မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook ကနေ Saved ထားတဲ့ Video တွေကို ဒေါင်းချင်လို့ပါ။ ဘယ်ကနေ ဒေါင်းလို့ရမလဲခင်ဗျာ။
ဖြေ – Google Play Store Or apkpure ကနေ Facebook Video Downloader apk ကို ဒေါင်းပြီး အဲ့ကနေ အလွယ်တကူ Copylink လုပ်ပြီး ဒေါင်းနိုင်ပါတယ်။ Tubemate ကနေလည်း အကောင့်ဝင်ပြီးတော့ Normal Quality နဲ့ ဒေါင်းလို့ရပါတယ်ခင်ဗျာ။

မေး – ကျွန်တော်က အားသွင်းပြီးတော့ Facebook ကို သုံးပါတယ်။ တစ်ခါတစ်လေမှာ PUBG တို့ Call of Duty တို့ Mobile Legends တို့ကိုလည်း ဆော့ပါတယ်။ ကြာလာရင် စက်ပူလာတာကို တွေ့ရပါတယ်။ အဲ့လိုမျိုးသုံးတာက အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ။
ဖြေ – ဖုန်းပေါက်ကွဲတာမျိုးက အဖြစ်နည်းပေမယ့် ရေရှည်မှာတော့ ဖုန်းကို အားသွင်းရင်းနဲ့ အသုံးပြုခြင်းက ဖုန်းရဲ့ စက်ပြားသက်တမ်းကို တိုစေပြီးတော့ ပါ၀ါပိုင်းကို ထိခိုက်သွားနိုင်ပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့်ရဲ့ဖုန်းက Huawei Y9 2019 ပါ။ ကျောဘက်ကင်မရာလေး ကွဲသွားလို့ပါ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။ စျေးကရော ကြီးသလားအစ်ကိုရေ။
ဖြေ – ပြန်ပြုပြင်လို့ ရနိုင်ပါတယ်။ စျေးမကြီးပါဘူးခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Samsung Note 2 ပါ။ ပထမတစ်ခါ LCD နဲ့ Touch လဲပါတယ်။ လအနည်းငယ်ကြာတော့ ပြန်ဖြစ်သွားပါတယ်။ နောက်တစ်ခါ ထပ်လဲပါတယ်။ အရင်အတိုင်းပဲ ထပ်ဖြစ်ပါတယ်။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။ ပြင်ပေးတဲ့ ဆိုင်ကပဲ ညံ့လို့ဖြစ်တာလားအစ်ကိုရေ။
ဖြေ – စက်ပြားပေါ်မှာရှိတဲ့ Touch IC နဲ့ LCD ပိုင်းတွေမှာ Error တွေ ရှိနေတတ်ရင် ဖြစ်တတ်ပါတယ်။ ဖြစ်တာများရင်တော့ စက်ပြားပိုင်းကိုစစ်ဖို့ လိုအပ်လာပါလိမ့်မယ်။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Power ခလုတ်လေးက ကျွံနေလို့ပါခင်ဗျာ။ ပြန်ပြုပြင်လို့ရော ရနိုင်ပါသလား။
ဖြေ – ဖုန်းရဲ့အမျိုးအစားလေးကိုပါပြောရင် ပိုအဆင်ပြေပါလိမ့်မယ်။ Service ကောင်းတဲ့ဆိုင်တွေမှာ ခလုတ်ထွင်ပြီးတော့ ပြုပြင်ပေးတာမို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းလေးပါ။ Software Update တင်လိုက်ပြီးတော့ Logo ပြန်တက်လာပါတယ်။ ဒါပေမဲ့ Email တွေကို တောင်းနေလို့ပါ။ ရှေ့ကို ဆက်လို့မရဘူးဖြစ်နေတာက ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – အရင် Software Version တုန်းက ၀င်ထားတဲ့ Google Account ကို ပြန်တောင်းတာပါ။ ပြန်ထည့်ပေးလိုက်ရင်တော့ ရသွားပါလိမ့်မယ်။ မေ့သွားရင်တော့ Google FRP Lock ကျသွားပါပြီ။ ဆိုင်မှာပြန်ဖြည်လို့တော့ ရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ဖုန်းတွေမှာ Virus ၀င် မဝင်ကို ဘယ်လိုသိရှိနိုင်ပါသလဲခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးပါဦး အစ်ကိုရေ။
