖုန်းရဲ့အချက်အလက်ပိုင်းအနေနဲ့ Snapdragon 730G  ပရိုဆက်ဆာကို သုံးထားပြီး Adreno 618 GPU တွဲဘက်ပါတယ်။ OS ပိုင်းမှာ  Android 9.0 (Pie) အခြေပြု ColorOS 6.1 နဲ့ သုံးနိုင်မှာပါ။ 64MP အဓိကဆင်ဆာအတွက် Samsung GW1 ကို သုံးထားပါတယ်။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ့ 2MP မိုက်ခရိုတို့ ဖြစ်ပါတယ်။ အရှေ့ဘက် notch ထဲမှာ 32MP f/2.0 aperture နဲ့ သုံးနိုင်မှာပါ။ ဘက်ထရီကတော့ 4000 mAh ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာကိရိယာ မြှုပ်နှံထားပါတယ်။ 4000 mAh ဘက်ထရီနဲ့အတူ မိနစ် 30 အတွင်းမှာ 67 ရာခိုင်နှုန်း အားသွင်းပေးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။ အရှေ့ဘက်မှာတော့ 32MP f/2.0 aperture ကင်မရာကို သုံးထားပါတယ်။ နောက်ကျောဘက်မှာ ကင်မရာ 4 လုံး တပ်ဆင်ထားတဲ့ အလယ်အလတ်အဆင့် စမတ်ဖုန်းလို့ ဆိုရမှာပါ။
ကင်မရာနောက်ကျော – 64MP + 8MP + 2MP + 2MP | အရှေ့ဘက် : 32MP

(11). Vivo Nex 3 5G

Vivo NEX 3 5G ဟာ Waterfall Screen ပါတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်က ဘယ်နဲ့ညာဘက်ရဲ့ ဘေးဘက်အထိ ဖုံးအုပ်ထားပါတယ်။  Physical Buttons တွေ မပါတော့ဘဲ Touch Sense လို့ နာမည်ပေးထားတဲ့ ထိတွေ့သုံးရတဲ့ Virtual Buttons တွေ ထည့်ထားပါတယ်။ အရှေ့ဘက်ကင်မရာပိုင်းအတွက် 0.65 စက္ကန့်အတွင်းမှာ အထုတ်၊ အသွင်းလုပ်ပေးတဲ့ Pop-up Camera ပါပါတယ်။ နောက်ကျောဘက်ကင်မရာတွေအနေနဲ့  64MP ကတော့ အဓိကပါ။ ပြီးတော့ 13MP 120-degree ultra-wide lens, 13MP telephoto lens တို့ကို သုံးထားပါတယ်။ အနောက်ကင်မရာတွေက 2x Optical Zoom နဲ့ 20x Digital Zoom တွေကို ထောက်ပံ့ပါတယ်။ Super Night View က ဓါတ်ပုံ 12 ပုံကနေ 16 ပုံအထိ တစ်ပြိုင်နက်ရိုက်ကူးပေးပြီး Noise ကို လျှော့ချပေးပါတယ်။ 4,500 mAh ဖြစ်ပြီး 22.5W fast charging support လုပ်ပါတယ်။ ဒါ့အပြင် 44W Ultra-fast Flash Charge နဲ့ C-DRX Power-saving နည်းပညာ ပါပါတယ်။ Android 9.0 (Pie) အခြေပြု Funtouch OS 9.1 ကို သုံးနိုင်မှာဖြစ်ပြီး  Snapdragon 855 Plus 7nm  ပရိုဆက်ဆာနဲ့ပါ။
ကင်မရာနောက်ကျော – 64 MP + 13 MP + 13 MP | အရှေ့ဘက် : 16MP motorized pop-up

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Best 64MP Camera Phones That You Can Buy In 2020

