Apple ရဲ့ iPhone 12 ဖုန်းနဲ့ပတ်သတ်တဲ့ သတင်းတွေဟာ ပေါက်ကြားပြီးရင်းပေါက်ကြား ဖြစ်နေပေမယ့် ဒီဖုန်းဟာ 2020 ခုနှစ်အတွက် ကျူပါတီနိုအခြေစိုက်ကုမ္ပဏီက ထွက်လာမယ့် တစ်ခုတည်းသောဖုန်း မဟုတ်လောက်ပါဘူး။ ဘာကြောင့်လဲဆိုရရင် မကြာသေးခင်အချိန်က Apple အနေနဲ့ iPhone SE 2 ကို iPhone 9 ဆိုတဲ့ နာမည်နဲ့ ထုတ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ထားလို့ပါ။ အသစ်ထွက်လာမယ့် တန်ဖိုးနည်း iPhone သစ်ဟာ 2020 ခုနှစ်အတွင်း အရောင်းစံချိန်တွေတောင် တင်နိုင်ပါတယ်။ Apple အရေးကျွမ်းကျင်သူ Ming-Chi Kuo ကတော့ ကုမ္ပဏီအနေနဲ့ 2020 ခုနှစ် ပထမနှစ်ဝက်အတွင်း တန်ဖိုးနည်း iPhone SE 2 ကို ထုတ်ပေးလာမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ Kuo က $ 399 လို့ ပြောထားတဲ့အတွက်ကြောင့် ဒါဟာ တန်ဖိုးသက်သာတဲ့ ဖုန်းရဲ့စျေးနှုန်းလည်း ဖြစ်နိုင်ပါတယ်။
Apple အနေနဲ့ 2016 ခုနှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံးဘတ်ဂျတ်ဖုန်းလို့ သတ်မှတ်နိုင်မယ့် iPhone SE ကို ထုတ်ပေးခဲ့ပါတယ်။ အခုထွက်လာမယ်ဆိုရင်တော့ iPhone 9 (သို့) iPhone SE 2 အနေနဲ့ ဖြစ်လာမှာပါ။ ကြားထဲမှာ ကာလအပိုင်းအခြား အတော်လေးကွာဟသွားတာကြောင့် လုပ်ဆောင်ချက်ပိုင်းနဲ့ ဖုန်းထုတ်လုပ်မှုပုံစံတွေလည်း ကွဲပြားသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အဲ့ဒီဖုန်းထွက်ဖို့ သုံးစွဲသူတွေက အတော်လေး မျှော်လင့်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ မျှော်လင့်မှုတွေဟာ တကယ်ပဲ ဖြစ်လာတော့မှာပါ။ iPhone 9 ဒါမှမဟုတ် iPhone SE 2 ထွက်လာရင် ဘယ်လိုပုံစံမျိုးနဲ့ လာနိုင်လဲ။ ဘယ်လိုအချက်အလက်တွေ ထည့်သွင်းထားမလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာ။ ဒီနေ့အချိန်ထိ iPhone 9 (သို့) iPhone SE 2 နဲ့ ပတ်သတ်တဲ့ ခန့်မှန်းချက်တွေကို ပြန်ဝေမျှပေးထားပါတယ်။

(1). Renders

iPhone SE 2 မှာ 5.4 လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ 5.4 လက်မကျော်လောက်ရှိတဲ့ iPhone 8 နဲ့ မတိမ်းမယိမ်း ဖြစ်လာမှာပါ။ Touch ID ကိုပဲ သုံးထားမှာဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ iPhone SE 2 or iPhone 9 မှာ Samsung အစား LG ရဲ့ LCD Screen ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ iPhone 8 ကို အခြေခံတည်ဆောက်ထားမှာဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ဒီဇိုင်း ဖြစ်လာမှာပါ။
FILE PHOTO: A man looks at Apple’s new iPhone 8 (L) and his iPhone 7 at the Apple Store in Tokyo’s Omotesando shopping district, Japan, September 22, 2017. REUTERS/Issei Kato/File Photo

