မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းတွေမှာ Version မြှင့်လိုက်မယ်ဆိုရင် ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်လာနိုင်လဲခင်ဗျာ။
ဖြေ – သူ့ရဲ့ပင်ကိုယ် Version ထက် နှစ်ခုလောက်မြင့်တဲ့ Version အထိ တင်လိုက်တာမျိုး (ဥပမာ Android 5.0 ကနေ 7 ကိုတင်တာ iOS 9 ကနေ 11) လောက်ထိ တင်တာမျိုးကတော့ တော်ရုံဆိုးကျိုး မဖြစ်နိုင်ပေမယ့် Version တအားကွာဟသွားရင်တော့ စက်ပြားပိုင်းမှာ ထိခိုက်လာပါတယ်။ Application တွေ အရင်လို မမြန်ဆန်တော့ခြင်း၊ ဘက်ထရီအားမခံနိုင်တော့ခြင်းတွေ ဖြစ်လာတတ်ပါတယ်။

မေး – Second ဖုန်းတစ်လုံးကိုဝယ်မယ်ဆိုရင် ဘာတွေကိုကြည့်ပြီး ဝယ်သင့်လဲအစ်ကိုရေ။ အဆင်ပြေရင် အကြံဉာဏ်လေးပေးပါဦး။
ဖြေ – Second ဖုန်းတွေကို ဝယ်မယ်ဆိုရင် User အချင်းချင်းပဲ ဝယ်ဝယ်၊ Second အရောင်းဆိုင်ကပဲ ဝယ်ဝယ် ဖုန်းအကြောင်းကို ကိုယ်တိုင်သေချာလေ့လာထားပြီးမှ ဝယ်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ညီရေ။

မေး – ကျွန်တော့်ဖုန်းက Samsung A20 ပါ။ တစ်နေ့က ရေနည်းနည်းစိုသွားတာမှာ အားသွင်းလို့မရ ဖြစ်နေပါတယ်။ ဖုန်းမှာ ပေါ်လာတာကတော့ ရေငွေ့ရိုက်သွားတာလို့ ပြောပါတယ်။ တော်တော်လေးနဲ့ မခြောက်တော့လို့ ဘယ်လိုလုပ်ရမှာပါလဲခင်ဗျာ။
ဖြေ – ဖုန်းတစ်လုံးရေဝင်သွားတဲ့အခါမှာ ပါဝါပိတ်ထားတာက အကောင်းဆုံးပါပဲ။ သုံးနေရင်းနဲ့ ရေဝင်ပြီး ဆက်သုံးလို့ရနေရင်တော့ Dryer နဲ့ ဖုန်းကို သေချာခြောက်သွေ့အောင်လုပ်ပြီး သုံးလို့ရနိုင်ပါတယ်။ လုပ်ပြီးလို့မှ အားသွင်းလို့မရရင်တော့ ဆိုင်မှာ အားသွင်းခေါင်းလဲရပါမယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော် လက်ရှိသုံးနေတဲ့ဖုန်းက Samsung အမျိုးအစားလေးပါ။ Storage မဆံ့တော့လို့ Reset လည်း ချပါတယ်။ တကယ်တမ်းကူးလည်းကြည့်ရော လက်ကျန်ပြထားသလောက်ကို လက်မခံဘူးဖြစ်နေလို့ပါ။ ဘာဖြစ်တာပါလဲခင်ဗျာ။
ဖြေ – Internal ROM နည်းလို့ ဖြစ်ပါလိမ့်မယ်။ တချို့က Internal ROM 8GB နဲ့ 16GB လောက် ပါပေမယ့် System Application တွေနဲ့ OS ကို Storage များများယူထားလို့ ဘာမှမသုံးရသေးပဲ Storage ပြည့်နေတတ်ပါတယ်။ SD Card စိုက်ပြီး ဖြေရှင်းနိုင်ပါတယ်။

