နည်းပညာလောကအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ မျှော်လင့်ချင်စရာအကောင်းဆုံးနည်းပညာပြပွဲကြီးကို ဒီလရဲ့ နောက်ဆုံးပတ်မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ MWC 2020 ပွဲကြီးကို ဖေဖော်ဝါရီ 24 ရက်နေ့ကစလို့ 27 ရက်နေ့အထိ ဘာစီလိုနာမှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပေးသွားမှာပါ။ ဒီပွဲကြီးမှာတော့ နိုင်ငံတကာမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ 2020 ခုနှစ်အတွင်းထုတ်လုပ်ရောင်းချလာမယ့် အရည်အသွေးမြင့် ဖုန်းတွေကိုလာရောက်ပြသကြပါတယ်။ ဒီနည်းပညာပွဲမှာ ပြသလိုက်တဲ့ စမတ်ဖုန်းတွေဟာ အနှေးနဲ့အမြန်ဈေးကွက်ထဲကိုရောက်လာတာပါဘဲ။ အခု 2020 မှာလည်း စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ နည်းပညာမြင့်စမတ်ဖုန်းသစ်တွေ ထုတ်ပြဖို့ရှိနေပါတယ်…. ။ အဲ့ဒီဖုန်းတွေက ဘာဖုန်းတွေများ ဖြစ်နေမလဲ …. ။
1) Something unclear from Samsung
ကိုရီးယားကုမ္ပဏီရဲ့ အဆင့်မြင့်စမတ်ဖုန်းကို MWC မှာ မိတ်ဆက်မှာလားဆိုတဲ့ကိစ္စကတော့ ရှင်းလင်းလွန်းပါတယ်။ ဘာကြောင့်လဲဆိုရင် Samsung ဟာ MWC မတိုင်ခင် လာမယ့်ရက်ပိုင်းအတွင်းမှာတင် စမတ်ဖုန်းသစ်တွေကိုမိတ်ဆက် ပေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Galaxy S20 ဖုန်းသစ်တွေကိုမျော်လင့်နေမယ်ဆိုရင်တော့ မကြာခင် ရက်ပိုင်းလောက်မှာ မြင်ရတော့မယ့်လို့ ပြောချင်ပါတယ်။ ဖုန်းသစ်တွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေလည်း အလုံးစုံနီးပါး လောက်ထွက်ထားပြီးသား ဖြစ်နေပါပြီ။
– Samsung Galaxy A series
အဆင့်မြင့် Galaxy ဖုန်းတွေကိုစောစီးစွာတွေ့ရပြီးတဲ့ နောက်မှာတော့ Galaxy A ဖုန်းသစ်တမျိုး ဒါမှမဟုတ် တမျိုးထက်ပိုတာမျိုးကို တွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ Samsung Galaxy A50 နဲ့ Samsung Galaxy A30 ဖုန်းတွေကို တွေ့ခဲ့ပါတယ်။ အခု 2020 မှာလည်းဒီလိုအလားသဏ္ဍာန်ရှိတဲ့ မျိုးဆက်သစ်ဖုန်းတွေကို မိတ်ဆက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Galaxy A ဖုန်းတွေဟာ လူကြိုက်များပြီး အလယ်အလတ်တန်းစားဖုန်းတွေထဲမှာ ထိပ်တန်းစွမ်းဆောင်ရည်နဲ့ ဖြစ်နေလို့ပါ။ Galaxy A ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ နည်းပညာအမြင့်ပိုင်းတွေ သုံးထားလည်းဆိုတာကို Galaxy A80 ကသက်သေပြထားပါတယ်။ Samsung ဘက်ကတော့ Galaxy A51 နဲ့ Galaxy A71 ဖုန်းတွေကို CES မှာထုတ်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် MWC ပွဲမှာတော့ Galaxy Tab S6 5G သို့ wearable ထုတ်ကုန်တွေဘက်ကိုအာရုံစိုက်ဖို့ များပါတယ်။