2019 ခုႏွစ္အတြက္ အလယ္အလတ္တန္းစား စမတ္ဖုန္းေစ်းကြက္မွာ ႐ိုက္ခတ္ခဲ့တာကေတာ့ 48MP resolution နဲ႔အတူ quad-pixel sensors ေတြ ပါဝင္မႈပဲ ျဖစ္ပါတယ္။ လူတိုင္းဟာ ေစ်းအရမ္းမႀကီးပဲ၊ ေျပာရမယ္ဆိုရင္ ေစ်းႏႈန္းကုန္က်မႈ သိပ္မရွိပဲ quad-pixel sensors နဲ႔ ဖုန္းေတြကို ကိုင္ေဆာင္လာႏုိင္ၾကပါတယ္။ Samsung ရဲ႕ GM1 နဲ႔ GM2 ဆင္ဆာေတြထက္ေတာင္ Sony IMX586 ဟာ ေရြးခ်ယ္မႈ အမ်ားဆုံးအဆင့္ ျဖစ္ခဲ့ပါတယ္။ ဂ်ပန္ကုမၸဏီဆုိရင္ OEM ေတြအတြက္ ကင္မရာဆင္ဆာေတြ ထုတ္မေလာက္ေအာင္အထိ အဝယ္တက္ခဲ့တယ္လုိ႔ သိရပါတယ္။ mid-range ဖုန္းေတြအတြက္ ေရြးခ်ယ္စရာ ဆင္ဆာ 2 ခုထဲမွာ Sony ကို ေရြးခဲ့ၾကတာပါ။ 2020 ေရာက္တဲ့အခ်ိန္မွာေတာ့ ေစ်းကြက္အေနအထား ျပန္လည္ေျပာင္းလဲသြားခဲ့ပါၿပီ။ Sony အေနနဲ႔ Samsung ကို ေနရာဖယ္ေပးလိုက္ရတာပါ။ 48MP ဆင္ဆာမွာတုန္းကျဖစ္ခဲ့တဲ့ ေစ်းကြက္ပုံစံ လိုအပ္ခ်က္ေလးေတြကို ျပန္လည္ျပင္ဆင္ၿပီး 64MP ထပ္ထုတ္တယ္၊ အခုဆိုရင္ 108MP ဆင္ဆာေတာင္ ထုတ္ထားၿပီးပါၿပီ။
ဒီေတာ့ ဖုန္းေတြမွာ ဆင္ဆာက ဘယ္ေလာက္အထိ တိုးတက္ေနဦးမွာလဲ။ တိုးတက္လာသေလာက္ေရာ စမတ္ဖုန္းထုတ္လုပ္သူေတြက လိုက္တပ္ဆင္မွာလားဆိုတာ စဥ္းစားစရာပါ။ အခုထက္ထိေတာ့ 64MP က အေကာင္းဆိုတဲ့အဆင့္မွာ ရွိေနေသးပါတယ္။ 108MP ဆင္ဆာနဲ႔ ကင္မရာေတြ မ်ားမ်ားစားစား မထြက္ေသးတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ 2020 မွာ သင့္အေနနဲ႔ ကင္မရာေကာင္းတဲ့ အလယ္အလတ္တန္းစား စမတ္ဖုန္းဝယ္ဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ လုပ္ေဆာင္ခ်က္ေကာင္းေကာင္းနဲ႔ ဖုန္းေလးေတြ ေစ်းကြက္ထဲကို ေရာက္ေနၿပီ ျဖစ္ပါတယ္။ အဲ့ဒီဖုန္းေတြက ဘယ္လိုဖုန္းေတြမ်ား ျဖစ္မလဲ။

(1). Are 64MP Quad-Pixel Sensors Different Than 48MP Quad-Pixel Sensors ?

