Samsung ဟာလာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Samsung Galaxy Z Flip ကိုကြေညာသွားပါမယ်။ Samsung Galaxy Z Flip က တောင်ကိုရီးယားထိပ်သီးကုမ္ပဏီရဲ့ ဒုတိယမျိုးဆက် ခေါက်နိုင်တဲ့ရုပ်ထွက်ပါ စမတ်ဖုန်းဖြစ်ပါတယ်။ Samsung ဟာယင်းဖုန်းနဲ့အတူ Galaxy S20 စီးရီးကိုလည်းကြေညာလာမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ Samsung ဟာယမန်နှစ်ထွက် Galaxy Fold ရဲ့ ခြေရာကိုဆက်ခံမယ့် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကိုလည်းလုပ်ဆောင်နေပါတယ်။

Samsung Galaxy Fold 2 မှာလည်း Galaxy Fold လိုဘဲခေါက်နိုင်တဲ့ရုပ်ထွက်ဒီဇိုင်းသုံးလာပါမယ်။ Galaxy Z Flip လိုမျိုးခေါက်ဖုန်းဒီဇိုင်းကိုအခြေခံလုပ်ဆောင်ထားတဲ့ ဖုန်းဖြစ်လာမှာမဟုတ်ပါဘူး။ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy Fold 2 မှာမျက်နှာပြင် ၈ လက်မ၊ 108MP အဓိကကင်မရာ၊ Ultra-Thin Glass(UTG) မှန်သုံးလာမှာဖြစ်ပြီး S Pen ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီဖုန်းကို Snapdragon 865 Chipset ထောက်ပံ့လာမှာဖြစ်ပြီး 5G သုံးနိုင်ပါမယ်။

Samsung ဟာ Galaxy Fold 2 ကိုဒုတိယသုံးလ(ဧပြီမှဇွန်လအတွင်း)မှာကြေညာလာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Samsung Galaxy Fold 2 ဈေးနှုန်းကိုမသိရသေးပေမယ့် Galaxy Fold လိုဘဲဒေါ်လာ ၂၀၀ဝ ဝန်းကျင်ဖြစ်လာဖို့ ရှိပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy Fold 2 ကို ဒုတိယသုံးလတွင် ကြေညာလာမည်