2) Huawei P40
Huawei ကတော့ ဒီပွဲကြီးအတွက် သတိထားစရာကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုတာ့ ဒီတရုတ်စမတ်ဖုန်းထုတ်လုပ်သူဟာ MWC မှာ အဓိကဖုန်းတွေကို ထုတ်ပြတတ်လို့ပါ။ ထင်ရှားတဲ့ အကြောင်းအရာတခုကို ပြောရမယ်ဆိုရင် foldable Huawei Mate X ကို MWC 2019 မှာထုတ်ဖော်ပြသခဲ့တာမျိူးပါ။ Huawei P40အနေနဲ့ Google ဝန်ဆောင်မှုတွေကိုရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါကိုကပဲ Huawei အတွက် ဈေးကွက်အာရုံစိုက်ခံစရာ အကြောင်းရင်းတရပ် ဖြစ်လို့နေပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ Quad Quad Bayer filter နဲ့အတူ 52MP ကင်မရာအာရုံခံကိရိယာအသစ်တွေ သုံးလာမယ်လို့လည်း ပြောထားပါတယ်။ Huawei P40 စမတ်ဖုန်းရဲ့ ဈေးနှုန်းက ယူရို 600 ဝန်းကျင်နဲ့ ပရိုဖုန်းကတော့ ယူရို 800 ဝန်းကျင်ဖြစ်ပါတယ်။ တတိယမြောက် မော်ဒယ်ဖြစ်တဲ့ Huawei P40 Pro Premium edition ကိုတော့ ဒေါ်လာ 1000 နဲ့ ရောင်းချလာမယ်လို့ ဆိုပါတယ်။ P40 Pro မှာ အရင်မျိုးဆက်ရဲ့ Notch အစားသေးငယ်တဲ့ Punch Hole ပါလာနိုင်ပြီး မျက်နှာပြင်ရဲ့ဘယ်နဲ့ညာဘက်ဟာ ပိုကွေးညွှတ်မှာပါ။ အနောက်ဘက်မှာ 52MP Main ကင်မရာနဲ့အတူ Quad-bayer Filter ကြောင့် 13MP Photo တွေထုတ်လုပ်ပေးနိုင်မှာပါ။ အနောက်ကင်မရာ 5 လုံးတောင်ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အရှေ့နဲ့အနောက်ဘက်ကို Curved Panel နဲ့ဖုံးအုပ်ထားနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.5 လက်မကနေ 6.7 လက်မအတွင်း ရှိနိုင်ပါတယ်။ လေ့လာဆန်းစစ်သူ Ming-Chi Kuoက P40 Pro ရဲ့ Periscope Telephoto ကင်မရာမှာ 10x Optical Zoom ပါမယ်လို့ မကြာခင်ကပြောထားပါတယ်။
3) Sony Xperia 2
Sony အနေနဲ့ MWC ပွဲနဲ့ ပတ်သက်ပြီးဘယ်လိုသတင်းထုတ်ပြန်ချက်နဲ့ မီဒီယာအသိပေးချက်တွေ မပေးထားပေမယ့် ဖုန်းမော်ဒယ်တမျိုးလောက်တော့ မိတ်ဆက်လာမယ်ဆိုပြီး သတင်းထွက်နေပါတယ်။ အများစုခန့်မှန်းချက်တွေအရ Sony Xperia 2 (သို့) Sony Xperia 5 Plus တမျိုးမျိုး ဖြစ်မယ်လို့ သတင်းထွက်ထားတာတော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် Sony အနေနဲ့ MWC ပွဲတိုင်းမှာဖုန်းသစ်ပြသတာမျိုးတွေ ပြုလုပ်တတ်လို့ပါ။ အထင်ရှားဆုံးနဲ့ အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ 2019 က Sony Xperia 1 ကိုမိတ်ဆက်ခဲ့တာမျိုးပါ။ တကယ်လို့ Xperia 2 မိတ်ဆက်ခဲ့မယ်ဆိုရင် 21:9 display နဲ့ high-end specs တွေပါတဲ့ ဖုန်းမျိုးဖြစ်မှာကတော့ မလွဲပါဘဲ။ နောက်ထပ်ကတော့ ဒီဇိုင်းပိုင်းအပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ ပရိုဆက်ဆာကတော့ ဒီအချိန်ဒီပရိုဆက်ဆာမှ မသုံးဘာသွားသုံးမလည်းဆိုရလောက်အောင် Snapdragon 865 processor ပဲ ဖြစ်မှာပါ။ ကင်မရာအတွက် quad-lens camera, 12GB RAM နဲ့ 6.6-inch screen သာပါလာမယ်ဆိုရင် ဆိုနီဖန်တွေအတွက်တော့ အတော်မိုက်တဲ့ ဖုန်းဖြစ်လာမှာပါ။