64MP နဲ႔ 48MP တို႔မွာ တူညီတဲ့အခ်က္အလက္ေတြ အမ်ားအျပား ရွိေနပါတယ္။ ISOCELL Bright GW1 ဟာ Samsung ကေန ထုတ္ထားတဲ့ 48MP image sensor လိုပဲ 0.8 μm အရြယ္ pixel ေတြ သုံးႏိုင္တဲ့ 64MP sensor ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ အလင္းဖမ္းတဲ့ေနရာမွာ ပိုၿပီး အလင္းဝင္မႈျမင့္တဲ့ အႀကီးစား sensor တစ္ခု ျဖစ္ပါတယ္။ 48MP sensor ကေတာ့ 12MP ပုံေတြကို default အေနနဲ႔ ထုတ္ေပးႏိုင္ပါတယ္။ Samsung ရဲ႕ 64MP sensor မွာ tetracell binding နည္းပညာကို သံုးထားပါတယ္။ ဒါေၾကာင့္ အလင္းေရာင္နည္းတဲ့အခ်ိန္မွာဆိုရင္ tetracell binding နည္းပညာက pixel ေလးခုကို တစ္ခုတည္းအျဖစ္ ျပန္ခ်ံဳ႕ေပးၿပီး ၾကည္လင္ျပတ္သားတဲ့ 16MP ပံုေတြကို ထုတ္ေပးမွာပါ။ တကယ္လို႔ အလင္းေရာင္ လံုလံုေလာက္ေလာက္ ရွိတယ္ဆိုရင္ေတာ့ 64MP အျပည့္ရွိတဲ့ပံု ရမွာျဖစ္ပါတယ္။ Autofocus ပိုေကာင္းလာဖို႔နဲ႔ 480 fps full HD recording အတြက္ high-performance phase detection လည္း ပါဝင္လာပါတယ္။ Real-time HDR ကိုလည္း support လုပ္မွာပါ။  48 MP sensor မွာ သုံးထားတဲ့ 0.8μm pixel size ကိုပဲ 64 MP sensor မွာ ျပန္သုံးထားတဲ့အတြက္ overall sensor size ကို 33% အထိ ပိုႀကီးသြားေစၿပီး 1/1.7” sensor ေလာက္ ျဖစ္သြားေစပါတယ္။

(2). Poco X2

Xiaomi အေနနဲ႔ POCO ကို သီးသန္႔အမွတ္တံဆိပ္တစ္ခုအေနနဲ႔ ခြဲထုတ္လုိက္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖုန္းကေတာ့ ဘာမွ သိပ္ေျပာင္းလဲျခင္း မရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ Poco X2 ဆိုတာ နာမည္အရသာ အသစ္ျဖစ္ေနၿပီး Redmi K30 4G ကို သင့္အေနနဲ႔ ျပန္လည္ျမင္ေတြ႕ရမွာေၾကာင့္ပါ။ သူ႔မွာ Sony ရဲ႕ 64MP sensor (IMX686) ကို သုံးထားတာကေတာ့ အားရစရာပါ။ အဓိကကင္မရာကိုမွ wide-angle ၊ macro ကင္မရာ depth sensor တို႔နဲ႔ ပူးေပါင္းထားလို႔ပါ။ ၿပီးေတာ့ အေရွ႕ဘက္မွာလည္း ကင္မရာ 2 လုံးကို တပ္ဆင္ေပးထားပါတယ္။ ၿပီးေတာ့ ဂိမ္းအေျချပဳဖုန္းလို႔ သတ္မွတ္ႏိုင္ၿပီး Hardware ပိုင္းဆိုင္ရာ ေထာက္ပံ့မႈ အေတာ္ေကာင္းတာကို ေတြ႕ရမွာပါ။ 6.67 လက္မ Full HD+ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး 120Hz Refresh Rate ပါတဲ့အတြက္ ဂိမ္းကစားရတာ ေကာင္းမယ္လို႔ သတ္မွတ္ႏုိင္ေပမယ့္ သုံးထားတာက  Reality Flow LCD ပါ။ အျခား highlights လုပ္စရာေတြကေတာ့ 27W fast charging နဲ႔ 4500mAh battery ၊  UFS 2.1 storage ၊  Splash resistant (P2i coating) ေတြကို သုံးေပးထားပါတယ္။ ပ႐ိုဆက္ဆာကေတာ့ Snapdragon 730G ပါ။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 20MP + 2MP

