iPhone 7 Plus ကို 2016 ခုနှစ်ကတည်းက ထုတ်လုပ်ထားပြီး ဈေးကွက်ထဲရောက်ရှိနေတာ 4 နှစ်နီးပါးရှိပြီဖြစ်ပေမယ့် အခုချိန်ထိတန်းဝင်အဆင့်မှာရှိနေပါသေးတယ်။ ၎င်းဟာ Plus ဖုန်းဖြစ်တဲ့အတွက် အရွယ်အစားကြီးမားပြီး ပထမဆုံး အနောက် Dual Camera ပါရှိလာသလို Bokeh effect တွေနဲ့ Portrait ဓာတ်ပုံတွေကိုလည်း ရိုက်ယူနိုင်တဲ့ iPhone တစ်လုံးပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့အရင်ထုတ်လုပ်ထားတဲ့ iPhone 6 series ထက် အရည်အသွေးပိုင်းမှာတော်တော်လေးပိုမိုကောင်းမွန်လာပါတယ်။ သူ့ရဲ့ဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးနဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်းသလို အားလုံးသိကြတဲ့အတိုင်းပဲ iPhone တွေရဲ့ စွမ်းဆောင်ရည်ကလည်း ပေးရတဲ့ဈေးနှုန်းနဲ့ထိုက်တန်မှုရှိတာကိုလည်းတွေ့ရပါတယ်။ ၎င်းက IP67 certified ရရှိထားလို့ ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ရေအနက် 1 မီတာမှာလည်း မိနစ် 30 ကြာမျှ ဖုန်းအသုံးပြုနိုင်ပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေ အားလုံးမှာအသုံးပြုနိုင်ပြီး Nano SIM card 1 card ကိုသာ ထည့်စိုက်သုံးနိုင်ပါတယ်။

  • Design & Build
    ဒီဇိုင်းပုံစံက တောင့်တောင့်တင်းတင်းနဲ့ iPhone ရဲ့ အရင်ပုံစံမျိုးပဲဖြစ်ပြီး Pyhsical Home Button က အောက်ခြေဘောင်ပေါ်မှာ တည်ရှိပါတယ်။ ၎င်း Home Button မှာပဲ fingerprint scanner ကိုတပ်ဆင်ပေးထားပြီး အရှေ့ဘက်ကိုအကြမ်းခံတဲ့ Glass နဲ့တည်ဆောက်ပေးထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Ion-strengthened glass နဲ့ oleophobic coating တွေကို ထပ်မံဖုံးအုပ်ကာကွယ်ထားပါတယ်။ ဒါကြောင့် ပြုတ်ကျမှုဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့အပြင် Premium ကျပြီး ဆွဲဆောင်မှုလည်း ရှိနေပါတယ်။ ဖုန်း အရွယ်အစားက 158.2 x 77.9 x 7.3 mm ရှိပြီး အလေးချိန်က 188g လေးပါတယ်။ ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ဘယ်ဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်တွေပါရှိပြီး နောက်ကျောဘက်ညာဘက်ထောင့်မှာတော့ အနောက် Dual Camera 2 လုံးနဲ့ LED Flash မီးလုံးတို့ကို အလျားလိုက်အနေအထားနဲ့တွေ့ရပါတယ်။ ၎င်းကိုရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ Jet Black, Black, Silver, Gold, Rose Gold, Red ဆိုတဲ့ ဆန်းသစ်တဲ့ အရောင် 5 မျိုးပဲဖြစ်ပါတယ်။
  • Display
    မျက်နှာပြင်အကျယ်က 5.5-inch ရှိပြီး LED-backlit IPS LCD capacitive touchscreen Display က 1080 x 1920 pixels အရည်အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး Wide color gamut display ကိုမှ အကြမ်းခံနိုင်အောင် Ion-strengthened glass နဲ့ oleophobic coating တွေကိုလည်း ထပ်မံဖုံးအုပ်ကာကွယ်ပေးထားပါသေးတယ်။
  • Operating System and Camera
    အထဲမှာ hassel free user experience ကို ပေးစွမ်းနိုင်တဲ့ iOS 10.0.1 ကိုသုံးထားပြီး iOS 12 ကိုလည်း ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ အနောက်ကင်မရာက 12MP+12MP dual primary camera ဖြစ်ပြီး 12MP+12MP dual primary camera 2 ဆ၊ Digital Zoom 1 ဆအထိ ဆွဲရိုက်နိုင်ပါတယ်။ အရှေ့ selfie ကင်မရာကတော့ 7 MP နဲ့ f/2.2 aperture စွမ်းအားတွေရှိပြီး FaceTime HD 7MP camera ကနေ FaceTime Video Calling စနစ်ကိုလည်းသုံးနိုင်ပါတယ်။
  • Performance
    ကိုယ်ထည်ထဲမှာသုံးထားတဲ့ Apple A10 Fusion မှာ high performance core 2 ခုနဲ့ high efficiency core 2 ခုပါရှိတာမို့ အရင်ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားသလို Quad-Core 2.34 GHz (2x Hurricane + 2x Zephyr) နဲ့ Six Cores Graphics Card ဖြစ်တဲ့ PowerVR Series 7XT Plus တို့ကြောင့် အလွန် လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းကလည်း အထူးကောင်း မွန်ပါတယ်။
  • Battery
    ၎င်းမှာ Non-removable Li-Ion 2900mAh battery (11.1 Wh) ကိုထည့်သွင်းထားလို့ ဖုန်းအားအပြည့် သွင်းထားရင် နာရီပေါင်း 21 နာရီ ကြာမျှ ဖုန်းပြောဆိုနိုင်ပြီး သီချင်းတွေကို နာရီပေါင်း 60 ကျော် ဆက်တိုက် နားထောင်နိုင်ပါတယ်။

Specification
Display : 5.5 inches, Retina IPS LCD capacitive touchscreen
Memory : 128GB, 3GB RAM, (No Card Slot)
Camera : Dual : 12+12 MP / Single : 7 MP (Front)
OS : iOS 10.0.1, upgradable to iOS 13.3
Battery : Non-removable Li-Ion 2900 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 840,000/-

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

iPhone 7 Plus


  • Design & Build
  • Display
  • Performance
  • Battery

Specification
Price : 840,000/-
