Samsung ကနေ Huawei အထိ ကမ္ဘာမှာ လူတွေနှစ်ခြိုက်စွာ အသုံးပြုနေတဲ့ Android စမတ်ဖုန်းအမှတ်တံဆိပ် အမြောက်အမြား ရှိပါတယ်။ တကယ်လို့များ သင်ဟာ Android စမတ်ဖုန်းအသုံးပြုသူတစ်ဦးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ App တွေကို ဖုန်းထဲမှာ သွင်းထားမိတယ်ဆိုရင် အမြန်ဆုံးဖျက်ပစ်ဖို့ လိုအပ်နေပါတယ်။

Sophos မှ သုသေသီများက အသုံးပြုသူများထံမှ ငွေပေါင်းများစွာကို လိမ်ညာရယူနေတဲ့ App များကို ရှာဖွေဖော်ထုတ်လုပ်လာကြပါတယ်။ ယင်း App များက အမြည်းအဖြစ် သုံးပြီးရင် မဖြစ်မနေ Subscription မလုပ်လို့ မရတော့တဲ့ App တွေ ဖြစ်ပါတယ်။ ပိုပြီးတော့ စိုးရိမ်စရာကောင်းတာကတော့ ယင်း App တွေကို အကြိမ်ရေ သန်း 600 ကျော်အထိ ဒေါင်းလော့ခ်လုပ်ထားပြီး စမတ်ဖုန်းတွေမှာ သုံးနေကြတာ ဖြစ်ပါတယ်။

ယင်း App များဟာ အသုံးပြုသူတွေထံမှ နှစ်စဉ်ကြေးမကောက်ဘဲ အပတ်စဉ်ကြေးနှင့် လစဉ်ကြေး စသဖြင့် ကောက်ခံငွေ ရယူနေကြတာလည်း ဖြစ်ပါတယ်။

ယင်းသို့ အသုံးပြုသူများကို လှည့်စားပြီး ငွေကြေးရယူနေတဲ့ App စုစုပေါင်း 21 ခုအထိ ရှိပါတယ်။

ယင်း App တွေကတော့ Astrofun ၊ Easysnap ၊ VCUT ၊ Face X Ray ၊ Forunermirror ၊ Filmigo ၊ Go Keyboard ၊ GO SMS Pro ၊ GO Recorder ၊ Go Security ၊ Z Camera ၊ S Photo Editor ၊ Wonder Video ၊ Clipvue ၊ Filmix ၊ Photo Recovery & Video Recovery ၊ Screen Recorder ၊ V Recorder ၊ V Recorder Lite စတဲ့ App တွေ ဖြစ်ပါတယ်။

တကယ်လို့များ စာဖတ်ပရိသတ်တွေထဲက တစ်ဦးဦးက ယင်း App ကို သွင်းထားမိတယ်ဆိုရင် ချက်ချင်းဖျက်လိုက်ဖို့ သတိပေးပါရစေ။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

သင့္ဖုန္းထဲမွာ ဒီ App ေတြရွိရင္ အျမန္ဆုံး ဖ်က္လိုက္ပါ

Samsung ကေန Huawei အထိ ကမၻာမွာ လူေတြႏွစ္ၿခိဳက္စြာ အသုံးျပဳေနတဲ့ Android စမတ္ဖုန္းအမွတ္တံဆိပ္ အေျမာက္အျမား ရွိပါတယ္။ တကယ္လို႔မ်ား သင္ဟာ Android စမတ္ဖုန္းအသုံးျပဳသူတစ္ဦးဆိုရင္ေတာ့ ေအာက္မွာေဖာ္ျပထားတဲ့ App ေတြကို ဖုန္းထဲမွာ သြင္းထားမိတယ္ဆိုရင္ အျမန္ဆုံးဖ်က္ပစ္ဖို႔ လိုအပ္ေနပါတယ္။

Sophos မွ သုေသသီမ်ားက အသုံးျပဳသူမ်ားထံမွ ေငြေပါင္းမ်ားစြာကို လိမ္ညာရယူေနတဲ့ App မ်ားကို ရွာေဖြေဖာ္ထုတ္လုပ္လာၾကပါတယ္။ ယင္း App မ်ားက အျမည္းအျဖစ္ သုံးၿပီးရင္ မျဖစ္မေန Subscription မလုပ္လို႔ မရေတာ့တဲ့ App ေတြ ျဖစ္ပါတယ္။ ပိုၿပီးေတာ့ စိုးရိမ္စရာေကာင္းတာကေတာ့ ယင္း App ေတြကို အႀကိမ္ေရ သန္း 600 ေက်ာ္အထိ ေဒါင္းေလာ့ခ္လုပ္ထားၿပီး စမတ္ဖုန္းေတြမွာ သုံးေနၾကတာ ျဖစ္ပါတယ္။

ယင္း App မ်ားဟာ အသုံးျပဳသူေတြထံမွ ႏွစ္စဥ္ေၾကးမေကာက္ဘဲ အပတ္စဥ္ေၾကးႏွင့္ လစဥ္ေၾကး စသျဖင့္ ေကာက္ခံေငြ ရယူေနၾကတာလည္း ျဖစ္ပါတယ္။

ယင္းသို႔ အသုံးျပဳသူမ်ားကို လွည့္စားၿပီး ေငြေၾကးရယူေနတဲ့ App စုစုေပါင္း 21 ခုအထိ ရွိပါတယ္။

ယင္း App ေတြကေတာ့ Astrofun ၊ Easysnap ၊ VCUT ၊ Face X Ray ၊ Forunermirror ၊ Filmigo ၊ Go Keyboard ၊ GO SMS Pro ၊ GO Recorder ၊ Go Security ၊ Z Camera ၊ S Photo Editor ၊ Wonder Video ၊ Clipvue ၊ Filmix ၊ Photo Recovery & Video Recovery ၊ Screen Recorder ၊ V Recorder ၊ V Recorder Lite စတဲ့ App ေတြ ျဖစ္ပါတယ္။

တကယ္လို႔မ်ား စာဖတ္ပရိသတ္ေတြထဲက တစ္ဦးဦးက ယင္း App ကို သြင္းထားမိတယ္ဆိုရင္ ခ်က္ခ်င္းဖ်က္လိုက္ဖို႔ သတိေပးပါရေစ။

NetGuide Journal (Every Wednesday)