၂၀၁၉ ခုနှစ်၊ ဩဂုတ်လတုန်းကအိန္ဒိယအစိုးရဟာကက်ရှ်မီးယားအရေးဖြစ်ပေါ်ပြီးနောက် ယင်းပြည်နယ်မှာ အင်တာနက်ပိတ်ချပစ်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းမှာက်ရှ်မီးယားပြည်နယ်မှ လူများဟာအင်တာနက်သုံးနိုင်ခြင်း မရှိဘဲဖုန်းပြောဆိုမှုကိုသာပြုလုပ်နိုင်ပါတယ်။ ယခုအခါမှာအိန္ဒိယအာဏာပိုင်တို့ဟာကက်ရှ်မီးယားမှာအင်တာနက်သုံးနိုင်အောင် ပြန်လည် ဖွင့်ပေးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက် 2G သာသုံးခွင့် ဖွင့်ပေးတာဖြစ်လို့ အသုံးပြုရတာခက်ခဲ နေဆဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာအောက်တိုဘာလမှာ Postpaid ကို 2G စပေးခဲ့တာဖြစ်ပေမယ့် လူထုအများစုသုံးတဲ့ Prepaid ကိုတော့ ယခုမှ ဖွင့်ပေးလာတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာကက်ရှ်မီးယားမှ ပြည်သူများဟာ 2G အင်တာနက်သုံးနိုင်ပြီဆိုပေမယ့် ဝက်ဘ်ဆိုက်ပေါင်း ၁၅၃ ခုသို့သာဝင်ရောက် ကြည့်ခွင့်ပေးထားပါတယ်။ ယင်းဝက်ဘ်ဆိုက်များကမေးလ်ဝန်ဆောင်မှု၊ ပညာရေးဝက်ဘ်ဆိုက်၊ အွန်လိုင်းစတိုးဝက်ဘ်ဆိုက်နှင့် ဖျော်ဖြေရေးဝက်ဘ်ဆိုက်များသာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားနှင့် ကားဝက်ဘ်ဆိုက်အချို့လည်းပါဝင်ပါတယ်။ အသုံးပြုသူများအနေဖြင့် သတင်းဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာအပြင် YouTube တို့ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

အခြားတစ်ဖက်မှာအသုံးပြုသူများအနေဖြင့် Proxies နှင့် VPNs တို့ အသုံးပြုကာအခြားဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်နိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ကက္ရွ္မီးယားတြင္ အင္တာနက္ျပန္ဖြင့္လိုက္ၿပီ

၂၀၁၉ ခုႏွစ္၊ ဩဂုတ္လတုန္းကအိႏၵိယအစိုးရဟာကက္ရွ္မီးယားအေရးျဖစ္ေပၚၿပီးေနာက္ ယင္းျပည္နယ္မွာ အင္တာနက္ပိတ္ခ်ပစ္ခဲ့ပါတယ္။ ယင္းေနာက္ပိုင္းမွာက္ရွ္မီးယားျပည္နယ္မွ လူမ်ားဟာအင္တာနက္သုံးႏိုင္ျခင္းမရွိဘဲ ဖုန္းေျပာဆိုမႈကိုသာျပဳလုပ္ႏိုင္ပါတယ္။ ယခုအခါမွာအိႏၵိယအာဏာပိုင္တို႔ဟာကက္ရွ္မီးယားမွာအင္တာနက္သုံးႏိုင္ေအာင္ ျပန္လည္ ဖြင့္ေပးလာၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အင္တာနက္ 2G သာသုံးခြင့္ ဖြင့္ေပးတာျဖစ္လို႔ အသုံးျပဳရတာခက္ခဲ ေနဆဲျဖစ္ပါတယ္။

အိႏၵိယအစိုးရဟာေအာက္တိုဘာလမွာ Postpaid ကို 2G စေပးခဲ့တာျဖစ္ေပမယ့္ လူထုအမ်ားစုသုံးတဲ့ Prepaid ကိုေတာ့ ယခုမွ ဖြင့္ေပးလာတာျဖစ္ပါတယ္။

အျခားတစ္ဖက္မွာကက္ရွ္မီးယားမွ ျပည္သူမ်ားဟာ 2G အင္တာနက္သုံးႏိုင္ၿပီဆိုေပမယ့္ ဝက္ဘ္ဆိုက္ေပါင္း ၁၅၃ ခုသို႔သာဝင္ေရာက္ ၾကည့္ခြင့္ေပးထားပါတယ္။ ယင္းဝက္ဘ္ဆိုက္မ်ားကေမးလ္ဝန္ေဆာင္မႈ၊ ပညာေရးဝက္ဘ္ဆိုက္၊ အြန္လိုင္းစတိုးဝက္ဘ္ဆိုက္ႏွင့္ ေဖ်ာ္ေျဖေရးဝက္ဘ္ဆိုက္မ်ားသာျဖစ္ပါတယ္။ ဒါ့အျပင္ ခရီးသြားႏွင့္ ကားဝက္ဘ္ဆိုက္အခ်ိဳ႕လည္းပါဝင္ပါတယ္။ အသုံးျပဳသူမ်ားအေနျဖင့္ သတင္းဝက္ဘ္ဆိုက္၊ ဆိုရွယ္မီဒီယာအျပင္ YouTube တို႔ အသုံးျပဳႏိုင္ျခင္းမရွိပါဘူး။

အျခားတစ္ဖက္မွာအသုံးျပဳသူမ်ားအေနျဖင့္ Proxies ႏွင့္ VPNs တို႔ အသုံးျပဳကာအျခားဝက္ဘ္ဆိုက္မ်ားကို ဝင္ေရာက္ၾကည့္ႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)