အမေရိကန်အစိုးရဟာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာ Huawei ကို ဓားစာခံအဖြစ် အသုံးပြုထားပြီး ဖြစ်ပါတယ်။ ယခု ၎င်းတို့ဟာ နောက်ထပ်တစ်ခုကိုလည်း ဓားစာခံအဖြစ် အသုံးပြုလာဖို့ ရှိပါတယ်။ အမေရိကန်အစိုးရက တရုတ်အမှတ်တံဆိပ် ဒရုန်း (သို့မဟုတ်) တရုတ်တွင် ထုတ်လုပ်တဲ့ ဒရုန်းများကို အမေရိကန်တွင် စပိုင်လုပ်ရန် အသုံးချလာနိုင်ကြောင်း ဆိုလာပါတယ်။

ဒရုန်းများက အမေရိကန်မှာ လူသုံးများတဲ့ Device တစ်ခု ဖြစ်ပါတယ်။ လူများဟာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခြင်းအပြင် ပျော်ရွှင်မှုအတွက်လည်း ဒရုန်းမောင်းနှင် အသုံးပြုလာကြပါတယ်။ အခြားတစ်ဖက်မှာ ဒရုန်းကို ကောင်းကျိုးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မေလတုန်းက ဟာဝေယံမီးတောင်ပေါက်ကွဲမှုတုန်းက ပိတ်မိနေတဲ့ လူတစ်ဦးကို ဒရုန်းဖြင့် လမ်းကြောင်းပြကာ တောအုပ်မှ လွတ်မြောက်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သာဓကကလည်း ရှိနေပါတယ်။

ပြောရမယ်ဆိုရင် ဒရုန်းတွေက အခြားနည်းပညာပစ္စည်းများလိုဘဲ အများကောင်းကျိုးအတွက်သုံးနိုင်သလို ဆိုးကျိုးအတွက်လည်း သုံးနိုင်ပါတယ်။ ယခုအခါမှာ အမေရိကန်က ဒရုန်းက စပိုင်အတွက် အသုံးပြုလာနိုင်တယ်လို့ ထပ်မံ ပြောကြားလာပြန်ပါတယ်။

လက်ရှိ ဒရုန်းဈေးကွက်ကို ဦးဆောင်နေတဲ့ DJI ထုတ် ဒရုန်းများက ကောင်းသထက် ကောင်းမွန်လာလျက်ရှိပြီး ဗီဒီယိုရိုက်ကူးခြင်းအပြင် သုသေသီများအတွက် နေရာစူးစမ်းလေ့လာခြင်းတို့ ပြုလုပ်ရာမှာလည်း သုံးနေပါတယ်။

ယခု အမေရိကန်ပြည်ထဲရေး အတွင်းဝန်ဒေးဗစ်ဘန်းဟတ်က ဒရုန်းများက နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်နေတဲ့ အရာများထဲမှ တစ်ခုဖြစ်ပြီး ဒရုန်းအသုံးပြုခွင့်ပေးရေးနှင့်ပတ်သက်ပြီး စဉ်းစားရန် လိုအပ်ကြောင်း ပြောကြားလာပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

စပိုင်လုပ်မှာ စိုးရိမ်လို့ တရုတ်ဒရုန်းကိုလည်း ပိတ်ပင်လာဖို့ ရှိနေတဲ့ အမေရိကန်





