Samsung Galaxy S20 စီးရီးကိုလာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာမိတ်ဆက်သွားပါမယ်။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S20 စီးရီးကိုမတ်လ ၁၃ ရက်နေ့မှာကြိုတင်အမှာစတင် လက်ခံသွားမှာဖြစ်ပြီး Galaxy S20+ နှင့် Galaxy S20 Ultra တို့အားကြိုတင်အမှာပြုလုပ်သူများမှာ Galaxy Buds+ ကြိုးမဲ့နားကြပ် အခမဲ့လက်ဆောင် ရရှိမှာဖြစ်ကြောင်းသိရပါတယ်။

Samsung ဟာ Galaxy Buds+ ကိုဖေဖော်ဝါရီလ ၁၁ ရက်နေ့ Galaxy S20 စီးရီးမိတ်ဆက်ပွဲမှာ Galaxy Z Flip နှင့်အတူမိတ်ဆက်သွားပါမယ်။ အစောပိုင်းသတင်းများအရ Samsung Galaxy Buds+ က Galaxy Buds ဒီဇိုင်းမျိုးဘဲဆက်သုံးလာမှာဖြစ်ပြီးလက်ရှိအဆင့်မြင့် ကြိုးမဲ့နားကြပ်များမှာပါဝင်တဲ့ Active Noise Cancellation စနစ် ပါဝင်လာမှာမဟုတ်ကြောင်းသိရပါတယ်။ ဒါပေမယ့် Galaxy Buds+ မှာများပြားတဲ့ ဘက်ထရီပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Samsung ဟာ Galaxy Buds အသုံးပြုသူများကြုံနေရတဲ့ ဖုန်းပြောဆိုတဲ့အခါ အသံမကြည်တဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် မိုက်ခရိုဖုန်းနှစ်ခုစီထည့်သွင်းလာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy S20+ ႏွင့္ Galaxy S20 Ultra ႀကိဳတင္အမွာလုပ္သူမ်ား Galaxy Buds+ အခမဲ့ရရွိမည္

Samsung Galaxy S20 စီးရီးကိုလာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာမိတ္ဆက္သြားပါမယ္။ ယေန႔ ထြက္ေပၚလာတဲ့သတင္းအရ Samsung Galaxy S20 စီးရီးကိုမတ္လ ၁၃ ရက္ေန႔မွာႀကိဳတင္အမွာစတင္ လက္ခံသြားမွာျဖစ္ၿပီး Galaxy S20+ ႏွင့္ Galaxy S20 Ultra တို႔အားႀကိဳတင္အမွာျပဳလုပ္သူမ်ားမွာ Galaxy Buds+ ႀကိဳးမဲ့နားၾကပ္ အခမဲ့လက္ေဆာင္ ရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။

Samsung ဟာ Galaxy Buds+ ကိုေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ Galaxy S20 စီးရီးမိတ္ဆက္ပြဲမွာ Galaxy Z Flip ႏွင့္အတူမိတ္ဆက္သြားပါမယ္။ အေစာပိုင္းသတင္းမ်ားအရ Samsung Galaxy Buds+ က Galaxy Buds ဒီဇိုင္းမ်ိဳးဘဲဆက္သုံးလာမွာျဖစ္ၿပီးလက္ရွိအဆင့္ျမင့္ ႀကိဳးမဲ့နားၾကပ္မ်ားမွာပါဝင္တဲ့ Active Noise Cancellation စနစ္ ပါဝင္လာမွာမဟုတ္ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ Galaxy Buds+ မွာမ်ားျပားတဲ့ ဘက္ထရီပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Samsung ဟာ Galaxy Buds အသုံးျပဳသူမ်ားႀကဳံေနရတဲ့ ဖုန္းေျပာဆိုတဲ့အခါ အသံမၾကည္တဲ့ ျပႆနာကိုေျဖရွင္းဖို႔အတြက္ မိုက္ခ႐ိုဖုန္းႏွစ္ခုစီထည့္သြင္းလာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)