Websites စာမျက်နှာများ
http://www.myanmar.practicalmoneyskills.com/
www.myanmar.practicalmoneyskills.com ဟာ အားလုံးအတွက် ငွေကြေးဆိုင်ရာ ဗဟုသုတတွေ လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ငွေစာရင်းရေးဆွဲခြင်း၊ စုဆောင်းခြင်း၊ အကြွေးဝယ်ယူခြင်း၊ ကြွေးမြီ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အယောင်ဆောင်လိမ်လည်ခိုးယူခြင်း၊ ဘဝတစ်လျှောက် ကြုံတွေ့ရနိုင်တဲ့ ဖြစ်ရပ်များ စတဲ့ အကြောင်းအရာတွေအပြင် အခမဲ့ အထောက်အကူပြု အကြောင်းအရာတွေ၊ ငွေကြေးဆိုင်ရာ တွက်ချက်မှုတွေ၊ ဗီဒီယိုတွေကို မျှဝေပေးထားပါတယ်။
https://www.ictdirectory.com.mm/
www.ictdirectory.com.mm ဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍကို မျက်ခြေမပြတ်စေဖို့ ဝင်ရောက်ကြည့်ရှုသင့်တဲ့ မြန်မာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ လမ်းညွှန်ဝက်ဘ်ဆိုက်ဖြစ်ပြီး သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာသတင်းတွေ အစုံလင်ဆုံးနေရာ ဖြစ်ပါတယ်။ ဖတ်ရှုသူတိုင်းအတွက် အကျိုးရှိစေတဲ့ နည်းပညာဆိုင်ရာ အထွေထွေ ဗဟုသုတတွေကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
https://www.textiledirectory.com.mm/
www.textiledirectory.com.mm ဟာ မြန်မာ့ချည်ထည်လုပ်ငန်း လမ်းညွှန်ဝက်ဘ်ဆိုက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ချည်ထည်လုပ်ငန်း သတင်းအချက်အလက်တွေ အစုံလင်ဆုံး စုစည်းရာနေရာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းနဲ့ ချည်ထည်နဲ့ အထည်ချုပ်လုပ်ငန်း လိပ်စာတွေ အပြည့်အစုံ ရှာဖွေနိုင်ပြီး ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးထားပါတယ်။
Facebook စာမျက်နှာများ
https://www.facebook.com/doesoh.busguide/
ဒိုးစို့ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ရန်ကုန်မှာ သင်သွားလိုတဲ့ နေရာတွေအတွက် ဘယ်ဘတ်စ်ကားစီးရမလဲဆိုတာကို ရှာပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်း ဘတ်စ်ကားဖြစ်စေ၊ taxi နဲ့ဖြစ်စေ အဆင်ပြေချောမွေ့သက်သာစွာ သွားလာနိုင်ဖို့အတွက် ကူညီပေးနေတာ ဖြစ်ပါတယ်။ မိမိစီးချင်တဲ့ ဘတ်စ်ကားနံပါတ်ကို ရေးပေးလိုက်မယ်ဆိုရင် ကျသင့်ငွေ၊ မှတ်တိုင်တွေနဲ့ မြေပုံတို့ကို အလိုအလျောက် ချက်ချင်းဖြေကြားပေးပါလို့ အဆင်ပြေတဲ့ ဖေ့ဘုတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။
https://www.facebook.com/amazingthailandinmyanmar/
Tourism Authority of Thailand – Myanmar ဟာ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေအတွက် သွားရောက်လည်ပတ်တဲ့အချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့နေစေဖို့အတွက် သိထားသင့်တာတွေကို သိထားရအောင် ကြိုတင်လေ့လာလို့ကောင်းတဲ့ page ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့်သူတွေအတွက် ဘုရားဖူးဖို့၊ စျေးဝယ်ထွက်ဖို့၊ စားဖို့၊ လည်ဖို့တွေအတွက် အသုံးဝင်တဲ့ အချက်အလက်တွေ၊ အကြံဉာဏ်တွေ ဖော်ပြပေးနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
https://www.facebook.com/Alvin-The-Nay-Kyar-112849580268454/
Alvin – The Nay Kyar ဟာ စက်မှုပညာ၊ သိပ္ပံနဲ့ နည်းပညာအကြောင်းအရာတွေကို သီးသန့်မျှဝေပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက Engineering ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေ၊ နည်းပညာကို စိတ်ဝင်စားသူတွေအတွက် အပြန်အလှန်ဆွေးနွေးနိုင်မယ့် engineering အသိုက်အဝန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဗဟုသုတရဖွယ်ရာတွေကို ဆွေးနွေးတင်ပြနေတဲ့ နေရာတစ်ခုဖြစ်ပြီး အလွန်တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို အခမဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Websites & Facebook စာမျက်နှာများ