ဖေဖော်ဝါရီလ 11 ရက်နေ့မှာ Samsung Galaxy Z Flip ကို Galaxy S20 စီးရီးနှင့်အတူ မိတ်ဆက်သွားပါမယ်။ Samsung Galaxy Z Flip မှာ နိုဝင်ဘာလတုန်းက ကြေညာခဲ့တဲ့ Motorola Razr 2019 မှာလိုဘဲ ခေါက်နိုင်တဲ့ ရုပ်ထွက်ဒီဇိုင်း သုံးလာပါမယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Samsung Galaxy Z Flip မှာ အသုံးပြုလာမယ့် စနစ်များ ပေါက်ကြားခဲ့ဖူးပါတယ်။ ယနေ့မှာတော့ Samsung Galaxy Z Flip မှာ သုံးလာမယ့် စနစ်အပြည့်အစုံပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

Samsung Galaxy Z Flip Specifications (Rumored)

Galaxy Z Flip မှာ မျက်နှာပြင် 6.7 လက်မ Dynamic AMOLED Display သုံးလာပါမယ်။ Punch-Hole Selfie Camera Design သုံးလာမှာဖြစ်ပြီး ယင်းမှာ ရှေ့ကင်မရာ 10MP ပါဝင်လာပါမယ်။

Galaxy Z Flip မှာ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ အဓိကကင်မရာက 12MP ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သတင်းများတုန်းက အဓိကကင်မရာက 108MP လို့ ဖော်ပြခဲ့ဖူးကြပါတယ်။ ဒီဖုန်းမှာ Android 10 အခြေခံ One UI 2.1 သုံးလာပါမယ်။ Storage 256GB နှင့် ဘက်ထရီ 3300 mAh (သို့မဟုတ်) ဘက်ထရီ 3500 mAhပါဝင်လာပါမယ်။

Samsung Galaxy Z Flip ကို Snapdragon 855 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။ ဒီဖုန်းမှာ ရုပ်ထွက်မှာ UTG (Ultra-Thin Glass) နှင့် ပလတ်စတစ်တို့ကို ပေါင်းသုံးလာပါမယ်။ ကျောဘက်မှာ Notifications များကို ကြည့်နိုင်ဖို့အတွက် 1 လက်မ ရုပ်ထွက်ငယ်ပါဝင်ပါမယ်။ 15W Fast Charging ထောက်ပံ့လာပါမယ်။

Galaxy Z Flip ကို အနက်ရောင်၊ ခရမ်းရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ခရမ်းကလည်း အနက်ရောင်ကဲပါမယ်။ တောင်ကိုရီးယားမီဒီယာတို့က ဒီဖုန်းကို အပြာရောင်၊ အနီရောင်၊ ပန်းရောင်တို့နှင့်လည်း ရွေးချယ်နိုင်မယ်လို့ ဖော်ပြနေပါသေးတယ်။

Galaxy Z Flip Price (Rumored)

တောင်ကိုရီးယားမီဒီယာများက ဒီဖုန်းရဲ့ ဈေးနှုန်းက ဒေါ်လာ 860 မှ ဒေါ်လာ 1300 အတွင်း ဖြစ်လာမယ်လို့ ရေးသားနေကြပါတယ်။ ဒီဈေးနှုန်းအတိုင်းဆိုရင် ဒေါ်လာ 1500 သတ်မှတ်ထားပြီး Snapdragon 710 ဘဲ သုံးထားတဲ့ Motorola Razr 2019 ထက် များစွာ သက်သာ ကောင်းမွန်လာမယ်လို့ ဆိုရပါမယ်။

Samsung ဟာ သုံးဆင့်ခေါက်နိုင်တဲ့ ရုပ်ထွက်ပါစမတ်ဖုန်းကိုလည်း ထုတ်လုပ်ဖို့လုပ်ဆောင်နေကြောင်း သိရပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ ယင်းစမတ်ဖုန်းဒီဇိုင်းကို ဖေဖော်ဝါရီလ 11 ရက်နေ့ပွဲမှာ ပြသလာနိုင်တယ်လို့ မီဒီယာများက ရေးသားနေကြပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy Z Flip တြင္ သုံးလာမယ့္ စနစ္အျပည့္အစုံ ေပါက္ၾကားလာ

