နည်းပညာနှစ်တနှစ်ကုန်ဆုံးသွားချိန်မှာ ကျွန်တော်တို့အနေနဲ့ လာမယ့်နှစ်သစ်မှာရော ဘယ်လိုနည်းပညာအသစ်အဆန်း တွေနဲ့ကြုံရနိုင်လဲဆိုပြီးမျှော်လင့်မှုတွေ ထားတတ်ကြပါတယ်။ 2019 မှာ နည်းပညာလောကအတွက် စိတ်လှုပ်ရှားစရာ နည်းပညာပေါင်းများစွာမြင်တွေ့ခဲ့ရပါတယ်။ 2020 မှာလည်း ဒီထက်ပိုမြင်တွေ့ရဖို့ရှိနေပါတယ်။ အထူးသဖြင့် စမတ် နည်းပညာလောကဝန်းကျင်မှာပါ။ ဒီနှစ်ထဲမှာ Samsung ရဲ့  flagship ဖုန်းတွေဖြစ်တဲGalaxy S11 နဲ့ Galaxy Note 11 ဖုန်းတွေနဲ့အတူနောက် foldable phones အသစ်၊ Apple ရဲ့ iPhone 12တွေကို သုံးစွဲသူတွေလက်ထဲအရောက်ပို့လာမှာပါ။ ဖုန်းအများစုဟာ ၆လက်မ မျက်နှာပြင်ဝန်းကျင်နဲ့ဆိုပေမယ့် သူတို့မှာပိုကောင်းတဲ့ ကင်မရာ 5G နဲ့ ထွက်လာတော့မှာပါ။ ဘယ်စမတ်ဖုန်းတွေက 2020 ထဲမှာသုံးစွဲသူတွေကိုအကောင်းဆုံးစွဲဆောင်သွားမလဲ Samsung Galaxy S11 series

Samsungအနေနဲ့ ဒီနှစ်အတွင်းမှာ အထင်ကရစမတ်ဖုန်းတွေကိုထုတ်ပေးမှာဖြစ်ပါတယ်။ 2020 အတွက် ပထမဆုံး ထွက်လာမယ့်စမတ်ဖုန်းကတော့ Samsung Galaxy S11 ဖြစ်ပါလိမ့်မယ်။ လာမယ့်လမှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ကင်မရာနဲ့ဖုန်းမှာပါတဲ့ အခြားအချက်အလက်တွေ အဆင့်မြင့်တင်မှုတွေ ပြုလုပ်လာမှာပါ။ စိတ်လှုပ်ရှားစရာကောင်းတာ ကတော့ဒီနှစ်အတွင်းမှာထုတ်တဲ့ဖုန်းတွေပေါ်မူတည်ပြီး လာမယ့်နှစ်မှာထွက်မယ့်ဖုန်းတွေရဲ့ပုံစံကို ခန့်မှန်းနိုင်တာပဲ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် 2019 က ထွက်ခဲ့တဲ့ Samsung Galaxy S20 series တွေမှာ triple-rear-camera တွေသုံးလာပါ တယ်။ ပြီးတော့ reverse wireless charging ၊ night photography ပိုင်းမှာ အဆင့်မြင်မှုတွေပြုလုပ်ပေးထားပါတယ်။ ကျွန်တော်တို့ဟာ punch hole ကင်မရာတွေကိုလည်းတွေ့ခဲ့ရပါတယ်။ သူပြီးတဲ့နောက်မှာလည်း အခြားထုတ်လုပ် သူတွေဟာ punch holeပိုင်းကို ပြုလုပ်လာကြပါတယ်။ Huawei Mate 20 Proနဲ့ LG V40 တို့ကို ကြည့်လိုက်ပါ။ ဒီနှစ်မှာတော့ ကင်မရာပိုင်းအတွက်ကြီးမားတဲ့ အဆင့်တခုကိုတက်လှမ်းတော့မှာပါ။ ကြီးမားတဲ့ megapixelကင်မရာဖြစ်တဲ့ 108MP ဖြစ်ပါတယ်။ ဒီထက်ပိုပြီးကံကောင်းရင်တော့ 3.5mm headphone jack ကို ပြန်ထည့်ပေးထားမှာပါ။ Samsung Galaxy S20 ဖုန်းဟာ 120Hz refresh rate ရရှိနိုင်တဲ့ ဖန်သားပြင်တပ်ဆင်ထားမယ့် စမတ်ဖုန်းဖြစ်မယ်လို့ သိရပါတယ်။ ဒါဟာဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ 90Hz refresh rates နဲ့ဖုန်းတွေကို စတင်ထုတ်ပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် GALAXY S20 သုံးသူတွေဟာ သူမတူတဲ့ဖန်သားပြင်အတွေ့အကြုံတွေကို ရရှိပါလိမ့်မယ်။ Samsung ဟာ Exynos 990 ကို မိတ်ဆက်ကြေငြာတဲ့ အချိန်မှာ120Hz displays ကို အနာဂတ်ဖုန်းတွေမှာသုံးလာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဘူးပါတယ်။ အဲ့ဒီ chip ကလည်း high refresh rate displays တွေကို ကောင်းကောင်း ထောက်ပံ့နိုင်စွမ်းရှိပါတယ်။ One UI 2.0 beta မှာလည်း 120Hz display mode ကိုထည့်ပေးထားပါတယ်။iPhone SE 2

ထွက်မယ့်လုပ်လိုက် မထွက်တော့ဘူးလုပ်လိုက်နဲ့ Apple ရဲ့ အရွယ်သေးiPhone SE 2ဟာအခုတော့ တကယ်ထွက်လာတော့မယ့်လို့ သိရပါတယ်။ လက်ရှိခန့်မှန်းချက်တွေအရတော့ အဲ့ဒီအရွယ်သေးiPhone SE 2ကို 2020 ရဲ့ ပထမသုံးလပတ် အတွင်းမှာဈေးကွက်ထဲရောက်မယ်လို့ ဆိုကြပါတယ်။ iPhone SEကို Apple ရဲ့ဘတ်ဂျတ်မော်ဒယ်လို့ လူသိများပါတယ်။ ပြီးတော့ အဲ့ဒီဖုန်းကိုupdateမလုပ်တာလည်း ကြာပါပြီ။ ဈေးကွက်အရတော့  ဒီဖုန်းဟာiPhone 11 ထက်ဈေးသက်သာနိုင်ပါတယ်။ iPhone SE 2 မှာ၅.၄လက်မမျက်နှာပြင်ထည့်သွင်းထားမယ်လို့သတင်းထွက်လာပါတယ်။ iPhone 8 နဲ့မတိမ်းမယိမ်းဖြစ်လာမှာပါ။ Touch ID ကိုပဲသုံးထားမှာဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေကပါးလွှာမှာ ဖြစ်ပါတယ်။Apple အကြောင်းလေ့လာဆန်းစစ်သူ Ming-Chi Kuoက iPhone SE 2 မှာဆက်သွယ်မှုပိုကောင်းတဲ့ Liquid Crystal Polymer (LCP) Antenna တပ်ဆင်ထားမယ်လို့ခန့်မှန်းထားပါတယ်။သူ့မှာ A13 Chipset , 3GB RAM တွေထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ iPhone 8 ကို အခြေခံတည်ဆောက် ထားမှာဖြစ်ပြီး မူလ iPhone SE ထက်ကွေးညွှတ်တဲ့ဒီဇိုင်းဖြစ်လာမှာပါ။ iPhone 8 ကိုအခြေခံတည်ဆောက်ထားမှာ ဖြစ်ပေမယ့် 3D Touch အစား Haptic Touch ကိုအစားထိုးထားမှာ ဖြစ်ပါတယ်။iPhone 12 series

iPhone 11ဟာယခင်မျိုးဆက်ထက် အနည်းငယ်သာပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် iPhone 12 မှာတော့ ပိုမိုသစ်လွင်တဲ့ ဒီဇိုင်းနဲ့ အခြားအချက်အလက်များစွာကိုသုံးစွဲသူတွေကမျှော်လင့်နေကြပါတယ်။ Apple အနေနဲ့နောက်ဆုံးမိတ်ဆက်ထားတဲ့ iPhone XR မှာ LCD screen ကိုသာသုံးထားပါတယ်။ 2020မှာတော့ပြောင်းလဲမှုတွေကြုံရမှာပါ။အသစ်ထွက်လာမယ့်  