မေး – မင်္ဂလာပါအစ်ကိုရေ။ တစ်ခါတစ်လေမှာ ဖုန်းတွေက သုံးနေရင်းနဲ့ ဘာမှနှိပ်လို့ မရတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာပြီဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖြေကြားပေးပါဦးခင်ဗျာ။
ဖြေ – ဖုန်းကို Hard Reset ချလိုက်ပါ။ Hard Reset ဆိုတာက Battery အသေဖုန်းတွေ ဟန်းတဲ့အခါ ရှိသမျှခလုတ်တွေ အကုန်ဖိနှိပ်ထားပြီး Restart ချလိုက်တာပါ။ ခလုတ်အကုန် ဖိထားလိုက်ပါ။ Restart ကျပြီး ပြန်ကောင်းသွားပါလိမ့်မယ်။ ခဏခဏဖြစ်နေရင်တော့ Software ပြန်ရေးသင့်ပါတယ်။
မေး – Software Update နဲ့ System Update က ဘယ်လိုကွာခြားပါသလဲ အစ်ကိုရေ။ ဖြေကြားပေးပါဦးခင်ဗျာ။
ဖြေ – ဖုန်းထဲမှာရှိတဲ့ Application အားလုံးဟာ Software ဖြစ်ပါတယ်။ ဖုန်းတစ်လုံးလည်ပတ်နေတဲ့စနစ်ကိုလည်း Software လို့ ခေါ်ကြပါတယ်။ Software Update ဆိုတာက ဖုန်းရဲ့ System Software ကို Version Update လုပ်တာလည်း ဖြစ်နိုင်သလို Application တစ်ခု ဥပမာ Mobile Legend, PUBG ကို Update လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ System Update ဆိုတာက ဖုန်းရဲ့ လည်ပတ်နေတဲ့ System Software (Operating System) အား မြင့်တင်ခြင်းကိုသာ ဆိုလိုပါတယ်။
မေး – ဖုန်းနဲ့ TV ကို ချိတ်ဆက်အသုံးပြုလို့ရတဲ့ Software တွေ ရှိပါသလားခင်ဗျာ။ ချိတ်ဆက်အသုံးပြုလို့ ရ ၊ မရကိုလည်း ဖြေကြားပေးစေလိုပါတယ်။
ဖြေ – Smartview ပါတဲ့ TV တွေမှာ ချိတ်ဆက်အသုံးပြုလို့ ရပါတယ်။ အလွယ်ပြောရရင် အခုနောက်ပိုင်း TV တွေမှာ WiFi နဲ့ Network System တွေ ပါလာပါတယ်။ အဲ့အခါကျ Screenmirror Software တွေကို အသုံးပြုပြီး TV နဲ့ ဖုန်းကို ချိတ်ဆက်အသုံးပြုကြပါတယ်။
မေး – မင်္ဂလာပါအစ်ကို။ ကျွန်တော်က အိပ်ခါနီးမှာ အားသွင်းလိုက်ပြီဆိုရင် မနက်အိပ်ရာနိုးမှပဲ အားသွင်းကြိုးကို ဖြုတ်ပါတယ်။ အဲ့ဒီလိုမျိုး မကြာခဏ ပြုလုပ်ခြင်းကြောင့် ဆိုးကျိုးအနေနဲ့ ဘာတွေ ဖြစ်နိုင်ပါသလဲခင်ဗျာ။
ဖြေ – Original အားသွင်းကြိုးနဲ့ တစ်ညလုံးအားသွင်းထားတာမျိုးက ဖုန်းကို ထိခိုက်စရာ မရှိပါဘူး။ 100% ပြည့်တဲ့အခါ Unplugged Mode ဖြစ်သွားတာကြောင့်ပါ။ သူ့ Original ကြိုးမဟုတ်ရင်တော့ တစ်ညလုံး အားသွင်းထားမိရင် စက်ပြားနဲ့ ဘက်ထရီပိုင်းကို ထိခိုက်လာနိုင်ပါတယ် အစ်ကိုရေ။
မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားဝင်တာ အတော်လေးကို နှေးနေလို့ပါ။ 1 ရာခိုင်နှုန်းတက်ဖို့ကို တော်တော်ကြာပါတယ်။ အဲ့ဒါ ကြိုးအသစ်ဝယ်တော့လည်း သိပ်မထူးလို့ပါ။ ဘာကြောင့်ပါလဲခင်ဗျာ။ တစ်ခါတစ်လေမှာ အခြားသူရဲ့ကြိုးနဲ့ အားသွင်းရင်တော့ အားဝင်ပါတယ် အစ်ကိုရေ။
ဖြေ – သုံးနေတဲ့ကြိုးက Original ကြိုးမဟုတ်ပဲ Amphere နိမ့်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကြိုးလဲပြီးတော့ အားသွင်းခေါင်းကို မလဲရင်လည်း မထူးခြားပါဘူး။ အားသွင်းကြိုးရော အားသွင်းခေါင်းကိုပါ စုံလိုက်လဲကြည့်လိုက်ပါခင်ဗျာ။
မေး – ကျွန်တော့်ရဲ့ Honor ဖုန်းလေး ပြုတ်ကျပြီး ဘာမှမပေါ်တော့လို့ပါ အစ်ကိုရေ။ ဖုန်းလာတာတို့ဆိုရင်တော့ အသံမြည်ပါတယ်။ ဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – LCD ထိသွားတာပါညီရေ။ Service ကောင်းတဲ့ဆိုင်တွေမှာ LCD လဲလို့ ရပါတယ်ခင်ဗျာ။ အမျိုးအစားပေါ်မူတည်ပြီးတော့ စျေးနှုန်းလည်း များနိုင်ပါတယ်။
မေး – ကျွန်တော် အခုလက်ရှိသုံးနေတဲ့ဖုန်းက Samsung Note 2 ပါ။ OTG Stick ချိတ်တာ မရတော့လို့ပါ အစ်ကိုရေ။ အဲ့ဒီအရင်ကတော့ ရပါတယ်။ ဘာဖြစ်တာပါလဲခင်ဗျာ။
ဖြေ – အားသွင်းခေါင်းမှာရှိတဲ့ Data လျှပ်စီးလမ်းကြောင်း ပျက်တာကြောင့်လည်း ဖြစ်နိုင်သလို OTG မကောင်းတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ OTG အသစ်နဲ့ စမ်းကြည့်ပါ။ မရရင်တော့ အားသွင်းခေါင်း လဲရပါမယ်။
မေး – အစ်ကိုရေ iPhone 6 Plus ပါ။ သုံးနေရင်းနဲ့ ဟန်းသွားလို့ပါခင်ဗျာ။ ဘာမှနှိပ်မရတော့လို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို အကြံဉာဏ်လေးပေးပါဦးခင်ဗျာ။
ဖြေ – iOS Version အရမ်းမြင့်ပြီး မနိုင်တဲ့အခါဖြစ်ဖြစ် Version နိမ့်လွန်းတာဖြစ်ဖြစ် သုံးနေရင်းနဲ့ ဟန်းတတ်ပါတယ်။ iPhone ရဲ့ ခလုတ်ကို အကုန်ဖိထားလိုက်ပါ။ Restart ကျပြီးတော့ ပြန်ကောင်းသွားပါလိမ့်မယ်ခင်ဗျာ။
မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက OPPO ဖုန်း အမျိုးအစားလေးပါ။ Unicode ပြောင်းချင်လို့ပါ။ ဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – OPPO အချို့အလုံးတွေမှာ နဂိုမြန်မာစာ ပါပြီးသားပါ။ Setting ထဲက Language & Input မှာ Unicode မြန်မာစာပြောင်းပြီးတော့ အလွယ်တကူ သုံးလို့ရပါတယ်။ မရရင်တော့ OPPO Unicode Apk ကို Google Play Store (သို့မဟုတ်) Apkpure ကနေ ဒေါင်းပြီးတော့ App ထဲကိုဝင် Font မှာ Pyidaungsu ပြောင်းပြီးတော့ အသုံးပြုလို့ ရပါတယ်ခင်ဗျာ။
ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