(2). Two Models

ဒစ်ဂျစ်တိုင်းစ်ကလာတဲ့ သတင်းတွေအရ iPhone SE 2 ကို ဗားရှင်း 2 မျိုးနဲ့ ဖြန့်ချိလာမယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ်ကုန်သွယ်ရေး သတင်းရင်းမြစ်တွေပေါ်မှာ အခြေခံထားတဲ့ ဒီအချက်ဟာ မှန်ချင်မှလည်း မှန်နိုင်ပါလိမ့်မယ်။ နောက်ထပ် သတင်းတွေအရ Apple အနေနဲ့ 2020 မှာ iPhone အသစ် 6 မျိုးအထိ စျေးကွက်တင်သွင်းလာနိုင်ပြီး 4 မျိုးကတော့ iPhone 12 စီးရီးတွေ ဖြစ်နိုင်ကာ 2 မျိုးကတော့ iPhone SE 2 မတူညီတဲ့ ဗားရှင်းတွေဖြစ်မယ်လို့ သိရပါတယ်။ Apple အရေးကျွမ်းကျင်သူ Ming-Chi Kuo ရဲ့ ခန့်မှန်းချက်ကိုပဲ ကိုးကားရမယ်ဆိုရင် 2020 iPhone တွေထဲမှာ 4.7-inch iPhone SE 2 ၊ 5.4-inch iPhone နဲ့ 6.1-inch iPhones က မော်ဒယ် 2 မျိုး၊ 6.7-inch iPhone ဆိုပြီး အသီးသီးထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

(3). Headphone Jack

နောက်ထပ် စဉ်းစားရမှာပါကတော့ မျိုးဆက်သစ်ဖုန်းမှာ headphone jack ပါလာမလား။ ဖြုတ်ထားမလားဆိုတာပါ။ ဒီအချက်တော့ ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ ဘာကြောင့်လဲဆိုရင် apple အနေနဲ့ ပိုကောင်းတဲ့စနစ်တစ်ခုရှာနိုင်မှသာ 3.5 mm headphone jack ကို အစားထိုးနိုင်ပါတယ်။

(4). Better Battery

ပိုကောင်းတဲ့ဘက်ထရီကို ဒီဖုန်းမှာ မြင်ရနိုင်ပါတယ်။ စျေးနှုန်းပိုင်းမှာလည်း သက်သာပြီး တစ်နေကုန်ဘက်ထရီခံတဲ့ ဖုန်းမျိုးဆိုရင် iPhone SE လိုဖုန်းမျိုးက အားရစရာကောင်းလှပါတယ်။ iPhone 7 နဲ့ iPhone 6 တွေရဲ့ ဘက်ထရီတွေ ကောင်းခဲ့သလို iPhone SE 2 မှာလည်း ပိုအဆင့်မြင့်တဲ့ ဘက်ထရီကို ထည့်ထားမှာဖြစ်ပြီး စွမ်းအင်ချွေတာနိုင်စွမ်းရှိမယ်လို့ ဆိုပါတယ်။

(5). Performance

iPhone SE 2 မှာ ဆက်သွယ်မှုပိုကောင်းတဲ့ Liquid Crystal Polymer (LCP) Antenna တပ်ဆင်ထားမယ်လို့ ခန့်မှန်းထားပါတယ်။ သူ့မှာ A13 Chipset နဲ့အတူ RAM ကတော့ 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံတည်ဆောက်ထားမှာဖြစ်ပေမယ့် 3D Touch အစား Haptic Touch ကို အစားထိုးထားမှာ ဖြစ်ပါတယ်။ Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။

More iPhone SE 2 Rumors, News And Leaks

(6). iPhone 11 နဲ့ 11 Pro မှာ သုံးထားတဲ့ ပရိုဆက်ဆာပဲ သုံးလာမလား

Bloomberg, Kuo နဲ့ Nikkei Asian Review တို့ရဲ့ အဆိုအရ iPhone SE အသစ်မှာ နောက်ဆုံးပေါ် A13 Bionic chip ကို သုံးလာမယ်လို့ သိရပါတယ်။ ပထမမျိုးဆက် iPhone SE တုန်းကတော့ iPhone 6S မှာ သုံးတဲ့ A9 chip သာ ထည့်သွင်းပေးခဲ့ပါတယ်။

