ပြီးခဲ့တဲ့ 2019 စက်တင်ဘာလက Xiaomi ရဲ့ နောက်ဆုံးမော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ Xiaomi Redmi Note 8 နဲ့ သူ့ထက်ပိုမိုအဆင့်မြင့်တဲ့ Pro version အနေနဲ့ Xiaomi Redmi Note 8 Pro ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ၎င်းဖုန်းတွေကို အခုဆိုရင် မြန်မာနိုင်ငံမိုဘိုင်းဖုန်းစျေးကွက်ထဲမှာ ဝယ်ယူသုံးစွဲနိုင်ပါပြီ။ Pro version ဖြစ်တဲ့အတွက် ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ Features တွေက အဆင့်မြင့်မားမှုရှိပြီး စျေးနှုန်းအရတော့ သုံးစွဲရတာ ထိုက်တန်မှု ရှိပါတယ်။ ဒါ့အပြင် ဒီဇိုင်းပုံစံက နောက်ဆုံးပေါ် Full View Display Circular Notch ဒီဇိုင်းဖြစ်ပြီး နောက်ကျောကလည်း ပြောင်လက်တောက်ပနေတာကြောင့် နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။ ၎င်းဟာ မျက်နှာပြင်ကျယ်ကျယ်၊ ဘက်ထရီစွမ်းအားကောင်းကောင်းနဲ့ စက်စွမ်းဆောင်ရည် ကောင်းမွန်တဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့အပြင် ကင်မရာစွမ်းအားကလည်း အထူးမြင့်မားမှု ရှိပါတယ်။ ဒါကြောင့် ၎င်းဖုန်းကို Phablet Camera Phone တစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

အရှေ့မျက်နှာပြင်ရော နောက်ကျောဘက်ကိုပါက ခိုင်ခံ့တဲ့ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး ဘေးဘောင်တွေကိုတော့ အကြမ်းခံတဲ့ အဆင့်မြင့်ပလပ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ Notch သေးသေးလေးသာပါရှိလို့ ကျယ်ပြန့်တဲ့ မျက်နှာပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာ အနောက် Camera 4 လုံးနဲ့ LED Flash မီးလုံးတို့က ဒေါင်လိုက်တည်ရှိပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Finger-print Scanner ကလည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 161.4 x 76.4 x 8.8 mm (6.35 x 3.01 x 0.35 in) ရှိပြီး 200g အလေးချိန် ရှိပါတယ်။ ဒါကြောင့် တစ်ခြားဖုန်းတွေနဲ့ယှဉ်ရင် နည်းနည်းလေး ပိုထူပြီး လေးပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Hybrid Dual Nano SIM စနစ်ဖြစ်တဲ့အတွက် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

မျက်နှာပြင်က 6.53-inch အကျယ်ရှိပြီး IPS LCD capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကိုပြသနိုင်ပါတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့ မျက်နှာပြင်က ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်မှာပါ။ ဒါကြောင့် ဂိမ်းကစားတာ၊ စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။ အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ အဆင့်မြင့် MIUI 10 User Interface ကို run ပေးထားတဲ့အတွက် သုံးစွဲရတာ အဆင့်မြင့်မားမှု ရှိပါတယ်။

ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံး စက်စွမ်းဆောင်ရည်ပိုင်းအတွက် အဆင့်မြင့်မားတဲ့ chipset နဲ့ RAM 6/8GB ပါရှိတဲ့ အရည်အသွေးမြင့် processor တို့ကို ပ့ံပိုးပေးထားပါတယ်။ ရုပ်ထွက်ပိုင်းအတွက်လည်း အရည်အသွေးမြင့် Mali-G76 MC4 GPU ကို သုံးထားပါတယ်။ ကင်မရာစွမ်းဆောင်ရည်ပိုင်းအတွက်တော့ အနောက်ကင်မရာက 64 MP, f/1.9, 26mm (wide), 1/1.7″, 0.8µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/4.0″, 1.12µm + 2 MP, f/2.4, 1/5.0″, 1.75µm (dedicated macro camera) + 2 MP, f/2.4, 1/5.0″, 1.75µm, depth sensor စွမ်းအားတွေပါရှိပြီး LED flash, HDR, panorama ဆိုတဲ့ functions တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

အရှေ့ကင်မရာက 20 MP, f/2.0, (wide), 1/3″, 0.9µm aperture စွမ်းအားတွေကို ထောက်ပံ့ပေးထားတာကြောင့် အရှေ့ကင်မရာရော၊ အနောက်ကင်မရာကပါ အရည်အသွေးလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ ၎င်းဖုန်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ ဆန်းသစ်လှပတဲ့ Black, Red, Blue, White, Deep Sea Blue, Midnight Blue, Electric Blue နဲ့ Twilight ဆိုတဲ့ အရောင် 8 ရောင်ပဲ ဖြစ်ပါတယ်။

