Apple ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ဈေးနှုန်းသက်သာတဲ့ iPhone မော်ဒယ်အဖြစ် iPhone 9 (iPhone SE 2) ကို တပ်ဆင်ထုတ်လုပ်မှု စတင်ပြုလုပ်သွားမှာဖြစ်ပြီး မတ်လတွင် ကြေညာလာမှာဖြစ်ကြောင်း Bloomberg ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

iPhone 9 ထုတ်လုပ်မှုများကို Hon Hai Precision Industry (Foxconn)၊ Pegatron Corp နှင့် Winstron Corp တို့က ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

iPhone 9 မှာ iPhone 8 လို ဒီဇိုင်းမျိုးဘဲ အသုံးပြုလာမှာဖြစ်ပြီး မျက်နှာပြင် ၄.၇ လက်မ၊  Touch ID Home Button ၊ Apple A13 Bionic Chipset တို့ အသုံးပြုလာမှာ ဖြစ်ပါတယ်။ A13 Bionic Chipset က iPhone 11 စီးရီးမှာ သုံးထားတဲ့ Chipset ဖြစ်ပြီး လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ ပါဝါအမြင့်ဆုံး Chipset ဖြစ်ပါတယ်။ ဒါကြောင့် iPhone 9 က အရွယ်အစားငယ်ပေမယ့် ပါဝါပိုင်း အလွန်ကောင်းမွန်လာမယ့် စမတ်ဖုန်းဖြစ်လာပါမယ်။

iPhone 9 ကတော့ လက်ရှိအချိန်မှာ iPhone 7 ၊ iPhone 8 အသုံးပြုနေသူများအတွက် Upgrade လုပ်စရာ iPhone ဖြစ်လာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iPhone 9 ကို ဖေဖော်ဝါရီတွင် ထုတ်လုပ်မှုစတင်ပြီး မတ်လတွင် ကြေညာမည်