(3). Realme X2 Pro

Realme ရဲ႕ ပထမဆံုးစြမ္းရည္ျမင့္ ေစ်းအသက္သာဆုံးစမတ္ဖုန္းလို႔ေတာင္ သတ္မွတ္ႏိုင္မွာပါ။ အရြယ္ေသး Notch ပါၿပီး  90Hz Refresh Rate နဲ႔ 135Hz Touch Sampling ပါတဲ့အတြက္ ဖုန္းကို ထိေတြ႕သံုးရင္ အရမ္းကို ျမန္ပါတယ္။ ေနာက္ေက်ာဘက္မွာ 64MP အဓိကကင္မရာနဲ႔အတူ 13MP Telephoto lens ၊ 8MP 115° 1/3.13″ ultra-wide angle lens နဲ႔ 2MP depth sensor တို႔ကို ထည့္ေပးထားပါတယ္။ ကင္မရာရဲ႕ စြမ္းေဆာင္ခ်က္အေနနဲ႔ 20x hybrid zoom အထိ ရရွိမွာပါ။ အေရွ႕ဘက္မွာေတာ့ 16MP ကင္မရာ ထည့္ေပးထားၿပီး Sony IMX471 sensor ျဖစ္ပါတယ္။ In-display finger- print sensor နဲ႔ သုံးႏိုင္မွာပါ။ မ်က္ႏွာျပင္ 6.5-inch (2400 x 1080 pixels) ျဖစ္ၿပီး Octa-Core Snapdragon 855 Plus  ကို သုံးထားတဲ့ အဆင့္ျမင့္ဖုန္းပါ။ ဘက္ထရီကေတာ့ 4000 mAh  ထည့္ေပးထားၿပီး 50WSuperVOOC fast charging နဲ႔ပါ။ curved glass display မွာ 90Hz refresh rate ျဖစ္ၿပီး HDR10+, 100% DCI -P3 color gamut ေထာက္ပ့ံပါတယ္။
ကင္မရာေနာက္ေက်ာ – 64MP + 13MP + 8MP + 2MP | အေရွ႕ဘက္ : 16MP

(4). Realme X2

Realme X2 ဖုန္းကေတာ့ Realme စမတ္ဖုန္းေတြထဲမွာ 8nm Snapdragon 730G အသံုးျပဳထားတဲ့ ပထမဆံုးစမတ္ဖုန္း ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာေလးလံုးနဲ႔ ျဖစ္ပါတယ္။ အဓိကကင္မရာက 64MP f/1.8 Samsung GW1 Sensor ျဖစ္ပါတယ္။ က်န္တဲ့ကင္မရာေတြကေတာ့ 119 ဒီဂရီ ျမင္ကြင္းက်ယ္႐ုိက္ကူးႏုိင္တဲ့ 8MP f/2.25 ၊ 2MP Macro နဲ႔ 2MP Depth Sensor တို႔ ျဖစ္ပါတယ္။ Realme XT နဲ႔ အနည္းငယ္ကြဲျပားတဲ့ဖုန္းလို႔ သတ္မွတ္ႏုိင္ၿပီး အခ်က္အလက္အမ်ားစုကေတာ့ တူညီၾကပါတယ္။ ဒီဖုန္းမွာ 6.4-inch Super AMOLED FHD+ V သ႑ာန္ မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး ColorOS based  Android 9.0 ကို သုံးထားပါတယ္။ အထူးေဖာ္ျပခ်က္အေနနဲ႔ကေတာ့ 30W VOOC 3.0 charging ေထာက္ပံ့တာပါ။ In Display Fingerprint Sensor အလုပ္လုပ္ပါတယ္။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 32MP

