Websites

https://www.automobiledirectory.com.mm/
www.automobiledirectory.com.mm ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေ အစုံလင်ဆုံးစုစည်းပေးတဲ့ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ နောက်ဆုံးရမော်တော်ယာဉ်သတင်းတွေနဲ့ လုပ်ငန်းလိပ်စာတွေ အပြည့်အစုံရှာဖွေနိုင်ပြီး မော်တော်ယာဉ်နဲ့ပတ်သက်တဲ့သတင်းတွေကို နေ့စဉ်အချိန်နဲ့ တစ်ပြေးညီဖတ်ရှုနိုင်မှာပါ။ ကားနဲ့ပတ်သက်လို့ လုပ်ဆောင်သင့်တဲ့အချက်တွေ၊ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ review တွေနဲ့ အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများစွာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

https://www.myanmardevjobs.com/
www.myanmardevjobs.com ဟာ အလုပ်ရှင်နဲ့ အလုပ်လိုချင်သူတွေကိုချိတ်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ Developer တွေ၊ Graphics Designer တွေကိုအဓိက ရည်ရွယ်တဲ့ site ဖြစ်ပြီး သင့်တော်ရာအလုပ်တွေကို ရှာဖွေနိုင်မှာပါ။ အသုံးပြုဖို့အတွက် register လုပ်ဖို့လိုအပ်ပြီး Facebook, Google, Twitter အကောင့်တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ အလုပ်ခေါ်ချင်သူတွေရော၊ အလုပ်ရှာချင်သူတွေပါ အပေါ်က Post a job ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်။ ဆောင်းပါးတွေလည်း ဖတ်နိုင်ပါတယ်။

https://mm.myanmartechpress.com/
https://mm.myanmartechpress.com ဟာ မြန်မာနိုင်ငံသားတွေအတွက် နည်းပညာနဲ့ပတ်သက်လို့ အစုံ လင်ဆုံးသိရှိရမယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့သတင်းနဲ့ ဆောင်းပါးတွေ၊ နည်းပညာဆိုင်ရာ application တွေအကြောင်း၊ နည်းပညာအသုံးပြု စီးပွားရေးလုပ်ငန်းတွေအကြောင်း၊ အင်တာနက်ဝန်ဆောင်မှုတွေ အကြောင်း၊ နောက်ဆုံးရ နည်းပညာသတင်း၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ပြပွဲတွေ အကြောင်းတို့ကို သိရှိရမှာဖြစ်ပါတယ်။

Facebook

https://www.facebook.com/FoodoKit/
FoodoKit ဟာ ဘာစားရင်ကောင်းမလဲ အမြဲတွေးနေတတ်တဲ့ foody တို့အတွက် သိထားသင့်တဲ့ ဖေ့စ်ဘွတ် စာမျက်နှာတစ်ခုပါ။ အိမ်မှာရှိတာလေးနဲ့ လွယ်လွယ်ကူကူ ဘယ်လိုအရသာရှိအောင် လုပ်စားနိုင်တယ်ဆိုတာ တွေ အပြင်မှာဈေးမကြီးဘဲ ကောင်းလည်းကောင်း ဈေးလည်းသင့်တဲ့ အစားကောင်းလေးတွေကို ဘယ်နားမှာ ရနိုင်တယ် ဆိုတာတွေကို အပတ်စဉ် ည 8-9PM တွေမှာ Vlogs လေးတွေတင်ပေးနေတာဖြစ်ပါတယ်။ အစား အစာမျိုးစုံကို တင်ဆက်ပေးနေတာဖြစ်လို့ like လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/ASKBurmeseTech/
ASK Tech ဟာ နည်းပညာဗဟုသုတတွေမျှဝေပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်ပြီး နည်းပညာပိုင်းကို ကိုယ်တိုင်စမ်းသပ်လေ့လာလိုတဲ့ ရုံးဝန်ထမ်းတွေနဲ့ နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းတွေအတွက် အဓိက တင်ဆက်ပေးနေတာဖြစ်ပါတယ်။ နည်းပညာ ဗဟုသုတတွေတိုးပွားစေမယ့် ဗီဒီယိုတွေကို ပုံမှန်တင်ပေးနေ တာဖြစ်ပြီး နည်းပညာ အသစ်တွေအကြောင်းနဲ့ ရုံးလုပ်ငန်းတွေမှာအသုံးဝင်တဲ့ အသုံးချပရိုဂရမ်တွေနဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာတွေ အခမဲ့လေ့လာရမှာပါ။

https://www.facebook.com/neonmarketerblog/
Neon, the Marketer ဟာ Digital Marketing အတွေ့အကြုံ များစွာရှိတဲ့ page ပိုင်ရှင် နီယွန်က သူ့ရဲ့ digital marketing အတွေ့အကြုံတွေကိုမျှဝေပေးနေတဲ့နေရာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ marketing အတွေ့အကြုံတွေ၊ digital marketing နဲ့ပတ်သက်သမျှ အသိအမြင်တွေ၊ သဘောထားအမြင်တွေကို ဒီဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေပေးနေတာပါ။ Marketing နယ်ပယ်ထဲရောက်နေသူတွေရော၊ Marketing အကြောင်းလေ့လာမယ့်သူတွေ အတွက်ပါ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Websites

https://www.automobiledirectory.com.mm/



Facebook