ေဖေဖာ္ဝါရီလ 11 ရက္ေန႔မွာ Samsung Galaxy Z Flip ကို Galaxy S20 စီးရီးႏွင့္အတူ မိတ္ဆက္သြားပါမယ္။ Samsung Galaxy Z Flip မွာ နိုဝင္ဘာလတုန္းက ေၾကညာခဲ့တဲ့ Motorola Razr 2019 မွာလိုဘဲ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ဒီဇိုင္း သုံးလာပါမယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ Samsung Galaxy Z Flip မွာ အသုံးျပဳလာမယ့္ စနစ္မ်ား ေပါက္ၾကားခဲ့ဖူးပါတယ္။ ယေန႔မွာေတာ့ Samsung Galaxy Z Flip မွာ သုံးလာမယ့္ စနစ္အျပည့္အစုံေပါက္ၾကားလာခဲ့ၿပီ ျဖစ္ပါတယ္။

Samsung Galaxy Z Flip Specifications (Rumored)

Galaxy Z Flip မွာ မ်က္ႏွာျပင္ 6.7 လက္မ Dynamic AMOLED Display သုံးလာပါမယ္။ Punch-Hole Selfie Camera Design သုံးလာမွာျဖစ္ၿပီး ယင္းမွာ ေရွ႕ကင္မရာ 10MP ပါဝင္လာပါမယ္။

Galaxy Z Flip မွာ ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ပါမယ္။ အဓိကကင္မရာက 12MP ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သတင္းမ်ားတုန္းက အဓိကကင္မရာက 108MP လို႔ ေဖာ္ျပခဲ့ဖူးၾကပါတယ္။ ဒီဖုန္းမွာ Android 10 အေျခခံ One UI 2.1 သုံးလာပါမယ္။ Storage 256GB ႏွင့္ ဘက္ထရီ 3300 mAh (သို႔မဟုတ္) ဘက္ထရီ 3500 mAhပါဝင္လာပါမယ္။

Samsung Galaxy Z Flip ကို Snapdragon 855 SoC ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။ ဒီဖုန္းမွာ ႐ုပ္ထြက္မွာ UTG (Ultra-Thin Glass) ႏွင့္ ပလတ္စတစ္တို႔ကို ေပါင္းသုံးလာပါမယ္။ ေက်ာဘက္မွာ Notifications မ်ားကို ၾကည့္နိုင္ဖို႔အတြက္ 1 လက္မ ႐ုပ္ထြက္ငယ္ပါဝင္ပါမယ္။ 15W Fast Charging ေထာက္ပံ့လာပါမယ္။

Galaxy Z Flip ကို အနက္ေရာင္၊ ခရမ္းေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါမယ္။ ခရမ္းကလည္း အနက္ေရာင္ကဲပါမယ္။ ေတာင္ကိုရီးယားမီဒီယာတို႔က ဒီဖုန္းကို အျပာေရာင္၊ အနီေရာင္၊ ပန္းေရာင္တို႔ႏွင့္လည္း ေရြးခ်ယ္နိုင္မယ္လို႔ ေဖာ္ျပေနပါေသးတယ္။

Galaxy Z Flip Price (Rumored)

ေတာင္ကိုရီးယားမီဒီယာမ်ားက ဒီဖုန္းရဲ့ ေဈးႏွုန္းက ေဒၚလာ 860 မွ ေဒၚလာ 1300 အတြင္း ျဖစ္လာမယ္လို႔ ေရးသားေနၾကပါတယ္။ ဒီေဈးႏွုန္းအတိုင္းဆိုရင္ ေဒၚလာ 1500 သတ္မွတ္ထားၿပီး Snapdragon 710 ဘဲ သုံးထားတဲ့ Motorola Razr 2019 ထက္ မ်ားစြာ သက္သာ ေကာင္းမြန္လာမယ္လို႔ ဆိုရပါမယ္။

Samsung ဟာ သုံးဆင့္ေခါက္နိုင္တဲ့ ႐ုပ္ထြက္ပါစမတ္ဖုန္းကိုလည္း ထုတ္လုပ္ဖို႔လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယားကုမၸဏီဟာ ယင္းစမတ္ဖုန္းဒီဇိုင္းကို ေဖေဖာ္ဝါရီလ 11 ရက္ေန႔ပြဲမွာ ျပသလာနိုင္တယ္လို႔ မီဒီယာမ်ားက ေရးသားေနၾကပါတယ္။

NetGuide Journal (Every Wednesday)