(5). Xiaomi Redmi Note 8 Pro

Redmi Note 8 Pro ဖုန္းမွာေတာ့ ပါဝါစြမ္းအားအတြက္ Helio G90T chipset ကို သုံးထားပါတယ္။ ၿပီးေတာ့ Xiaomi ဖုန္းေတြထဲမွာ ပထမဆုံး 64MP သုံးထားတဲ့ ဖုန္းဆိုရင္ ပိုမွန္ပါလိမ့္မယ္။ ဒီဖုန္းရဲ႕ ကင္မရာပိုင္းေတြအေနနဲ႔ quad-rear camera setup နဲ႔ ျဖစ္ပါတယ္။ အဓိကကင္မရာကေတာ့ 64MP ကို သုံးထားပါတယ္။ ဒုတိယကင္မရာငယ္ကေတာ့ 8MP ၊ ေနာက္ထပ္ကင္မရာ 2 လုံးကေတာ့ 2MP ျဖစ္ၿပီး macro shots နဲ႔ depth-effect ေတြ ႐ိုက္ကူးႏုိင္ေစဖို႔အတြက္ပါ။ ဖုန္းရဲ႕အေရွ႕ဘက္မွာေတာ့  20MP ကင္မရာကို ထည့္ေပးထားပါတယ္။ မ်က္ႏွာျပင္ဟာ  6.53-inch LCD screen ျဖစ္ပါတယ္။  Helio G90T chipset  ဟာ ဂိမ္းမင္းပိုင္းကို အားစိုက္ထားတဲ့ chipset ျဖစ္ပါတယ္။ RAM နဲ႔ storage  ေရြးခ်ယ္မႈပိုင္းအတြက္ကေတာ့  6GB + 64GB, 6GB + 128GB နဲ႔ 8GB + 128GB တို႔ ျဖစ္ပါတယ္။ gaming အေတြ႕အႀကဳံအတြက္ HyperEngine tech ကို ထည့္ေပးထားလို႔ပါ။ Android 9 Pie အေျချပဳ MIUI 10  ကို သုံးႏုိင္မွာ ျဖစ္ပါတယ္။ 4,500 mAh battery  အတြက္  18W fast charging support လုပ္ပါတယ္။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 20MP

(6). Redmi K30

Xiaomi ရဲ႕ Redmi K30 နဲ႔ Redmi K30 5G ဖုန္းေတြဟာ Sony က ထုတ္ထားတဲ့ IMX686 sensor ကို ဦးေဆာင္အသုံးျပဳခဲ့တဲ့ဖုန္းလုိ႔ သတ္မွတ္ရမွာပါ။ ကင္မရာ 4 လုံးနဲ႔ပဲျဖစ္ၿပီး ျငင္းရက္စရာမရွိတဲ့ 64MP sensor ကို သုံးထားပါတယ္။ အဲ့ဒါကိုမွ ေနာက္ထပ္ေပါင္းစပ္ထားတဲ့ ကင္မရာေတြက 8MP wide-angle ၊ 2MP macro နဲ႔ 2MP depth sensor တို႔ပဲ ျဖစ္ပါတယ္။ 4G အမ်ိဳးအစားဖုန္းအတြက္က Snapdragon 730G ကို သုံးထားၿပီး 5G အတြက္က 5G အသင့္သုံး  chipset လု႔ိ ဆိုရမယ့္ Snapdragon 765G ကို သုံးေပးထားပါတယ္။ မ်က္ႏွာျပင္ 6.67-inch FHD+ မွာ Android 10 based MIUI 11 ကို သုံးႏုိင္ပါလိမ့္မယ္။ ဘက္ထရီပိုင္းအတြက္ကေတာ့ 4500 mAh ျဖစ္ၿပီး 4G ဖုန္းမွာ 27Wfast charging ေထာက္ပ့ံၿပီး 5G ဖုန္းမွာ 30W fast charging ေထာက္ပံ့ပါတယ္။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 20MP