(7). ဖုန်းအသစ်ဟာ ဒေါ်လာ 400 လောက် ကုန်ကျမယ်

အသစ်ထွက်လာမယ့် ဖုန်းအသစ်ဟာ ဒေါ်လာ 400 ဝန်းကျင်လောက်နဲ့ ဝယ်ယူရနိုင်ပြီး iPhone 11 နဲ့ iPhone 11 Pro တို့ထက် စျေးသက်သာမှာကတော့ အမှန်ပါ။ ထိပ်တန်း iPhone တွေထက် ဒေါ်လာ 600 ၊ 700 လောက် စျေးသက်သာမှာပါ။ ဒီစျေးနှုန်းဟာ Google’s ရဲ့ ဒေါ်လာ 400 တန် Pixel 3a နဲ့  iPhone 8 တို့နဲ့ သွားတူနေပါလိမ့်မယ်။ iPhone 8 ကို လက်ရှိအချိန်မှာ ဒေါ်လာ 450 နဲ့ ရောင်းချနေပါတယ်။ စျေးကတော့ iPhone SE 2 64GB ကို $399, 128GB ကို $449 နဲ့ လာမယ်လို့ ခန့်မှန်းရပါတယ်။

(8). Liquid Crystal Display ကိုသာ သုံးမယ်

liquid crystal display ဆိုတာ apple ရဲ့ စျေးနည်းတဲ့ ဖုန်းတွေမှာ သုံးနေတဲ့ display မျိုး ဖြစ်ပါတယ်။ iPhone SE 2 မှာလည်း LCD screen ကို သုံးလာမယ်လို့ Nikkei Asian Review က ပြောထားပါတယ်။ သူဟာ high-end iPhones တွေမှာပါတဲ့ OLED displays တွေနဲ့ မတူပဲ အနက်ရောင်ကို တိတိကျကျ ပြသပါတယ်။ ဒါဟာ အံ့အားသင့်စရာကိစ္စတော့ မဟုတ်ပါဘူး။ OLED screens တွေထက် ပိုစျေးသက်သာတာကြောင့် ဖြစ်ပါတယ်။ သူ့ကို စျေးသက်သာတဲ့ iPhone တွေဖြစ်တဲ့ iPhone 11 နဲ့ iPhone XR လိုဖုန်းတွေမှာ သုံးထားတာ တွေ့ရမှာပါ။

(9). Apple အဟောင်းတွေလိုမျိုး Touch ID Home Button နဲ့ လာမယ်

Apple အနေနဲ့ သေးငယ်ပြီး စျေးပေါတဲ့ iPhone မှာ home button အနေနဲ့ Touch ID fingerprint scanner ကိုသာ ပြန်သုံးလာမှာဖြစ်တယ်လို့ Bloomberg ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သေချာတာကတော့ သင့်အနေနဲ့ နောက်ဆုံးပေါ် iPhone တွေမှာလိုမျိုး မျက်နှာမှတ်မိသိရှိမှုစနစ်ကို ဒီဖုန်းမှာ သုံးလို့မရနိုင်ပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