(1). Design

ဒီဇိုင်းပုံစံက အကြမ်းခံတဲ့ ကိုယ်ထည်ပုံစံမျိုးနဲ့ တောင့်တင်းခိုင်မာပြီး ပြောင်လက်တောက်ပနေတဲ့ နောက်ကျောဘက် ဒီဇိုင်းပုံစံကလည်း ဆွဲဆောင်မှု ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့်ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း သေသေသပ်သပ်နဲ့ ခေတ်မီဆန်းသစ်မှု ရှိပါတယ်။

(2). Processor

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Mediatek Helio G90T (12nm) chipset နဲ့ RAM 6/8GB ပါရှိတဲ့ Octa-core (2×2.05 GHz Cortex-A76 & 6×2.0 GHz Cortex-A55) processor တို့ကို ပ့ံပိုးပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းအတွက်လည်း Mali-G76 MC4 GPU ကို သုံးထားလို့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်မျိုးတွေကို ရရှိနိုင်မှာပါ။

(3). Display and Camera

6.3-inch ကျယ်တဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပြီး ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ Quad 64MP + 8 MP + 2MP + 2MP ရှိတဲ့ အနောက်ကင်မရာနဲ့ 20 MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။

(4). Verdict

Xiaomi Redmi Note 8 Pro စမတ်ဖုန်းဟာ တကယ့်အရည်အသွေးမြင့် စမတ်ဖုန်းအရည်အသွေးမျိုးကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်ပေးထားတာကြောင့် Xiaomi ချစ်သူတိုင်း ဝယ်ယူသုံးစွဲသင့်တဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

(5). Battery Life

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 4500 mAh battery ကို ထည့်သွင်းပေးထားပြီး Fast battery charging 18W စနစ်ပါရှိတာကြောင့် ဖုန်းအားသွင်းရတာလည်း လျင်မြန်မှု ရှိပါတယ်။

(6). Specification

» Network : GSM/HSPA/LTE (Hybrid Dual SIM)
» Weight : 200 g
» Display : 6.53″, IPS LCD capacitive touchscreen
» Resolution : 1080 x 2340 pixels, 19.5:9 ratio (~395ppi)
» Dimensions : 161.4 x 76.4 x 8.8 mm
» Memory : 128GB, 8GB RAM
» Camera : Quad 64MP, f/1.9, 26mm, 1/1.7”, 0.8µm, 8MP, f/2.2, 13mm, 1/4.0”, 1.12µm, 2MP, f/2.4, 1/5.0”, 1.75µm, 2MP, f/2.4, 1/5.0”,1.75µm, depth sensor, LED Flash Selfie : 20MP, f/2.0, 1/3”, 0.9µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 9.0 (Pie): MIUI 10
» Chipset : Mediatek Helio G90T (12nm)
» CPU : Octa-core (2×2.05 GHz Cortex-A76 & 6×2.0 GHz Cortex-A55)
» GPU : Mali-G76 MC4
» Sensor : Fingerprint (rear-mounted), accelerometer, gyro

» Price : 332,000 Ks

» Contact Phone : 09-7852228888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Redmi Note 8 Pro

ၿပီးခဲ့တဲ့ 2019 စက္တင္ဘာလက Xiaomi ရဲ႕ ေနာက္ဆံုးေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့ Xiaomi Redmi Note 8 နဲ႔ သူ႕ထက္ပိုမုိအဆင့္ျမင့္တဲ့ Pro version အေနနဲ႔ Xiaomi Redmi Note 8 Pro ကို ထုတ္လုပ္ေပးခဲ့ပါတယ္။ ၎ဖုန္းေတြကို အခုဆိုရင္ ျမန္မာႏုိင္ငံမိုဘိုင္းဖုန္းေစ်းကြက္ထဲမွာ ဝယ္ယူသံုးစြဲႏုိင္ပါၿပီ။ Pro version ျဖစ္တဲ့အတြက္ ထည့္သြင္းေပးထားတဲ့ Specs ေတြနဲ႔ Features ေတြက အဆင့္ျမင့္မားမႈရွိၿပီး ေစ်းႏႈန္းအရေတာ့ သံုးစြဲရတာ ထုိက္တန္မႈ ရွိပါတယ္။ ဒါ့အျပင္ ဒီဇိုင္းပံုစံက ေနာက္ဆံုးေပၚ Full View Display Circular Notch ဒီဇုိင္းျဖစ္ၿပီး ေနာက္ေက်ာကလည္း ေျပာင္လက္ေတာက္ပေနတာေၾကာင့္ ေနာက္ဆံုးေပၚစမတ္ဖုန္းတစ္လံုးမွန္း သိသာေစပါတယ္။ ၎ဟာ မ်က္ႏွာျပင္က်ယ္က်ယ္၊ ဘက္ထရီစြမ္းအားေကာင္းေကာင္းနဲ႔ စက္စြမ္းေဆာင္ရည္ ေကာင္းမြန္တဲ့ အရည္အေသြးျမင့္ စမတ္ဖုန္းတစ္လံုးျဖစ္တဲ့အျပင္ ကင္မရာစြမ္းအားကလည္း အထူးျမင့္မားမႈ ရွိပါတယ္။ ဒါေၾကာင့္ ၎ဖုန္းကို Phablet Camera Phone တစ္လံုးလုိ႔ေတာင္ ေျပာႏုိင္ပါတယ္။