(7). Realme XT

ဒီဖုန္းရဲ႕ ေနာက္ဘက္မွာလည္း ကင္မရာ 4 လုံးနဲ႔ ျဖစ္ပါတယ္။ Realme XT ရဲ႕ ပါဝါစြမ္းအားပိုင္းအတြက္  10 nm Snapdragon 712 chipset ကို သုံးထားၿပီး 4GB, 6GB (သို႔) 8GB  RAM သံုးထားပါတယ္။ အခ်က္အလက္သုိေလွာင္မႈအပိုင္းမွာေတာ့  64GB (သို႔) 128GB ျဖစ္ၿပီး UFS 2.1 storage နဲ႔ပါ။ Realme XT ဖုန္းမွာလည္း Realme X လိုမ်ိဳး  4000 mAh ဘက္ထရီစြမ္းအားကို သံုးထားၿပီး 20W VOOC adapter ထည့္သြင္းေပးထားကာ အားအျပည့္သြင္းႏုိင္ဖုိ႔ ၾကာတဲ့အခ်ိန္ဟာ မိနစ္ 80 ျဖစ္မယ္လို႔ သိရပါတယ္။ VOOC 3.0 fast charging နဲ႔ပါ။ မ်က္ႏွာျပင္  6.4-inch (2340 × 1080 pixels) နဲ႔ျဖစ္ၿပီး HD+ Super AMOLED display  မွာ Corning Gorilla Glass 5 ကာကြယ္ေပးထားပါတယ္။ Android 9.0 (Pie) အေျချပဳ ColorOS 6.0 ကို သုံးႏုိင္မွာပါ။ အေနာက္ဘက္မွာ 64MP အဓိကကင္မရာနဲ႔အတူ 8MP 119-degree Ultrawide, 2MP Depth နဲ႔ 2MP Macro  ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့  16MP  ျဖစ္ပါတယ္။ ကင္မရာေတြမွာ AI Scene Recognition ေတြ ထည့္သြင္ေပးထားၿပီး 3D curved glass  panel နဲ႔ Hyperbola Light Streak effect ကို ေနာက္ေက်ာဘက္မွာ ေတြ႕ရမွာပါ။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 16MP

(8). Samsung A70s

ဒီဖုန္းဟာ Galaxy A70 ရဲ႕ မ်ိဳးဆက္သစ္ျဖစ္ၿပီး အခ်က္အလက္အေတာ္မ်ားမ်ားလည္း Galaxy A70 နဲ႔ ဆင္တူပါတယ္။ GW1 sensor အဆင့္ျမင့္တင္မႈေလာက္ပဲ ကြာဟတယ္လို႔ တတ္မွတ္ႏုိင္မွာပါ။ အၾကမ္းမ်ဥ္းအားျဖင့္ ဘယ္လိုအခ်က္အလက္ေတြလဲဆိုရင္ 6.7 လက္မ Full HD+ Infinity-U Super AMOLED Display ၊ Octa-core Snapdragon 675 SoC နဲ႔အတူ  Android 9.0 (Pie) အေျချပဳ OneUI ဆိုတဲ့ ေနရာေတြမွာပါ။ A70s ရဲ႕ ကင္မရာပိုင္းေတြအေနနဲ႔ 64MP  f/1.8 aperture နဲ႔ 5MP depth sensor တို႔ပါဝင္ၿပီး တတိယကင္မရာကေတာ့ 8MP 123° ultra-wide angle ကင္မရာပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။ 4500 mAh ဘက္ထရီနဲ႔အတူ 5W super fast charging ေထာက္ပံ့မွာ ျဖစ္ပါတယ္။ In-display Fingerprint sensor နဲ႔ အလုပ္လုပ္မွာပါ။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 5MP | အေရွ႕ဘက္ : 32MP

(9). OPPO Reno3

ပ႐ိုအမ်ိဳးအစား စမတ္ဖုန္းနဲ႔မတူပဲ ပုံမွန္ Reno3 ဖုန္းမွာေတာ့ features ပိုင္းအေနနဲ႔ 64MP quad-camera module သုံးထားပါတယ္။ MediaTek ရဲ႕ ေနာက္ဆုံးေပၚ MT6885Z Dimensity 1000L (7nm) ကို သုံးထားပါတယ္။ 2020 မွာ လူႀကိဳက္မ်ားတဲ့ ဖုန္းျဖစ္ေစဖုိ႔အတြက္ 30W fast charging သုံးထားၿပီး ဘက္ထရီကေတာ့ 4025 mAh ပါ။ အားတစ္ဝက္ေလာက္ကို မိနစ္ 20 တည္း ျပန္သြင္းႏုိင္တယ္လို႔ ဆိုၾကပါတယ္။ မ်က္ႏွာျပင္ 6.4-inch AMOLED FHD+ ျဖစ္ၿပီး Android 10 based Color OS 7 ကို သုံးႏိုင္မွာပါ။ အရမ္းႀကီး ထူးျခားေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 32MP