iPhone SE 2 (aka iPhone 9) : Everything We Know So Far

Apple ရဲ႕ iPhone 12 ဖုန္းနဲ႔ပတ္သတ္တဲ့ သတင္းေတြဟာ ေပါက္ၾကားၿပီးရင္းေပါက္ၾကား ျဖစ္ေနေပမယ့္ ဒီဖုန္းဟာ 2020 ခုႏွစ္အတြက္ က်ဴပါတီႏိုအေျခစိုက္ကုမၸဏီက ထြက္လာမယ့္ တစ္ခုတည္းေသာဖုန္း မဟုတ္ေလာက္ပါဘူး။ ဘာေၾကာင့္လဲဆုိရရင္ မၾကာေသးခင္အခ်ိန္က Apple အေနနဲ႔ iPhone SE 2 ကို iPhone 9 ဆုိတဲ့ နာမည္နဲ႔ ထုတ္လာမယ္ဆိုတဲ့ သတင္းေတြ ထြက္ထားလုိ႔ပါ။ အသစ္ထြက္လာမယ့္ တန္ဖုိးနည္း iPhone သစ္ဟာ 2020 ခုႏွစ္အတြင္း အေရာင္းစံခ်ိန္ေတြေတာင္ တင္ႏုိင္ပါတယ္။ Apple အေရးကၽြမ္းက်င္သူ Ming-Chi Kuo ကေတာ့ ကုမၸဏီအေနနဲ႔ 2020 ခုႏွစ္ ပထမႏွစ္ဝက္အတြင္း တန္ဖိုးနည္း iPhone SE 2 ကို ထုတ္ေပးလာမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။ Kuo က $ 399 လို႔ ေျပာထားတဲ့အတြက္ေၾကာင့္ ဒါဟာ တန္ဖိုးသက္သာတဲ့ ဖုန္းရဲ႕ေစ်းႏႈန္းလည္း ျဖစ္ႏိုင္ပါတယ္။
Apple အေနနဲ႔ 2016 ခုႏွစ္မွာ ကုမၸဏီရဲ႕ ပထမဆုံးဘတ္ဂ်တ္ဖုန္းလို႔ သတ္မွတ္ႏိုင္မယ့္ iPhone SE ကို ထုတ္ေပးခဲ့ပါတယ္။ အခုထြက္လာမယ္ဆုိရင္ေတာ့ iPhone 9 (သို႔) iPhone SE 2 အေနနဲ႔ ျဖစ္လာမွာပါ။ ၾကားထဲမွာ ကာလအပိုင္းအျခား အေတာ္ေလးကြာဟသြားတာေၾကာင့္ လုပ္ေဆာင္ခ်က္ပိုင္းနဲ႔ ဖုန္းထုတ္လုပ္မႈပုံစံေတြလည္း ကြဲျပားသြားပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အဲ့ဒီဖုန္းထြက္ဖုိ႔ သုံးစြဲသူေတြက အေတာ္ေလး ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒီႏွစ္မွာေတာ့ ေမွ်ာ္လင့္မႈေတြဟာ တကယ္ပဲ ျဖစ္လာေတာ့မွာပါ။ iPhone 9 ဒါမွမဟုတ္ iPhone SE 2 ထြက္လာရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔ လာႏုိင္လဲ။ ဘယ္လိုအခ်က္အလက္ေတြ ထည့္သြင္းထားမလဲ။ ဒါေတြကလည္း စိတ္ဝင္စားစရာ။ ဒီေန႔အခ်ိန္ထိ iPhone 9 (သို႔) iPhone SE 2 နဲ႔ ပတ္သတ္တဲ့ ခန္႔မွန္းခ်က္ေတြကို ျပန္ေဝမွ်ေပးထားပါတယ္။

(1). Renders

iPhone SE 2 မွာ 5.4 လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ သတင္းထြက္လာပါတယ္။ 5.4 လက္မေက်ာ္ေလာက္ရွိတဲ့ iPhone 8 နဲ႔ မတိမ္းမယိမ္း ျဖစ္လာမွာပါ။ Touch ID ကိုပဲ သုံးထားမွာျဖစ္ၿပီး မ်က္ႏွာျပင္ေဘးေဘာင္ေတြက ပါးလႊာမွာ ျဖစ္ပါတယ္။ အရင္ထြက္ခဲ့တဲ့ သတင္းအရ Apple ဟာ iPhone SE 2 or iPhone 9 မွာ Samsung အစား LG ရဲ႕ LCD Screen ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ iPhone 8 ကို အေျခခံတည္ေဆာက္ထားမွာျဖစ္ၿပီး မူလ iPhone SE ထက္ ေကြးၫႊတ္တဲ့ဒီဇိုင္း ျဖစ္လာမွာပါ။
FILE PHOTO: A man looks at Apple’s new iPhone 8 (L) and his iPhone 7 at the Apple Store in Tokyo’s Omotesando shopping district, Japan, September 22, 2017. REUTERS/Issei Kato/File Photo