အေရွ႕မ်က္ႏွာျပင္ေရာ ေနာက္ေက်ာဘက္ကိုပါက ခုိင္ခံ့တဲ့ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားၿပီး ေဘးေဘာင္ေတြကုိေတာ့ အၾကမ္းခံတဲ့ အဆင့္ျမင့္ပလပ္စတစ္နဲ႔ တည္ေဆာက္ထားပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာ Notch ေသးေသးေလးသာပါရွိလုိ႔ က်ယ္ျပန္႔တ့ဲ မ်က္ႏွာျပင္ကုိ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ အေပၚအလယ္တည့္တည့္မွာ အေနာက္ Camera 4 လံုးနဲ႔ LED Flash မီးလံုးတို႔က ေဒါင္လုိက္တည္ရွိၿပီး ယံုၾကည္စိတ္ခ်စြာ အသံုးျပဳႏုိင္တဲ့ Finger-print Scanner ကလည္း ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ေပးထားပါတယ္။ ဖုန္းအရြယ္အစားက 161.4 x 76.4 x 8.8 mm (6.35 x 3.01 x 0.35 in) ရွိၿပီး 200g အေလးခ်ိန္ ရွိပါတယ္။ ဒါေၾကာင့္ တစ္ျခားဖုန္းေတြနဲ႔ယွဥ္ရင္ နည္းနည္းေလး ပိုထူၿပီး ေလးပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Hybrid Dual Nano SIM စနစ္ျဖစ္တဲ့အတြက္ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သြင္းသံုးစြဲႏုိင္ပါတယ္။

မ်က္ႏွာျပင္က 6.53-inch အက်ယ္ရွိၿပီး IPS LCD capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 1080 x 2340 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကိုျပသႏုိင္ပါတယ္။ ဒါေၾကာင့္ က်ယ္ျပန္႔တဲ့ မ်က္ႏွာျပင္က ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းစြမ္းအားေတြကို ရရွိႏုိင္မွာပါ။ ဒါေၾကာင့္ ဂိမ္းကစားတာ၊ စာဖတ္တာေတြနဲ႔ ႐ုပ္ရွင္ၾကည့္တာေတြကို အဆင္ေျပေျပ လုပ္ေဆာင္ႏုိင္ပါတယ္။ အထဲမွာေတာ့ ေနာက္ဆံုးေပၚ Android 9.0 (Pie) ကို အေျခခံထားတဲ့ အဆင့္ျမင့္ MIUI 10 User Interface ကို run ေပးထားတဲ့အတြက္ သံုးစြဲရတာ အဆင့္ျမင့္မားမႈ ရွိပါတယ္။

ဖုန္းတစ္လံုးရဲ႕ အေရးႀကီးဆံုး စက္စြမ္းေဆာင္ရည္ပိုင္းအတြက္ အဆင့္ျမင့္မားတဲ့ chipset နဲ႔ RAM 6/8GB ပါရွိတဲ့ အရည္အေသြးျမင့္ processor တို႔ကို ပ့ံပိုးေပးထားပါတယ္။ ႐ုပ္ထြက္ပိုင္းအတြက္လည္း အရည္အေသြးျမင့္ Mali-G76 MC4 GPU ကို သံုးထားပါတယ္။ ကင္မရာစြမ္းေဆာင္ရည္ပိုင္းအတြက္ေတာ့ အေနာက္ကင္မရာက 64 MP, f/1.9, 26mm (wide), 1/1.7″, 0.8µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/4.0″, 1.12µm + 2 MP, f/2.4, 1/5.0″, 1.75µm (dedicated macro camera) + 2 MP, f/2.4, 1/5.0″, 1.75µm, depth sensor စြမ္းအားေတြပါရွိၿပီး LED flash, HDR, panorama ဆိုတဲ့ functions ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။