4) Huawei Mate Xs
Huawei ရဲ့ foldable phone ဖြစ်တဲ့ Mate X စမတ်ဖုန်းကို MWC 2019 မှာမိတ်ဆက်ခဲ့တယ်ဆိုတာကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ ဒီနှစ်မှာတော့ အဲ့ဒီ foldable phone ရဲ့နေရာကိုဆက်ခံမယ့် မျိုးဆက်သစ်ဖုန်းကို မိတ်ဆက်လာနိုင်ပါတယ်။ အားလုံးခန့်မှန်းချက်တွေအရတော့ Huawei Mate Xs ကို မြင်ရတော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပထမမျိုးဆက်နဲ့ ဒီဇိုင်းပိုင်းမှာအရမ်းကြီးကွာဟချက်တွေ ရှိလာမှာမဟုတ်ဘဲ အတွင်းပိုင်းတွေကိုတော့ အဆင့်မြင့်တင်မှုတွေ ပြလုပ်ထားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာအနီးစပ်ဆုံး ပြင်ဆင်ချက်ရှိမယ်ဆိုရင် ပရိုဆက်ဆာနဲ့ ကင်မရာတို့ပဲ ဖြစ်မှာပါ။ original Mate X ကတော့ ကင်မရာပိုင်းမှာ Mate 20 နဲ့တူပြီး၊ ပရိုဆက်ဆာကတော့ P30 သုံးထားတာမျိုး ဖြစ်ပါတယ်။ အခုတော့ Mate Xs ထွက်မယ်ဆိုရင်တော့ P30 Pro ကင်မရာနဲ့ Mate 30 ပရိုဆက်ဆာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အသစ်မိတ်ဆက်လာမယ့် Mate Xs ဟာ ဒီဇိုင်းပိုင်းမှာပိုကောင်းတဲ့ ဖန်သားပြင်ချိတ်ဆက်မှုနဲ့အတူ ဖန်သားပြင်ဟာ ပိုမိုသန်မာလာပါလိမ့်မယ်။ ကုမ္ပဏီအနေနဲ့ ဒီဇိုင်းပိုင်းကို အတော်ဂရုစိုက်ပြောင်းလဲခဲ့တယ်လို့လည်း သိရရပါတယ်။ Mate X ထက်ပိုသေးမယ်လို့ ခန့်မှန်းရပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ သူ့ဟာအရင်ဗားရှင်းထက် ဈေးပိုသက်သာမယ်လို့ ဆိုပါတယ်။ ဒါဟာဖန်သားပြင် ထုတ်လုပ်မှုပိုင်းမှာ ပိုမိုတိုးတက်လာလို့ ဖြစ်ပါတယ်။
5) Nokia 9.2 PureView
Nokia အနေနဲ့ Nokia 9 PureView ကို MWC 2019 မှာထုတ်ပြခဲ့ပါတယ်။ ဒါကြောင့် MWC 2020 မှာမျှော်လင့်ရမှာက Nokia 9.2 PureView ပဲဖြစ်ပါလိမ့်မယ်။ အသစ်ထွက်လာမယ့် ဖုန်းဘယ်လိုနာမည်ပေးမလဲဆိုတဲ့ မေးခွန်းတချို့ ရှိပေမယ့် Nokia 9.2 PureView ဆိုတာကတော့ အတော်လေးခေါ်လို့ကောင်းတဲ့ နာမည်လို့သာပြောရမှာပါ။ အားလုံးကတော့ Nokia 9.1 ထက် Nokia 9.2 PureView သာပို ဖြစ်သင့်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ မျိုးဆက်သစ်ဖုန်းမှာကင်မရာပိုင်းနဲ့ 5G အဆင့်မြင့်တင်မှုပါမှာကတော့ သေချာပါတယ်။ ဒီဖုန်းသစ်နဲ့ပတ်သတ်တဲ့ ကောလာဟလတွေ ထွက်ထားပါတယ်။ နောက်ဆုံးရသတင်းပေါ် မူတည်တွက်ချက်ရရင် နောက်ဆုံးပေါ် Snapdragon 865 chipset ကိုသုံးမယ်ဆိုတာပါ။ HMD Global အနေနဲ့ MWC ပြီးမှလည်း ဖုန်းသစ်ကိုမိတ်ဆက်ပေးနိုင်ပါတယ်။