(2). Two Models

ဒစ္ဂ်စ္တိုင္းစ္ကလာတဲ့ သတင္းေတြအရ iPhone SE 2 ကို ဗားရွင္း 2 မ်ိဳးနဲ႔ ျဖန္႔ခ်ိလာမယ္လို႔လည္း သိရပါတယ္။ ထုိင္ဝမ္ကုန္သြယ္ေရး သတင္းရင္းျမစ္ေတြေပၚမွာ အေျခခံထားတဲ့ ဒီအခ်က္ဟာ မွန္ခ်င္မွလည္း မွန္ႏိုင္ပါလိမ့္မယ္။ ေနာက္ထပ္ သတင္းေတြအရ Apple အေနနဲ႔ 2020 မွာ iPhone အသစ္ 6 မ်ိဳးအထိ ေစ်းကြက္တင္သြင္းလာႏိုင္ၿပီး 4 မ်ိဳးကေတာ့ iPhone 12 စီးရီးေတြ ျဖစ္ႏိုင္ကာ 2 မ်ိဳးကေတာ့ iPhone SE 2 မတူညီတဲ့ ဗားရွင္းေတြျဖစ္မယ္လို႔ သိရပါတယ္။ Apple အေရးကၽြမ္းက်င္သူ Ming-Chi Kuo ရဲ႕ ခန္႔မွန္းခ်က္ကိုပဲ ကိုးကားရမယ္ဆိုရင္ 2020 iPhone ေတြထဲမွာ 4.7-inch iPhone SE 2 ၊ 5.4-inch iPhone နဲ႔ 6.1-inch iPhones က ေမာ္ဒယ္ 2 မ်ိဳး၊ 6.7-inch iPhone ဆိုၿပီး အသီးသီးထြက္လာမယ္လို႔ ခန္႔မွန္းထားပါတယ္။

(3). Headphone Jack

ေနာက္ထပ္ စဥ္းစားရမွာပါကေတာ့ မ်ိဳးဆက္သစ္ဖုန္းမွာ headphone jack ပါလာမလား။ ျဖဳတ္ထားမလားဆိုတာပါ။ ဒီအခ်က္ေတာ့ ျဖစ္ႏုိင္ေျခအရမ္းနည္းပါတယ္။ ဘာေၾကာင့္လဲဆိုရင္ apple အေနနဲ႔ ပိုေကာင္းတဲ့စနစ္တစ္ခုရွာႏုိင္မွသာ 3.5 mm headphone jack ကို အစားထုိးႏိုင္ပါတယ္။

(4). Better Battery

ပိုေကာင္းတဲ့ဘက္ထရီကို ဒီဖုန္းမွာ ျမင္ရႏိုင္ပါတယ္။ ေစ်းႏႈန္းပိုင္းမွာလည္း သက္သာၿပီး တစ္ေနကုန္ဘက္ထရီခံတဲ့ ဖုန္းမ်ိဳးဆိုရင္ iPhone SE လိုဖုန္းမ်ိဳးက အားရစရာေကာင္းလွပါတယ္။ iPhone 7 နဲ႔ iPhone 6 ေတြရဲ႕ ဘက္ထရီေတြ ေကာင္းခဲ့သလို iPhone SE 2 မွာလည္း ပိုအဆင့္ျမင့္တဲ့ ဘက္ထရီကို ထည့္ထားမွာျဖစ္ၿပီး စြမ္းအင္ေခၽြတာႏုိင္စြမ္းရွိမယ္လို႔ ဆိုပါတယ္။

(5). Performance

iPhone SE 2 မွာ ဆက္သြယ္မႈပိုေကာင္းတဲ့ Liquid Crystal Polymer (LCP) Antenna တပ္ဆင္ထားမယ္လို႔ ခန႔္မွန္းထားပါတယ္။ သူ႔မွာ A13 Chipset နဲ႔အတူ RAM ကေတာ့ 3GB RAM ေတြ ထည့္သြင္းထားႏိုင္ၿပီး 64GB/128GB Storage ေတြ ေရြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ iPhone 8 ကို အေျခခံတည္ေဆာက္ထားမွာျဖစ္ေပမယ့္ 3D Touch အစား Haptic Touch ကို အစားထိုးထားမွာ ျဖစ္ပါတယ္။ Kuo က Sliver, Red နဲ႔ Space Gray အေရာင္ေတြ ထုတ္ထားမယ္လို႔ ေျပာထားပါတယ္။