ဖြေ – Mobile Phone ထဲ Virus ၀င်တဲ့ လက္ခဏာတွေကတော့ လိုင်းဖွင့်တာနဲ့ Application တွေက အလိုလိုဒေါင်းနေတာမျိုး၊ လက်ရှိသုံးနေတဲ့ Application တွေက အလုပ်လုပ်တော့တာမျိုး၊ ဘက်ထရီအားက အကုန်မြန်နေတာမျိုး၊ မသိတဲ့ကြော်ငြာတွေက ၀င်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဖို့အတွက်ကတော့ Anti Virus Application တွေကို ကတ်နဲ့ဝယ်ပြီးတော့ အသုံးပြုလို့ ရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ စာလုံး Font တွေက ပုံမှန်မဟုတ်ဘဲနဲ့ တစ်ခုနဲ့တစ်ခုကို ထပ်ထပ်နေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာကြောင့်ပါလဲအစ်ကိုရေ။ ဖြေကြားပေးပါဦး။
ဖြေ – ယခုလက်ရှိမှာ ပြောင်းလဲထားတဲ့ Zawgyi နဲ့ Unicode တွေကြောင့် ဖြစ်နိုင်ပါတယ်။ Google Play Store နဲ့ Apkpure မှာ မြန်မာစာမှန်တဲ့ Apk ကို ဒေါင်းပြီး ပြင်လို့ရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားဝင်တာ နှေးနေလို့ပါ။ 1 ရာခိုင်နှုန်းတက်ဖို့ကို တော်တော်ကြာပါတယ်။ အဲ့ဒါက ဘယ်လိုဖြစ်တာပါလဲ။ Battery ကြောင့်လား၊ အားသွင်းကြိုးကြောင့်ပါလားခင်ဗျာ။
ဖြေ – သူ့ Original ကြိုးနဲ့သွင်းတာကိုမှ ဖြစ်တယ်ဆိုရင် Battery ပိုင်းကို စစ်ကြည့်ရပါမယ်။ အားသွင်းကြိုးက သူ့ Original ကြိုးမဟုတ်ရင်တော့ Amphere မြင့်တဲ့ အားသွင်းကြိုးကို ပြောင်းသုံးလိုက်ပါ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook ကေန Saved ထားတဲ့ Video ေတြကို ေဒါင္းခ်င္လို႔ပါ။ ဘယ္ကေန ေဒါင္းလုိ႔ရမလဲခင္ဗ်ာ။
ေျဖ – Google Play Store Or apkpure ကေန Facebook Video Downloader apk ကို ေဒါင္းၿပီး အဲ့ကေန အလြယ္တကူ Copylink လုပ္ၿပီး ေဒါင္းႏိုင္ပါတယ္။ Tubemate ကေနလည္း အေကာင့္၀င္ၿပီးေတာ့ Normal Quality နဲ႔ ေဒါင္းလို႔ရပါတယ္ခင္ဗ်ာ။

ေမး – ကြၽန္ေတာ္က အားသြင္းၿပီးေတာ့ Facebook ကို သံုးပါတယ္။ တစ္ခါတစ္ေလမွာ PUBG တို႔ Call of Duty တို႔ Mobile Legends တို႔ကိုလည္း ေဆာ့ပါတယ္။ ၾကာလာရင္ စက္ပူလာတာကို ေတြ႕ရပါတယ္။ အဲ့လိုမ်ိဳးသံုးတာက အႏၲရာယ္ရိွႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဖုန္းေပါက္ကြဲတာမ်ိဳးက အျဖစ္နည္းေပမယ့္ ေရရွည္မွာေတာ့ ဖုန္းကို အားသြင္းရင္းနဲ႔ အသံုးျပဳျခင္းက ဖုန္းရဲ႕ စက္ျပားသက္တမ္းကို တိုေစၿပီးေတာ့ ပါ၀ါပိုင္းကို ထိခိုက္သြားႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ရဲ႕ဖုန္းက Huawei Y9 2019 ပါ။ ေက်ာဘက္ကင္မရာေလး ကြဲသြားလို႔ပါ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။ ေစ်းကေရာ ႀကီးသလားအစ္ကိုေရ။
ေျဖ – ျပန္ျပဳျပင္လို႔ ရႏိုင္ပါတယ္။ ေစ်းမႀကီးပါဘူးခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Samsung Note 2 ပါ။ ပထမတစ္ခါ LCD နဲ႔ Touch လဲပါတယ္။ လအနည္းငယ္ၾကာေတာ့ ျပန္ျဖစ္သြားပါတယ္။ ေနာက္တစ္ခါ ထပ္လဲပါတယ္။ အရင္အတိုင္းပဲ ထပ္ျဖစ္ပါတယ္။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ျပင္ေပးတဲ့ ဆိုင္ကပဲ ညံ့လို႔ျဖစ္တာလားအစ္ကိုေရ။