မေး – အစ်ကိုရေ တစ်ခုလောက်မေးချင်လို့ပါ။ နောက်ပိုင်း Android ဖုန်းတွေမှာ RAM တွေ များလာတာကို တွေ့ရပါတယ်။ RAM က ဖုန်းတစ်လုံးမှာ ဘယ်လိုအလုပ်လုပ်တာပါလဲခင်ဗျာ။
ဖြေ – RAM ဆိုတာ Random Access Memory (ယာယီမှတ်ဉာဏ်) လို့ ခေါ်ပါတယ်။ ဖုန်းတစ်လုံးအလုပ်လုပ်နေစဉ်ကာလအတွင်း အချက်အလက်များကို လုပ်ဆောင်ပေးတာပါ။ Copy ကူးတာ Download ချတာ Zapya ပစ်တာနဲ့ App တွေကို Run စေတာ RAM ရဲ့ လုပ်ဆောင်ချက်ပါ။ RAM များရင် ယာယီအလုပ်လုပ်နိုင်စွမ်း ကြာပါတယ်။

မေး – ကျွန်တော့်ဖုန်းက OPPO ဖုန်းအမျိုးအစားလေးပါ။ စက်က တော်တော်လေးကို လေးနေလို့ Reset ချလိုက်ပါတယ်။ မြန်မာဖောင့်က ဘယ် Keyboard ကိုပဲထည့်ထည့် မရတော့လို့ပါ။ အဲ့ဒါက ဘာလို့ပါလဲခင်ဗျာ။ အရင်ကဆို ဘယ် Keyboard ဖြစ်ဖြစ် အဆင်ပြေပါတယ်။
ဖြေ – OPPO ဖုန်းတွေက Original မြန်မာစာပါပြီးသား ဖုန်းဖြစ်တဲ့အတွက် Setting ထဲမှာ ဘာသာစကားကို မြန်မာဇော်ဂျီဖြစ်ဖြစ် ယူနီကုဒ်ဖြစ်ဖြစ် ပြောင်းပြီး Bagan Keyboard နဲ့ စမ်းသုံးကြည့်ပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက OPPO Brand ပါ။ ဖုန်းပြောရင် Speaker အသံက ကြားတဲ့အခါ ကြားလိုက်၊ တစ်ခါတစ်ခါမှာ တိုးသွားလိုက် ဖြစ်နေလို့ပါ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဒီလိုဖြစ်တာက ရပါတယ်။ OPPO Service မှာပဲဖြစ်ဖြစ် ဖုန်းပြင်ဆိုင်မှာပဲဖြစ်ဖြစ် အလွယ်တကူ ပြုပြင်လို့ ရပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းတွေမှာပါတဲ့ Snapdragon ဆိုတာက ဘာကို ပြောတာပါလဲခင်ဗျာ။ သူကရော ဖုန်းတစ်လုံးမှာ ဘယ်လိုအလုပ်လုပ်တာပါလဲအစ်ကိုရေ။
ဖြေ – Snapdragon ဆိုတာက ဖုန်းရဲ့ Processor Brand တစ်ခုပါ။ Mobile ဖုန်းတွေမှာ Qualcomm, Snapdragon, MTK Processor တွေဆိုပြီး အဓိက ရှိပါတယ်။ Samsung အမြင့်ဖုန်းတွေနဲ့ Mi, Vivo တွေမှာ Snapdragon Processor သုံး Model တွေကို တွေ့နိုင်ပါတယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Mi အမျိုးအစားလေးပါ။ အထဲက Mi Account က Password ကို မေ့သွားလို့ပါ။ အဲ့ဒါကို ဆိုင်မှာသွားလုပ်ရင် အကုန်အကျ များနိုင်ပါသလားခင်ဗျာ။ ကိုယ့်ပါကိုယ်လုပ်ရင်ရော အဆင်ပြေနိုင်ပါသလားအစ်ကိုရေ။
ဖြေ – Mi Account ကို ဖွင့်တုန်းက Backup ထားခဲ့တဲ့ ဖုန်းနံပါတ် (သို့မဟုတ်) Email နဲ့ ပြန်ပြီး Password Reset ချလို့ ရနိုင်ပါတယ်။ ဆိုင်မှာပြင်ရင်တော့ သောင်းဂဏန်းလောက်ထိ အကုန်အကျ များနိုင်ပါတယ်ခင်ဗျာ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းေတြမွာ Version ျမႇင့္လိုက္မယ္ဆိုရင္ ဆိုးက်ိဳးအေနနဲ႔ ဘာေတြျဖစ္လာႏိုင္လဲခင္ဗ်ာ။
ေျဖ – သူ႕ရဲ႕ပင္ကိုယ္ Version ထက္ ႏွစ္ခုေလာက္ျမင့္တဲ့ Version အထိ တင္လိုက္တာမ်ိဳး (ဥပမာ Android 5.0 ကေန 7 ကိုတင္တာ iOS 9 ကေန 11) ေလာက္ထိ တင္တာမ်ိဳးကေတာ့ ေတာ္႐ုံဆိုးက်ိဳး မျဖစ္ႏိုင္ေပမယ့္ Version တအားကြာဟသြားရင္ေတာ့ စက္ျပားပိုင္းမွာ ထိခိုက္လာပါတယ္။ Application ေတြ အရင္လို မျမန္ဆန္ေတာ့ျခင္း၊ ဘက္ထရီအားမခံႏိုင္ေတာ့ျခင္းေတြ ျဖစ္လာတတ္ပါတယ္။