6) LG G9
LG အနေနဲ့ MWC မှာဖုန်းသစ်တလုံးလောက်တော့ မိတ်ဆက်မယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ အားလုံးကတော့ LG G9 ဖုန်းဖြစ်မယ်ဆိုပြီး မျှော်နေကြပါတယ်။ LG G9 ဖုန်းနဲ့ပတ်သတ်ပြီး ကျွန်တော်တု့ိဘာသတင်းအချက်မှ မရသေးပါဘူး။ ကြည့်ရ တာတော့ ပုံမှန်မဟုတ်တဲ့ စွမ်းဆောင်ချက်တွေ ဒီဖုန်းမှာထည့်သွင်းပေးနိုင်ပါတယ်။ LG flagships တွေမှာ ထည့်ပေးထားတဲ့ function မျိုးတွေသုံးရမှာပါ။ LG G8X ThinQ လိုမျိုး ဒုတိယမျက်နှာပြင် ချိတ်ဆက်မှုရတဲ့ ဖုန်းဖြစ်လာမလား၊ LG G8 လိုမျိုးhole-less vibrating speaker ဖုန်းမျိုးဖြစ်မလား။ အဲ့ဒီထက်များ ဆန်းသစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
7) XiaomiMi 10
Xiaomi အနေနဲ့ ဥရောပနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကိုရဖို့အတွက် တောက်လျောက်ကြိုးစားနေပါတယ်။ သူ့ဆီကထွက်တဲ့ ဖုန်းတွေဟာတဖြည်းဖြည်းနဲ့ ထိပ်ပိုင်းမှာနေရာယူထားပါပြီ။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူအနေနနဲ့ 2020 ခုနှစ်အတွင်း 5G ကွန်ရက်နဲ့ စမတ်ဖုန်း 10 မျိုးလောက် ထုတ်ပေးလာမယ်လို့ အတည်ပြုချက်ပေးထားပါတယ်။ အခု XiaomiMi 10 ကလည်း အဲ့ဒီဖုန်းတွေထဲကတမျိုးဖြစ်မှာပါ။ XiaomiMi 10 က Snapdragon 865 SoC သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းတွေထဲမှာ ပါဝင်လာပါမယ်။ XiaomiMi 10 နှင့် Mi 10 Pro တို့မှာ Snapdragon 865 SoC အသုံးပြုလာမှာဖြစ်လို့ 5G ထောက်ပံ့လာမှာလည်း ဖြစ်ပါတယ်။ယင်း Chipset မှာ Snapdragon X55 Modem တပါတည်းပါဝင်ထားပြီး ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့သတင်းအရ XiaomiMi 10 မှာမျက်နှာပြင် 6.5 လက်မ OLED 90Hz Refresh Rate ပါဝင်လာမှာဖြစ်ပြီး RAM12GB ပါဝင်လာပါမယ်။ Storage 128GB/256GB/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ၎င်းမှာကျောဘက်ကင်မရာ 4 လုံးပါဝင်ပြီး 108MP+48MP Telephoto+12MP Ultrawide+8MP Depth တို့သုံးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 48W Fast Charging ထောက်ပံ့လာပါမယ်။ Xiaomi ဟာ Snapdragon 845 ကို Mi Mix 2S နဲ့ Snapdragon 855 ကို Mi 9 တွင်သုံးခဲ့သကဲ့သို့ Mi 10 တွင်လည်း Snapdragon 865 သုံးလာမှာ ဖြစ်ပါတယ်။
8) Oppo Find X2
