EU ဟာစမတ်ဖုန်းကုမ္ပဏီများကိုတူညီတဲ့ အားသွင်းကြိုးစနစ်တစ်ခုအသုံးပြုဖို့ ဖိအားပေးလာတာဆယ်စုနှစ်တစ်ခုကျော် လာပြီဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီတိုင်းက EU ရဲ့ တွန်းအားအတိုင်းလုပ်ဆောင်ကြပေမယ့် Apple ကိုတော့ တွန်းအားမပေးနိုင်ပါဘူး။ ဒါပေမယ့် EU ဟာပြီးခဲ့တဲ့အပတ်တုန်းကApple ကိုလည်းအခြားစမတ်ဖုန်းကုမ္ပဏီများလိုဘဲ တူညီတဲ့ အားသွင်းကြိုးစနစ်တစ်ခုသုံးဖို့ အတင်းဖိအားပေးလာပါတယ်။ ပြောရမယ်ဆိုရင် EU ဟာ Apple ကိုလက်ရှိ iPhone များမှာအသုံးပြုနေတဲ့ Lighting Cable ကိုမသုံးဘဲအခြားစမတ်ဖုန်းကုမ္ပဏီများလိုဘဲ USB Type C (သို့မဟုတ်) microUSBသုံးဖို့ ဖိအားပေးလာတာဖြစ်ပါတယ်။ တကယ်လို့များ EU ကသာယင်းသို့ ဆုံးဖြတ်လာမယ်ဆိုရင် Apple အနေဖြင့် ဥရောပမှာရောင်းချတဲ့ iPhone များမှာ USB Type C (သို့မဟုတ်) microUSBကိုအသုံးပြုလာရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်းယနေ့မှာ Apple က EU ရဲ့ ဖိအားပေးမှုကဆန်းသစ်တီထွင်ဖန်တီးမှုကိုတုံ့ဆိုင်းစေကြောင်းနှင့် ယင်းသို့ လုပ်ဆောင်မှုကလက်ရှိအချိန်တွင် Lighting Cable သုံးနေသူများကိုအခက်အခဲဖြစ်ကြောင်းပြန်လည် တုံ့ပြန်လာပါတယ်။ Apple က ယင်းသို့ USB Type C ကိုပြောင်းသုံးမယ်ဆိုပါကကုန်ကျစရိတ်ပိုများလာစေမှာဖြစ်ကြောင်းလည်းဆိုထားပါတယ်။

တကယ်တော့ Apple ဟာ USB Type C ကို iPad Pro နှင့် MacBook မော်ဒယ်တို့မှာပြောင်းသုံးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက် iPhone 11 Pro မှာ USB Type C Charger ထည့်သွင်းပေးထားပါတယ်။

EU ဟာလာမယ့်လမှာ Apple အား USB Type C သုံးရေးဆုံးဖြတ်ချက်ကို လာမယ့်လအတွင်းမှာ မဲအဆုံးအဖြတ် ဖြင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ Apple အနေဖြင့် EU ဆုံးဖြတ်ချက်ကိုလက်မခံဘူးဆိုရင် iPhone များကို EU မှာ ရောင်းချခွင့်ရတော့မှာမဟုတ်ပါဘူး။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Lighting Cable အားအသုံးျပဳမႈရပ္ဆိုင္းေစျခင္းမွာဆန္းသစ္တီထြင္မႈကိုရပ္တန႔္ေစျခင္းဟု EU ကို Apple တုံ႔ျပန္

EU ဟာစမတ္ဖုန္းကုမၸဏီမ်ားကိုတူညီတဲ့ အားသြင္းႀကိဳးစနစ္တစ္ခုအသုံးျပဳဖို႔ ဖိအားေပးလာတာဆယ္စုႏွစ္တစ္ခုေက်ာ္ လာၿပီျဖစ္ပါတယ္။ စမတ္ဖုန္းကုမၸဏီတိုင္းက EU ရဲ႕ တြန္းအားအတိုင္းလုပ္ေဆာင္ၾကေပမယ့္ Apple ကိုေတာ့ တြန္းအားမေပးႏိုင္ပါဘူး။ ဒါေပမယ့္ EU ဟာၿပီးခဲ့တဲ့အပတ္တုန္းကApple ကိုလည္းအျခားစမတ္ဖုန္းကုမၸဏီမ်ားလိုဘဲ တူညီတဲ့ အားသြင္းႀကိဳးစနစ္တစ္ခုသုံးဖို႔ အတင္းဖိအားေပးလာပါတယ္။ ေျပာရမယ္ဆိုရင္ EU ဟာ Apple ကိုလက္ရွိ iPhone မ်ားမွာအသုံးျပဳေနတဲ့ Lighting Cable ကိုမသုံးဘဲအျခားစမတ္ဖုန္းကုမၸဏီမ်ားလိုဘဲ USB Type C (သို႔မဟုတ္) microUSBသုံးဖို႔ ဖိအားေပးလာတာျဖစ္ပါတယ္။ တကယ္လို႔မ်ား EU ကသာယင္းသို႔ ဆုံးျဖတ္လာမယ္ဆိုရင္ Apple အေနျဖင့္ ဥေရာပမွာေရာင္းခ်တဲ့ iPhone မ်ားမွာ USB Type C (သို႔မဟုတ္) microUSBကိုအသုံးျပဳလာရမွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယေန႔မွာ Apple က EU ရဲ႕ ဖိအားေပးမႈကဆန္းသစ္တီထြင္ဖန္တီးမႈကိုတုံ႔ဆိုင္းေစေၾကာင္းႏွင့္ ယင္းသို႔ လုပ္ေဆာင္မႈကလက္ရွိအခ်ိန္တြင္ Lighting Cable သုံးေနသူမ်ားကိုအခက္အခဲျဖစ္ေၾကာင္းျပန္လည္ တုံ႔ျပန္လာပါ တယ္။ Apple က ယင္းသို႔ USB Type C ကိုေျပာင္းသုံးမယ္ဆိုပါကကုန္က်စရိတ္ပိုမ်ားလာေစမွာ ျဖစ္ေၾကာင္းလည္း ဆိုထားပါတယ္။

တကယ္ေတာ့ Apple ဟာ USB Type C ကို iPad Pro ႏွင့္ MacBook ေမာ္ဒယ္တို႔မွာေျပာင္းသုံးထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးထြက္ iPhone 11 Pro မွာ USB Type C Charger ထည့္သြင္းေပးထားပါတယ္။

EU ဟာလာမယ့္လမွာ Apple အား USB Type C သုံးေရးဆုံးျဖတ္ခ်က္ကို လာမယ့္လအတြင္းမွာ မဲအဆုံးအျဖတ္ျဖင့္ ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။ Apple အေနျဖင့္ EU ဆုံးျဖတ္ခ်က္ကိုလက္မခံဘူးဆိုရင္ iPhone မ်ားကို EU မွာ ေရာင္းခ်ခြင့္ရေတာ့မွာမဟုတ္ပါဘူး။

NetGuide Journal (Every Wednesday)