Xiaomi ပူးတွဲတည်ထောင်သူ လင်းဘင်က အသစ်ကြေညာထားတဲ့ Snapdragon 865 SoC အသုံးပြုထားတဲ့ Xiaomi Mi 10  ကို ပထမသုံးလအတွင်းမှာဘဲ ကြေညာလာမှာ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားပါတယ်။ Xiaomi Mi 10 က Snapdragon 865 SoC သုံးထားတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်လာပါမယ်။ Xiaomi စမတ်ဖုန်းဌာနဥက္ကဌနှင့် ပူးတွဲတည်ထောင်သူ လိုင်ဂျန်ကလည်း Mi 10 ကို ပထမသုံးလအတွင်းမှာ ကြေညာလာမယ်လို့ အစောပိုင်းကတည်းက အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လင်းဘင်က Xiaomi ဟာ Snapdragon 845 ကို Mi Mix 2S တွင်လည်းကောင်း၊ Snapdragon 855 ကို Mi 9 တွင် သုံးခဲ့သကဲ့သို့ Mi 10 တွင်လည်း Snapdragon 865 ကို ဆက်လက်သုံးကာ ၎င်းတို့ရဲ့ Trend ကို ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် Xiaomi က ၎င်းတို့ဟာ Qualcomm Snapdragon Chipset အသုံးပြုထားတဲ့ စမတ်ဖုန်း အလုံးရေ ၄၂၇ သန်း ရောင်းချထားပြီး ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

Xiaomi Mi 10 နှင့် Mi 10 Pro တို့မှာ Snapdragon 865 SoC အသုံးပြုလာမှာ ဖြစ်လို့ 5G ထောက်ပံ့လာမှာလည်း ဖြစ်ပါတယ်။ ယင်း Chipset မှာ Snapdragon X55 Modem တပါတည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့သတင်းအရ Xiaomi Mi 10 မှာ မျက်နှာပြင် ၆.၅  လက်မ OLED 90Hz Refresh Rate ပါဝင်လာမှာ ဖြစ်ပြီး RAM12GB ပါဝင်လာပါမယ်။ Storage 128GB/256GB/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 108MP+48MP Telephoto+12MP Ultrawide+8MP Depth တို့ သုံးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAhပါဝင်ကာ 48W Fast Charging ထောက်ပံ့လာပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Snapdragon 865 SoC သုံးထားတဲ့ Mi 10 ကို ပထမသုံးလအတြင္းတြင္ ေၾကညာလာမည္ဟု Xiaomi အတည္ျပဳ

Xiaomi ပူးတြဲတည္ေထာင္သူ လင္းဘင္က အသစ္ေၾကညာထားတဲ့ Snapdragon 865 SoC အသုံးျပဳထားတဲ့ Xiaomi Mi 10 ကို ပထမသုံးလအတြင္းမွာဘဲ ေၾကညာလာမွာ ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားသြားပါတယ္။ Xiaomi Mi 10 က Snapdragon 865 SoC သုံးထားတဲ့ ပထမဆုံး စမတ္ဖုန္းေတြထဲမွာ ပါဝင္လာပါမယ္။ Xiaomi စမတ္ဖုန္းဌာနဥကၠဌႏွင့္ ပူးတြဲတည္ေထာင္သူ လိုင္ဂ်န္ကလည္း Mi 10 ကို ပထမသုံးလအတြင္းမွာ ေၾကညာလာမယ္လို႔ အေစာပိုင္းကတည္းက အတည္ျပဳထားၿပီးလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လင္းဘင္က Xiaomi ဟာ Snapdragon 845 ကို Mi Mix 2S တြင္လည္းေကာင္း၊ Snapdragon 855 ကို Mi 9 တြင္ သုံးခဲ့သကဲ့သို႔ Mi 10 တြင္လည္း Snapdragon 865 ကို ဆက္လက္သုံးကာ ၎တို႔ရဲ႕ Trend ကို ဆက္လက္ ထိန္းသိမ္းသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ Xiaomi က ၎တို႔ဟာ Qualcomm Snapdragon Chipset အသုံးျပဳထားတဲ့ စမတ္ဖုန္း အလုံးေရ ၄၂၇ သန္း ေရာင္းခ်ထားၿပီး ျဖစ္ေၾကာင္းလည္း ေၾကညာခဲ့ပါတယ္။

Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔မွာ Snapdragon 865 SoC အသုံးျပဳလာမွာ ျဖစ္လို႔ 5G ေထာက္ပံ့လာမွာလည္း ျဖစ္ပါတယ္။ ယင္း Chipset မွာ Snapdragon X55 Modem တပါတည္း ပါဝင္ထားၿပီး ျဖစ္ပါတယ္။

အေစာပိုင္းတုန္းက ေပါက္ၾကားထားတဲ့သတင္းအရ Xiaomi Mi 10 မွာ မ်က္ႏွာျပင္ ၆.၅ လက္မ OLED 90Hz Refresh Rate ပါဝင္လာမွာ ျဖစ္ၿပီး RAM12GB ပါဝင္လာပါမယ္။ Storage 128GB/256GB/512GB တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ၿပီး 108MP+48MP Telephoto+12MP Ultrawide+8MP Depth တို႔ သုံးလာမွာ ျဖစ္ပါတယ္။ ဘက္ထရီ 4500 mAhပါဝင္ကာ 48W Fast Charging ေထာက္ပံ့လာပါမယ္။

NetGuide Journal (Every Wednesday)