FiLMiC ဟာ iPhone 11 မိတ်ဆက်ပွဲတုန်းက ကင်မရာများစွာဖြင့် ဗီဒီယိုရိုက်ကူးနိုင်မယ့် FiLMiC Pro App ကို ကြေညာခဲ့ပါတယ်။ ယခုအခါ FiLMiC ဟာ ယင်းစနစ်တစ်ခုတည်းသာ သုံးနိုင်မယ့် App ကို ကြေညာလာပါတယ်။ App အမည်က DoubleTake ဖြစ်ပါတယ်။ ယင်း App ကို iPhone အသုံးပြုသူများအနေဖြင့် App Store မှာ ဒေါင်းလော့ခ်ရယူနိုင်မှာ ဖြစ်ပါတယ်။

DoubleTake App ကြောင့် iPhone အသုံးပြုသူများအနေဖြင့် ဖုန်းပါ ကင်မရာအားလုံးဖြင့် ရိုက်ကူးနိုင်ပါမယ်။ ဒါကြောင့် ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ iPhone 11 Pro နှင့် iPhone 11 Pro Max အသုံးပြုသူများအနေဖြင့် ရှေ့ကင်မရာအပါအဝင် ကင်မရာလေးလုံးဖြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ DoubleTake App ဖြင့် ဗီဒီယိုရိုက်ကူးမှုကို 1080p@24/25/30fps ဖြင့်သာ ရိုက်ကူးနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီ App က iPhone အသုံးပြုသူများအတွက် တကယ်ဘဲ ကျေနပ်စရာကောင်းတဲ့ App ဖြစ်ပါတယ်။ အထူးသဖြင့် အခမဲ့ဒေါင်းလော့ခ်ဆွဲပြီး သုံးနိုင်လို့ ဖြစ်ပါတယ်။

စိတ်မကောင်းဖြစ်ရတာကတော့ ဒီ App ကို 2019 နှင့် 2018 ခုနှစ် iPhone များမှာသာ ကင်မရာအားလုံးဖြင့် ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ iPhone ဟောင်းများကတော့ ကင်မရာတစ်လုံးတည်းနှင့်ဘဲ ရိုက်ကူးနိုင်ပြီး သိပ်အသုံးမဝင်ပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

iPhone 11 Pro ႏွင့္ iPhone 11 Pro Max သုံးသူမ်ား ကင္မရာေလးလုံးစလုံးျဖင့္ ရိုက္ကူးနိုင္မယ့္ FiLMiC Pro ရဲ့ App

FiLMiC ဟာ iPhone 11 မိတ္ဆက္ပြဲတုန္းက ကင္မရာမ်ားစြာျဖင့္ ဗီဒီယိုရိုက္ကူးနိုင္မယ့္ FiLMiC Pro App ကို ေၾကညာခဲ့ပါတယ္။ ယခုအခါ FiLMiC ဟာ ယင္းစနစ္တစ္ခုတည္းသာ သုံးနိုင္မယ့္ App ကို ေၾကညာလာပါတယ္။ App အမည္က DoubleTake ျဖစ္ပါတယ္။ ယင္း App ကို iPhone အသုံးျပဳသူမ်ားအေနျဖင့္ App Store မွာ ေဒါင္းေလာ့ခ္ရယူနိုင္မွာ ျဖစ္ပါတယ္။

DoubleTake App ေၾကာင့္ iPhone အသုံးျပဳသူမ်ားအေနျဖင့္ ဖုန္းပါ ကင္မရာအားလုံးျဖင့္ ရိုက္ကူးနိုင္ပါမယ္။ ဒါေၾကာင့္ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္တဲ့ iPhone 11 Pro ႏွင့္ iPhone 11 Pro Max အသုံးျပဳသူမ်ားအေနျဖင့္ ေရွ႕ကင္မရာအပါအဝင္ ကင္မရာေလးလုံးျဖင့္ ဓာတ္ပုံ၊ ဗီဒီယိုမ်ား ရိုက္ကူးနိုင္မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ DoubleTake App ျဖင့္ ဗီဒီယိုရိုက္ကူးမွုကို 1080p@24/25/30fps ျဖင့္သာ ရိုက္ကူးနိုင္ပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ ဒီ App က iPhone အသုံးျပဳသူမ်ားအတြက္ တကယ္ဘဲ ေက်နပ္စရာေကာင္းတဲ့ App ျဖစ္ပါတယ္။ အထူးသျဖင့္ အခမဲ့ေဒါင္းေလာ့ခ္ဆြဲၿပီး သုံးနိုင္လို႔ ျဖစ္ပါတယ္။

စိတ္မေကာင္းျဖစ္ရတာကေတာ့ ဒီ App ကို 2019 ႏွင့္ 2018 ခုႏွစ္ iPhone မ်ားမွာသာ ကင္မရာအားလုံးျဖင့္ ရိုက္ကူးနိုင္တာ ျဖစ္ပါတယ္။ iPhone ေဟာင္းမ်ားကေတာ့ ကင္မရာတစ္လုံးတည္းႏွင့္ဘဲ ရိုက္ကူးနိုင္ၿပီး သိပ္အသုံးမဝင္ပါဘူး။

NetGuide Journal (Every Wednesday)