Oppo Find X ရဲ့မျိုးဆက်သစ်ဖုန်းဟာ 2020 မှာထွက်ရှိလာပါတော့မယ်။ MWC 2020 ဟာ အဲ့ဒီဖုန်းကိုထုတ်ပြဖို့ အကောင်းဆုံးနေရာလို့ ဆိုရမှာပါ။ Digital Chat Station မှာဖော်ပြထားမှုအရ OPPO Find X2 မှာ QHD+ 120Hz Refresh Rate အသုံးပြုလာမှာဖြစ်ကြောင်းသိရပါတယ်။ ဒီဖုန်းမှာ 3168×1440 px Resolution သုံးလာပါမယ်။ Samsung ရဲ့ထောင့်ကွေး OLED သုံးလာမှာဖြစ်ပါတယ်။ မျက်နှာပြင် 6.5 လက်မဖြစ်လာမှာဖြစ်ပြီး မျက်နှာပြင်ဘယ်ထောင့်မှာ Punch-Hole ပါဝင်လာမှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် FHD+ (သို့မဟုတ်) QHD+ အပြင် 60Hz (သို့) 120Hz Refresh Rate သုံးနိုင်ပါမယ်။ OPPO က သူတို့ရဲ့အဆင့်မြင့်စမတ်ဖုန်းမှာ ရုပ်ထွက်ပိုင်းအမိုက်စားသုံးလာမယ်ဆိုပေမယ့် Galaxy S20 စီးရီးမှာတော့ FHD+ 120Hz ရုပ်ထွက်ဘဲထောက်ပံ့လာပါမယ်။ OPPO Find X2 က အဆင့်မြင့်စမတ်ဖုန်းဖြစ်တာနဲ့အညီ Qualcomm Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 5G ကွန်ယက်အတွက် Snapdragon X55 Modem သုံးလာပါမယ်။
9) Moto G8
Moto G7 စမတ်ဖုန်းကို MWC 2019 မတိုင်ခင်မှာမိတ်ဆက်ခဲ့ပေမယ့် ။ Moto G8 ကိုဒီပွဲမှာမိတ်ဆက်မယ်လို့ Moto G8 မှာ pop-up selfie ကင်မရာပါဝင်နိုင်ပါတယ်။ Moto G8 နဲ့ Moto G8 Power ဆိုပြီး ဖုန်းသစ် 2 မျိုးမိတ်ဆက်လာနိုင်ပါတယ်။ ဖုန်း 2 လုံးစလုံးမှာ Snapdragon 665 မောင်းနှင်ထားမှာဖြစ်ပြီး G8 မှာ 6.39 လက်မ HD+ မျက်နှာပြင်ထည့်သွင်းထားမှာပါ။ Punch Hole Selfie ကင်မရာပါလာမှာဖြစ်ပြီး LCD အမျိုးအစားဖြစ်နိုင်ပါတယ်။ အဲဒီအတွက်လက်ဗွေရာကိရိယာကို အနောက်ဘက်မှာပဲ တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာကင်မရာ 3 လုံးပါလာပြီး 16MP ပင်မ၊ 2MP Macro နဲ့ 8MP Ultrawide တွေဖြစ်ပါတယ်။ အရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ G8 Power မှာပိုကြီးတဲ့ဘက်ထရီပါလာပြီး 18W Quick Charge ပါတဲ့ 5,000mAh ဘက်ထရီထည့်ထားပါတယ်။ G8 မှာတော့ 10W Charging ပါတဲ့ 4,000mAh ဘက်ထရီပါလာပါတယ်။ G8 Power မှာ 25MP Punch Hole ကင်မရာပါလာနိုင်ပြီး 6.39 လက်မ LCD Full HD+ မျက်နှာပြင်ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာကင်မရာ 4 လုံးပါလာမှာဖြစ်ပြီး 3 လုံးက G8 နဲ့တူပါတယ်။ နောက် 1 လုံးက 8MP Telephoto ကင်မရာ ဖြစ်မှာပါ။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
MWC 2020: everything to expect from the world’s biggest mobile phone show
2) Huawei P40
3) Sony Xperia 2
4) Huawei Mate Xs
5) Nokia 9.2 PureView
6) LG G9
7) XiaomiMi 10
8) Oppo Find X2
9) Moto G8