အေရွ႕ကင္မရာက 20 MP, f/2.0, (wide), 1/3″, 0.9µm aperture စြမ္းအားေတြကို ေထာက္ပံ့ေပးထားတာေၾကာင့္ အေရွ႕ကင္မရာေရာ၊ အေနာက္ကင္မရာကပါ အရည္အေသြးလြန္ေကာင္းမြန္တဲ့ ဓာတ္ပံုေတြနဲ႔ ဗီဒီယုိေတြကိုလည္း ႐ိုက္ကူးေပးႏုိင္ပါတယ္။ ၎ဖုန္းကို ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ ဆန္းသစ္လွပတဲ့ Black, Red, Blue, White, Deep Sea Blue, Midnight Blue, Electric Blue နဲ႔ Twilight ဆိုတ့ဲ အေရာင္ 8 ေရာင္ပဲ ျဖစ္ပါတယ္။

(1). Design

ဒီဇုိင္းပံုစံက အၾကမ္းခံတဲ့ ကိုယ္ထည္ပံုစံမ်ဳိးနဲ႔ ေတာင့္တင္းခုိင္မာၿပီး ေျပာင္လက္ေတာက္ပေနတဲ့ ေနာက္ေက်ာဘက္ ဒီဇုိင္းပုံစံကလည္း ဆြဲေဆာင္မႈ ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က က်ယ္ျပန္႔ရွင္းလင္းမႈရွိသလို ေနာက္ေက်ာဘက္ကလည္း ေသေသသပ္သပ္နဲ႔ ေခတ္မီဆန္းသစ္မႈ ရွိပါတယ္။

(2). Processor

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ Mediatek Helio G90T (12nm) chipset နဲ႔ RAM 6/8GB ပါရွိတဲ့ Octa-core (2×2.05 GHz Cortex-A76 & 6×2.0 GHz Cortex-A55) processor တို႔ကို ပ့ံပိုးေပးထားပါတယ္။ ဒါ့အျပင္ ႐ုပ္ထြက္ပိုင္းအတြက္လည္း Mali-G76 MC4 GPU ကို သံုးထားလုိ႔ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္မ်ိဳးေတြကို ရရွိႏိုင္မွာပါ။

(3). Display and Camera

6.3-inch က်ယ္တဲ့ မ်က္ႏွာျပင္ကို IPS LCD capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားၿပီး ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းစြမ္းအားေတြကို ေပးစြမ္းႏုိင္ပါတယ္။ ၎မွာ Quad 64MP + 8 MP + 2MP + 2MP ရွိတဲ့ အေနာက္ကင္မရာနဲ႔ 20 MP ရွိတဲ့ အေရွ႕ selfie ကင္မရာတုိ႔ကို တပ္ဆင္ထားၿပီး အလြန္အသံုးဝင္တဲ့ features ေတြလည္း ပါရွိပါတယ္။

(4). Verdict

Xiaomi Redmi Note 8 Pro စမတ္ဖုန္းဟာ တကယ့္အရည္အေသြးျမင့္ စမတ္ဖုန္းအရည္အေသြးမ်ိဳးကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ ထုတ္လုပ္ေပးထားတာေၾကာင့္ Xiaomi ခ်စ္သူတုိင္း ဝယ္ယူသံုးစြဲသင့္တဲ့ စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။

(5). Battery Life

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 4500 mAh battery ကို ထည့္သြင္းေပးထားၿပီး Fast battery charging 18W စနစ္ပါရွိတာေၾကာင့္ ဖုန္းအားသြင္းရတာလည္း လ်င္ျမန္မႈ ရွိပါတယ္။

(6). Specification

» Network : GSM/HSPA/LTE (Hybrid Dual SIM)
» Weight : 200 g
» Display : 6.53″, IPS LCD capacitive touchscreen
» Resolution : 1080 x 2340 pixels, 19.5:9 ratio (~395ppi)
» Dimensions : 161.4 x 76.4 x 8.8 mm
» Memory : 128GB, 8GB RAM
» Camera : Quad 64MP, f/1.9, 26mm, 1/1.7”, 0.8µm, 8MP, f/2.2, 13mm, 1/4.0”, 1.12µm, 2MP, f/2.4, 1/5.0”, 1.75µm, 2MP, f/2.4, 1/5.0”,1.75µm, depth sensor, LED Flash Selfie : 20MP, f/2.0, 1/3”, 0.9µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 9.0 (Pie): MIUI 10
» Chipset : Mediatek Helio G90T (12nm)
» CPU : Octa-core (2×2.05 GHz Cortex-A76 & 6×2.0 GHz Cortex-A55)
» GPU : Mali-G76 MC4
» Sensor : Fingerprint (rear-mounted), accelerometer, gyro

» Price : 332,000 Ks

» Contact Phone : 09-7852228888 (Win Mobile World)

NetGuide Journal (Every Wednesday)