Beach Buggy ကားမောင်းပြိုင်ပွဲပါဝင်ပြီး ကမ္ဘာတစ်ဝန်းက ပြိုင်ကားမောင်းသူတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်မယ့်ဂိမ်း ဖြစ်ပါတယ်။ အီဂျစ်ပိရမစ်တွေ၊ နဂါးတွေ သောင်းကျန်းတ ရဲတိုက်တွေ၊ ပင်လယ်ဓားပြသင်္ဘောပျက်တွေနဲ့ ဇီဝဓာတ်ခွဲခန်းတွေနဲ့ ဖန်တီးထားတဲ့ ဂိမ်းမြေပုံတွေအတွင်း ကားမောင်းပြိုင်ရမှာ ဖြစ်ပါတယ်။ 3D off-road ပြိုင်ကားဂိမ်းဖြစ်ပြီး အံ့သြစရာကောင်းတဲ့ ဂိမ်းဒီဇိုင်း၊ အသေးစိတ်ဖန်တီးထားတဲ့ ပြိုင်ကားတွေနဲ့ ဇာတ်ကောင်ဒီဇိုင်းတွေ၊ လက်နက်ဆန်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ တကယ့် console game တစ်ခုကို ကစားရသလို အတွေ့အကြုံမျိုးရရှိအောင် အထူးဖန်တီးထားတဲ့ဂိမ်း ဖြစ်ပါတယ်။ ကမ်းခြေစီးဘာဂီတွေ၊ monster ထရပ်ကားကြီးတွေ၊ muscle car တွေနဲ့ classic pickup ကားတွေ၊ formula supercar တွေထဲကနေ စိတ်ကြိုက်ရွေးချယ်ပြီးတော့ ပြိုင်ဘက်တွေထက် အသာစီးရအောင် ကျွမ်းကျင်စွာမောင်းနှင်ဖို့ လိုပါတယ်။ နိုင်ပွဲတွေရပြီး အဆင့်တွေတက်လာတာနဲ့အမျှ နောက်ထပ်ကားသစ်တွေကိုလည်း unlock လုပ်နိုင်မှာပါ။ နေ့စဉ်ပြိုင်ပွဲတွေမှာ player avatar တွေနဲ့ ယှဉ်ပြိုင်ကစားနိုင်သလို live ပြိုင်ပွဲတွေ၊ အထူးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီးတော့ ဆုတွေ ဆွတ်ခူးနိုင်ပါတယ်။ သင့်ရဲ့ပြိုင်ကားဒီဇိုင်းကိုလည်း အမျိုးမျိုး ပြောင်းလဲပစ်နိုင်ပါတယ်။ Android 4.4 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Beach Buggy Racing 2

Beach Buggy ကားေမာင္းၿပိဳင္ပြဲပါဝင္ၿပီး ကမာၻတစ္ဝန္းက ၿပိဳင္ကားေမာင္းသူေတြနဲ႔ ယွဥ္ၿပိဳင္ကစားႏိုင္မယ့္ဂိမ္း ျဖစ္ပါတယ္။ အီဂ်စ္ပိရမစ္ေတြ၊ နဂါးေတြ ေသာင္းက်န္းတ ရဲတိုက္ေတြ၊ ပင္လယ္ဓားျပသေဘၤာပ်က္ေတြနဲ႔ ဇီဝဓာတ္ခြဲခန္းေတြနဲ႔ ဖန္တီးထားတဲ့ ဂိမ္းေျမပံုေတြအတြင္း ကားေမာင္းၿပိဳင္ရမွာ ျဖစ္ပါတယ္။ 3D off-road ၿပိဳင္ကားဂိမ္းျဖစ္ၿပီး အံ့ၾသစရာေကာင္းတဲ့ ဂိမ္းဒီဇိုင္း၊ အေသးစိတ္ဖန္တီးထားတဲ့ ၿပိဳင္ကားေတြနဲ႔ ဇာတ္ေကာင္ဒီဇိုင္းေတြ၊ လက္နက္ဆန္းေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ တကယ့္ console game တစ္ခုကို ကစားရသလုိ အေတြ႕အႀကံဳမ်ိဳးရရွိေအာင္ အထူးဖန္တီးထားတဲ့ဂိမ္း ျဖစ္ပါတယ္။ ကမ္းေျခစီးဘာဂီေတြ၊ monster ထရပ္ကားႀကီးေတြ၊ muscle car ေတြနဲ႔ classic pickup ကားေတြ၊ formula supercar ေတြထဲကေန စိတ္ႀကိဳက္ေရြးခ်ယ္ၿပီးေတာ့ ၿပိဳင္ဘက္ေတြထက္ အသာစီးရေအာင္ ကြၽမ္းက်င္စြာေမာင္းႏွင္ဖုိ႔ လိုပါတယ္။ ႏိုင္ပြဲေတြရၿပီး အဆင့္ေတြတက္လာတာနဲ႔အမွ် ေနာက္ထပ္ကားသစ္ေတြကိုလည္း unlock လုပ္ႏိုင္မွာပါ။ ေန႔စဥ္ၿပိဳင္ပြဲေတြမွာ player avatar ေတြနဲ႔ ယွဥ္ၿပိဳင္ကစားႏိုင္သလုိ live ၿပိဳင္ပြဲေတြ၊ အထူးၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ၿပီးေတာ့ ဆုေတြ ဆြတ္ခူးႏိုင္ပါတယ္။ သင့္ရဲ႕ၿပိဳင္ကားဒီဇိုင္းကိုလည္း အမ်ိဳးမ်ိဳး ေျပာင္းလဲပစ္ႏိုင္ပါတယ္။ Android 4.4 နဲ႔အထက္မွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)