ေျဖ – စက္ျပားေပၚမွာရိွတဲ့ Touch IC နဲ႔ LCD ပိုင္းေတြမွာ Error ေတြ ရွိေနတတ္ရင္ ျဖစ္တတ္ပါတယ္။ ျဖစ္တာမ်ားရင္ေတာ့ စက္ျပားပိုင္းကိုစစ္ဖို႔ လိုအပ္လာပါလိမ့္မယ္။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Power ခလုတ္ေလးက ကြၽံေနလို႔ပါခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ေရာ ရႏိုင္ပါသလား။
ေျဖ – ဖုန္းရဲ႕အမ်ိဳးအစားေလးကိုပါေျပာရင္ ပိုအဆင္ေျပပါလိမ့္မယ္။ Service ေကာင္းတဲ့ဆိုင္ေတြမွာ ခလုတ္ထြင္ၿပီးေတာ့ ျပဳျပင္ေပးတာမို႔ ရႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung ဖုန္းေလးပါ။ Software Update တင္လိုက္ၿပီးေတာ့ Logo ျပန္တက္လာပါတယ္။ ဒါေပမဲ့ Email ေတြကို ေတာင္းေနလို႔ပါ။ ေရွ႕ကို ဆက္လုိ႔မရဘူးျဖစ္ေနတာက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – အရင္ Software Version တုန္းက ၀င္ထားတဲ့ Google Account ကို ျပန္ေတာင္းတာပါ။ ျပန္ထည့္ေပးလိုက္ရင္ေတာ့ ရသြားပါလိမ့္မယ္။ ေမ့သြားရင္ေတာ့ Google FRP Lock က်သြားပါၿပီ။ ဆိုင္မွာျပန္ျဖည္လို႔ေတာ့ ရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ဖုန္းေတြမွာ Virus ၀င္ မ၀င္ကို ဘယ္လိုသိရိွႏိုင္ပါသလဲခင္ဗ်ာ။ ေက်းဇူးျပဳၿပီးေတာ့ ေျဖၾကားေပးပါဦး အစ္ကိုေရ။
ေျဖ – Mobile Phone ထဲ Virus ၀င္တဲ့ လကၡဏာေတြကေတာ့ လိုင္းဖြင့္တာနဲ႔ Application ေတြက အလိုလိုေဒါင္းေနတာမ်ိဳး၊ လက္ရိွသံုးေနတဲ့ Application ေတြက အလုပ္လုပ္ေတာ့တာမ်ိဳး၊ ဘက္ထရီအားက အကုန္ျမန္ေနတာမ်ိဳး၊ မသိတဲ့ေၾကာ္ျငာေတြက ၀င္လာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ကာကြယ္ဖို႔အတြက္ကေတာ့ Anti Virus Application ေတြကို ကတ္နဲ႔၀ယ္ၿပီးေတာ့ အသံုးျပဳလို႔ ရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ စာလံုး Font ေတြက ပံုမွန္မဟုတ္ဘဲနဲ႔ တစ္ခုနဲ႔တစ္ခုကို ထပ္ထပ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာေၾကာင့္ပါလဲအစ္ကိုေရ။ ေျဖၾကားေပးပါဦး။
ေျဖ – ယခုလက္ရိွမွာ ေျပာင္းလဲထားတဲ့ Zawgyi နဲ႔ Unicode ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Google Play Store နဲ႔ Apkpure မွာ ျမန္မာစာမွန္တဲ့ Apk ကို ေဒါင္းၿပီး ျပင္လို႔ရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အား၀င္တာ ေႏွးေနလို႔ပါ။ 1 ရာခိုင္ႏႈန္းတက္ဖို႔ကို ေတာ္ေတာ္ၾကာပါတယ္။ အဲ့ဒါက ဘယ္လိုျဖစ္တာပါလဲ။ Battery ေၾကာင့္လား၊ အားသြင္းႀကိဳးေၾကာင့္ပါလားခင္ဗ်ာ။
ေျဖ – သူ႕ Original ႀကိဳးနဲ႔သြင္းတာကိုမွ ျဖစ္တယ္ဆိုရင္ Battery ပိုင္းကို စစ္ၾကည့္ရပါမယ္။ အားသြင္းႀကိဳးက သူ႕ Original ႀကိဳးမဟုတ္ရင္ေတာ့ Amphere ျမင့္တဲ့ အားသြင္းႀကိဳးကို ေျပာင္းသံုးလိုက္ပါ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-09-956559760, 09-683746227, 09-459212592 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)