သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများဟာ ကားပျံဖန်တီးဖို့ ကြိုးစားနေကြပါတယ်။ အထူးသဖြင့် ယခု နောက်ပိုင်းနှစ်များမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့အတူ ကားပျံတီထွင်နိုင်ရေးကို အထူးအားစိုက်လာကြပါတယ်။

ဒါပေမယ့် ကားပျံတီထွင်မှု လုပ်ငန်းစဉ်က တိုးတက်မှု အနည်းငယ်နှေးကွေးတာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကားပျံကို အနာဂတ်မှာ မြင်တွေ့ရဖို့ သေချာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အသေးငယ်ဆုံးကားပျံကို ပထမဆုံးအကြိမ် မှာ စမ်းသပ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အသေးငယ်ဆုံးကားပျံကို ဂျပန်ကုမ္ပဏီ SkyDrive Inc က ဖန်တီးထားတာ ဖြစ်ပြီး စမ်းသပ်ပျံသန်းမှုကို နာဂိုယာမှာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။SkyDrive Inc ကဖန်တီးထားတဲ့ ကားပျံက ၃.၆ မီတာရှည်လျားပြီး အနံ ၁.၇ မီတာရှိပါတယ်။ ပျံနေချိန်မှာတော့ အနံ ၃.၁ မီတာ ရှိပါတယ်။

မြေပြင်မှာ ဒီကားက တစ်နာရီ ၆၀ ကီလိုဖြင့် မောင်းနှင်နိုင်ပြီး မိုးပေါ်မှာ တစ်နာရီ ကီလို ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ ပိုင်လော့ခ်အပါအဝင် လူနှစ်ဦး ပါဝင်မယ်ဆိုရင် ၅၀ မီတာအမြင့်မှ ပျံသန်းနိုင်ပါတယ်။

SkyDrive Inc ဟာ ၂၀၂၃ ခုနှစ်မှာ ကားပျံများကို စတင်ရောင်းချရဖို့ ရည်မှန်းထားပြီး ၂၀၂၆ ခုနှစ်မှာ အကြီးအကျယ် ထုတ်လုပ် ရောင်းချရဖို့ ပစ်မှတ်ထားနေပါတယ်။

လက်ရှိအချိန်မှာ Boeing ၊ Uber နှင့် Porsche တို့ကလည်း ကားပျံဖန်တီးဖို့ ကြိုးစားနေကြပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

၂၀၂၃ ခုနှစ်တွင် သင် ကိုယ်တိုင်လည်း ကမ္ဘာ့အသေးငယ်ဆုံးကားပျံကို ပိုင်ဆိုင်နိုင်မည်