(10). OPPO K5

ဒီဖုန္းမွာ မ်က္ႏွာျပင္  6.4-inch (2340 × 1080 pixels)  ျဖစ္ၿပီး ခပ္ေသးေသး Notch နဲ႔ ျဖစ္ပါတယ္။ ဖုန္းရဲ႕အခ်က္အလက္ပိုင္းအေနနဲ႔ Snapdragon 730G  ပ႐ိုဆက္ဆာကို သုံးထားၿပီး Adreno 618 GPU တြဲဘက္ပါတယ္။ OS ပိုင္းမွာ  Android 9.0 (Pie) အေျချပဳ ColorOS 6.1 နဲ႔ သုံးႏုိင္မွာပါ။ 64MP အဓိကဆင္ဆာအတြက္ Samsung GW1 ကို သုံးထားပါတယ္။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ႔ 2MP မိုက္ခ႐ိုတို႔ ျဖစ္ပါတယ္။ အေရွ႕ဘက္ notch ထဲမွာ 32MP f/2.0 aperture နဲ႔ သံုးႏိုင္မွာပါ။ ဘက္ထရီကေတာ့ 4000 mAh ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာကိရိယာ ျမႇဳပ္ႏွံထားပါတယ္။ 4000 mAh ဘက္ထရီနဲ႔အတူ မိနစ္ 30 အတြင္းမွာ 67 ရာခုိင္ႏႈန္း အားသြင္းေပးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ္။ အေရွ႕ဘက္မွာေတာ့ 32MP f/2.0 aperture ကင္မရာကို သံုးထားပါတယ္။ ေနာက္ေက်ာဘက္မွာ ကင္မရာ 4 လုံး တပ္ဆင္ထားတဲ့ အလယ္အလတ္အဆင့္ စမတ္ဖုန္းလို႔ ဆိုရမွာပါ။
ကင္မရာေနာက္ေက်ာ – 64MP + 8MP + 2MP + 2MP | အေရွ႕ဘက္ : 32MP

(11). Vivo Nex 3 5G

Vivo NEX 3 5G ဟာ Waterfall Screen ပါတဲ့ ပထမဆံုးဖုန္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္က ဘယ္နဲ႔ညာဘက္ရဲ႕ ေဘးဘက္အထိ ဖံုးအုပ္ထားပါတယ္။  Physical Buttons ေတြ မပါေတာ့ဘဲ Touch Sense လို႔ နာမည္ေပးထားတဲ့ ထိေတြ႕သံုးရတဲ့ Virtual Buttons ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္ကင္မရာပိုင္းအတြက္ 0.65 စကၠန္႔အတြင္းမွာ အထုတ္၊ အသြင္းလုပ္ေပးတဲ့ Pop-up Camera ပါပါတယ္။ ေနာက္ေက်ာဘက္ကင္မရာေတြအေနနဲ႔  64MP ကေတာ့ အဓိကပါ။ ၿပီးေတာ့ 13MP 120-degree ultra-wide lens, 13MP telephoto lens တို႔ကို သုံးထားပါတယ္။ အေနာက္ကင္မရာေတြက 2x Optical Zoom နဲ႔ 20x Digital Zoom ေတြကို ေထာက္ပံ့ပါတယ္။ Super Night View က ဓါတ္ပံု 12 ပံုကေန 16 ပံုအထိ တစ္ၿပိဳင္နက္႐ိုက္ကူးေပးၿပီး Noise ကို ေလွ်ာ့ခ်ေပးပါတယ္။ 4,500 mAh ျဖစ္ၿပီး 22.5W fast charging support လုပ္ပါတယ္။ ဒါ့အျပင္ 44W Ultra-fast Flash Charge နဲ႔ C-DRX Power-saving နည္းပညာ ပါပါတယ္။ Android 9.0 (Pie) အေျချပဳ Funtouch OS 9.1 ကို သုံးႏုိင္မွာျဖစ္ၿပီး  Snapdragon 855 Plus 7nm  ပ႐ိုဆက္ဆာနဲ႔ပါ။
ကင္မရာေနာက္ေက်ာ – 64 MP + 13 MP + 13 MP | အေရွ႕ဘက္ : 16MP motorized pop-up

NetGuide Journal (Every Wednesday)