ေမး – Second ဖုန္းတစ္လုံးကို၀ယ္မယ္ဆိုရင္ ဘာေတြကိုၾကည့္ၿပီး ၀ယ္သင့္လဲအစ္ကိုေရ။ အဆင္ေျပရင္ အႀကံဉာဏ္ေလးေပးပါဦး။
ေျဖ – Second ဖုန္းေတြကို ၀ယ္မယ္ဆိုရင္ User အခ်င္းခ်င္းပဲ ၀ယ္၀ယ္၊ Second အေရာင္းဆိုင္ကပဲ ၀ယ္၀ယ္ ဖုန္းအေၾကာင္းကို ကိုယ္တိုင္ေသခ်ာေလ့လာထားၿပီးမွ ၀ယ္သင့္ပါတယ္လို႔ အႀကံေပးခ်င္ပါတယ္ ညီေရ။

ေမး – ကြၽန္ေတာ့္ဖုန္းက Samsung A20 ပါ။ တစ္ေန႔က ေရနည္းနည္းစိုသြားတာမွာ အားသြင္းလို႔မရ ျဖစ္ေနပါတယ္။ ဖုန္းမွာ ေပၚလာတာကေတာ့ ေရေငြ႕႐ိုက္သြားတာလို႔ ေျပာပါတယ္။ ေတာ္ေတာ္ေလးနဲ႔ မေျခာက္ေတာ့လို႔ ဘယ္လိုလုပ္ရမွာပါလဲခင္ဗ်ာ။
ေျဖ – ဖုန္းတစ္လုံးေရ၀င္သြားတဲ့အခါမွာ ပါ၀ါပိတ္ထားတာက အေကာင္းဆုံးပါပဲ။ သုံးေနရင္းနဲ႔ ေရ၀င္ၿပီး ဆက္သုံးလို႔ရေနရင္ေတာ့ Dryer နဲ႔ ဖုန္းကို ေသခ်ာေျခာက္ေသြ႕ေအာင္လုပ္ၿပီး သုံးလို႔ရႏိုင္ပါတယ္။ လုပ္ၿပီးလို႔မွ အားသြင္းလို႔မရရင္ေတာ့ ဆိုင္မွာ အားသြင္းေခါင္းလဲရပါမယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ္ လက္ရွိသုံးေနတဲ့ဖုန္းက Samsung အမ်ိဳးအစားေလးပါ။ Storage မဆံ့ေတာ့လို႔ Reset လည္း ခ်ပါတယ္။ တကယ္တမ္းကူးလည္းၾကည့္ေရာ လက္က်န္ျပထားသေလာက္ကို လက္မခံဘူးျဖစ္ေနလို႔ပါ။ ဘာျဖစ္တာပါလဲခင္ဗ်ာ။
ေျဖ – Internal ROM နည္းလို႔ ျဖစ္ပါလိမ့္မယ္။ တခ်ိဳ႕က Internal ROM 8GB နဲ႔ 16GB ေလာက္ ပါေပမယ့္ System Application ေတြနဲ႔ OS ကို Storage မ်ားမ်ားယူထားလို႔ ဘာမွမသုံးရေသးပဲ Storage ျပည့္ေနတတ္ပါတယ္။ SD Card စိုက္ၿပီး ေျဖရွင္းႏိုင္ပါတယ္။