More iPhone SE 2 Rumors, News And Leaks

(6). iPhone 11 နဲ႔ 11 Pro မွာ သုံးထားတဲ့ ပ႐ိုဆက္ဆာပဲ သုံးလာမလား

Bloomberg, Kuo နဲ႔ Nikkei Asian Review တို႔ရဲ႕ အဆိုအရ iPhone SE အသစ္မွာ ေနာက္ဆံုးေပၚ A13 Bionic chip ကို သုံးလာမယ္လို႔ သိရပါတယ္။ ပထမမ်ိဳးဆက္ iPhone SE တုန္းကေတာ့ iPhone 6S မွာ သုံးတဲ့ A9 chip သာ ထည့္သြင္းေပးခဲ့ပါတယ္။

(7). ဖုန္းအသစ္ဟာ ေဒၚလာ 400 ေလာက္ ကုန္က်မယ္

အသစ္ထြက္လာမယ့္ ဖုန္းအသစ္ဟာ ေဒၚလာ 400 ဝန္းက်င္ေလာက္နဲ႔ ဝယ္ယူရႏိုင္ၿပီး iPhone 11 နဲ႔ iPhone 11 Pro တို႔ထက္ ေစ်းသက္သာမွာကေတာ့ အမွန္ပါ။ ထိပ္တန္း iPhone ေတြထက္ ေဒၚလာ 600 ၊ 700 ေလာက္ ေစ်းသက္သာမွာပါ။ ဒီေစ်းႏႈန္းဟာ Google’s ရဲ႕ ေဒၚလာ 400 တန္ Pixel 3a နဲ႔  iPhone 8 တို႔နဲ႔ သြားတူေနပါလိမ့္မယ္။ iPhone 8 ကို လက္ရွိအခ်ိန္မွာ ေဒၚလာ 450 နဲ႔ ေရာင္းခ်ေနပါတယ္။ ေစ်းကေတာ့ iPhone SE 2 64GB ကို $399, 128GB ကို $449 နဲ႔ လာမယ္လို႔ ခန္႔မွန္းရပါတယ္။

(8). Liquid Crystal Display ကိုသာ သုံးမယ္

liquid crystal display ဆိုတာ apple ရဲ႕ ေစ်းနည္းတဲ့ ဖုန္းေတြမွာ သုံးေနတဲ့ display မ်ိဳး ျဖစ္ပါတယ္။ iPhone SE 2 မွာလည္း LCD screen ကို သုံးလာမယ္လို႔ Nikkei Asian Review က ေျပာထားပါတယ္။ သူဟာ high-end iPhones ေတြမွာပါတဲ့ OLED displays ေတြနဲ႔ မတူပဲ အနက္ေရာင္ကို တိတိက်က် ျပသပါတယ္။ ဒါဟာ အံ့အားသင့္စရာကိစၥေတာ့ မဟုတ္ပါဘူး။ OLED screens ေတြထက္ ပိုေစ်းသက္သာတာေၾကာင့္ ျဖစ္ပါတယ္။ သူ႔ကို ေစ်းသက္သာတဲ့ iPhone ေတြျဖစ္တဲ့ iPhone 11 နဲ႔ iPhone XR လိုဖုန္းေတြမွာ သုံးထားတာ ေတြ႕ရမွာပါ။

(9). Apple အေဟာင္းေတြလိုမ်ိဳး Touch ID Home Button နဲ႔ လာမယ္

Apple အေနနဲ႔ ေသးငယ္ၿပီး ေစ်းေပါတဲ့ iPhone မွာ home button အေနနဲ႔ Touch ID fingerprint scanner ကိုသာ ျပန္သုံးလာမွာျဖစ္တယ္လို႔ Bloomberg ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ေသခ်ာတာကေတာ့ သင့္အေနနဲ႔ ေနာက္ဆုံးေပၚ iPhone ေတြမွာလိုမ်ိဳး မ်က္ႏွာမွတ္မိသိရွိမႈစနစ္ကို ဒီဖုန္းမွာ သုံးလို႔မရႏိုင္ပါဘူး။

NetGuide Journal (Every Wednesday)