ေမး – အစ္ကိုေရ တစ္ခုေလာက္ေမးခ်င္လို႔ပါ။ ေနာက္ပိုင္း Android ဖုန္းေတြမွာ RAM ေတြ မ်ားလာတာကို ေတြ႕ရပါတယ္။ RAM က ဖုန္းတစ္လုံးမွာ ဘယ္လိုအလုပ္လုပ္တာပါလဲခင္ဗ်ာ။
ေျဖ – RAM ဆိုတာ Random Access Memory (ယာယီမွတ္ဉာဏ္) လို႔ ေခၚပါတယ္။ ဖုန္းတစ္လုံးအလုပ္လုပ္ေနစဥ္ကာလအတြင္း အခ်က္အလက္မ်ားကို လုပ္ေဆာင္ေပးတာပါ။ Copy ကူးတာ Download ခ်တာ Zapya ပစ္တာနဲ႔ App ေတြကို Run ေစတာ RAM ရဲ႕ လုပ္ေဆာင္ခ်က္ပါ။ RAM မ်ားရင္ ယာယီအလုပ္လုပ္ႏိုင္စြမ္း ၾကာပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက OPPO ဖုန္းအမ်ိဳးအစားေလးပါ။ စက္က ေတာ္ေတာ္ေလးကို ေလးေနလို႔ Reset ခ်လိုက္ပါတယ္။ ျမန္မာေဖာင့္က ဘယ္ Keyboard ကိုပဲထည့္ထည့္ မရေတာ့လို႔ပါ။ အဲ့ဒါက ဘာလို႔ပါလဲခင္ဗ်ာ။ အရင္ကဆို ဘယ္ Keyboard ျဖစ္ျဖစ္ အဆင္ေျပပါတယ္။
ေျဖ – OPPO ဖုန္းေတြက Original ျမန္မာစာပါၿပီးသား ဖုန္းျဖစ္တဲ့အတြက္ Setting ထဲမွာ ဘာသာစကားကို ျမန္မာေဇာ္ဂ်ီျဖစ္ျဖစ္ ယူနီကုဒ္ျဖစ္ျဖစ္ ေျပာင္းၿပီး Bagan Keyboard နဲ႔ စမ္းသုံးၾကည့္ပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက OPPO Brand ပါ။ ဖုန္းေျပာရင္ Speaker အသံက ၾကားတဲ့အခါ ၾကားလိုက္၊ တစ္ခါတစ္ခါမွာ တိုးသြားလိုက္ ျဖစ္ေနလို႔ပါ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဒီလိုျဖစ္တာက ရပါတယ္။ OPPO Service မွာပဲျဖစ္ျဖစ္ ဖုန္းျပင္ဆိုင္မွာပဲျဖစ္ျဖစ္ အလြယ္တကူ ျပဳျပင္လို႔ ရပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းေတြမွာပါတဲ့ Snapdragon ဆိုတာက ဘာကို ေျပာတာပါလဲခင္ဗ်ာ။ သူကေရာ ဖုန္းတစ္လုံးမွာ ဘယ္လိုအလုပ္လုပ္တာပါလဲအစ္ကိုေရ။
ေျဖ – Snapdragon ဆိုတာက ဖုန္းရဲ႕ Processor Brand တစ္ခုပါ။ Mobile ဖုန္းေတြမွာ Qualcomm, Snapdragon, MTK Processor ေတြဆိုၿပီး အဓိက ရိွပါတယ္။ Samsung အျမင့္ဖုန္းေတြနဲ႔ Mi, Vivo ေတြမွာ Snapdragon Processor သံုး Model ေတြကို ေတြ႕ႏိုင္ပါတယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Mi အမ်ိဳးအစားေလးပါ။ အထဲက Mi Account က Password ကို ေမ့သြားလို႔ပါ။ အဲ့ဒါကို ဆိုင္မွာသြားလုပ္ရင္ အကုန္အက် မ်ားႏိုင္ပါသလားခင္ဗ်ာ။ ကိုယ့္ပါကိုယ္လုပ္ရင္ေရာ အဆင္ေျပႏိုင္ပါသလားအစ္ကိုေရ။
ေျဖ – Mi Account ကို ဖြင့္တုန္းက Backup ထားခဲ့တဲ့ ဖုန္းနံပါတ္ (သို႔မဟုတ္) Email နဲ႔ ျပန္ၿပီး Password Reset ခ်လို႔ ရႏိုင္ပါတယ္။ ဆိုင္မွာျပင္ရင္ေတာ့ ေသာင္းဂဏန္းေလာက္ထိ အကုန္အက် မ်ားႏိုင္ပါတယ္ခင္ဗ်ာ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ပံ့ပိုးကူညီသည္။

NetGuide Journal (Every Wednesday)