iPhone XII ဖုန်းတွေမှာတော့ OLED screens ကိုသုံးလာမယ်လို့သိရပါတယ်။ပြီးတော့မျိုးဆက်သစ်ဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်မှုကိုထည့်သွင်းလာမယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် AI ပိုင်းမှာလည်း ပိုကောင်းလာဖို့ မျှော်လင့်နေကြပါတယ်။ iPhone XII Pro နဲ့ iPhone XII Max ကို၂၀၂၀ ခုနှစ်စက်တင်ဘာလမှာ ကြေညာမှာဖြစ်ပြီးသူတို့မှာ 6GB RAM ပါလာမယ်လို့ Barclays ရဲ့လေ့လာဆန်းစစ်သူ Blayne Curtis ကပြောပါတယ်။ ဒါဟာ ကြိုဆိုချင်စရာကောင်း လှတဲ့ ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် iPhone 11 Pro နဲ့ iPhone 11 Pro Max တွေမှာ 4GB RAM ပဲပါလာတာပါ။ ပုံမှန် iPhone XII  မှာတော့ iPhone 11 အတိုင်း 4GB RAM ပဲပါလာမယ်လို့သတင်းထွက်လာပါတယ်။ DigiTimesက 2020 iPhone တွေမှာ 120Hz Screen ပါမယ်လို့အရင်ကသတင်းပေးထားပါတယ်။ iPad Pro တွေရဲ့ Refresh Rate နဲ့တူသွားမှာပါ။ ဒါပေမယ့် iPad တွေရဲ့ LCD မှာလိုမဟုတ်ဘဲလာမယ့်နှစ်ထုတ် iPhone တွေရဲ့ OLED Screen မှာ 120Hz Screen တပ်ထားမှာပါ။ ဇူလိုင်ကလည်း Ice Universe က 2020 iPhone များမှာ 120Hz Screen များ ပါလာနိုင်ပြီး Apple ဟာ Samsung , LG တို့နဲ့လည်း ဆွေးနွေးနေတယ်လို့ တွစ်တာကနေမျှဝေခဲ့ပါတယ်။Google Pixel 4a

စမတ်ဖုန်းကုမ္ပဏီတွေ အနေနဲ့ 2020 မှာ စမတ်ဖုန်းသစ်တွေထုတ်လုပ်ဖို့ပြင်ဆင်နေကြပါပြီ။ အဲလိုထုတ်လုပ်သူတွေထဲမှာ ရှာဖွေရေးအင်ဂျင်လောကရဲ့ ဆရာတဆူဖြစ်တဲ့ Google ကထုတ်တဲ့ android အခြေပြု Pixel တွေတော့ မပါဝင်ပါဘူး။ ဘာကြောင့်လဲဆိုရင် တခြားသူတွေကမျိုးဆက်သစ်ဖုန်းတွေကို 2020 မှာထုတ်ပေးတဲ့ အချိန်မှာ Google ကတော့ မျိုးဆက်ဟောင်းကိုပဲမူကွဲအနေနဲ့ ထုတ်ဖို့ပြင်နေပါတယ်။ အဲ့ဒီဖုန်းကတော့ PIXEL 4A ဖြစ်ပြီး ပြီးခဲ့တဲနှစ်ကထွက်ရှိခဲ့တဲ့ Pixel 3a ဖုန်းရဲ့ မျိုးဆက်ဖုန်းဖြစ်မှာပါ။ ကောလာဟလတွေအရကုမ္ပဏီအနေနဲ့ ယခုအကြိမ်မှာတော့ ဖုန်း၁မျိုးတည်းသာ ထုတ်လုပ်လာမယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက် OnLeaksကနေPixel 4aနဲ့ပတ်သတ်တဲ့ rendersတွေ ထွက်ခဲ့ပါတယ်။ အဲ့ဒီပုံတွေမှာတော့ စမတ်ဖုန်းမှာသုံးလာမယ့် ကင်မရာပုံစံကိုတွေ့လိုက်ရပါတယ်။ ဓာတ်ပုံတွေအရ အဲ့ဒီဖုန်းမှာ Pixel 4 ဖုန်းမှာလို့ စတုရန်းပုံစံကင်မရာဒီဇိုင်းကိုသာသုံးလာမှာပါ။ သတင်းတွေအရ Pixel 4a ဖုန်းမှာ 5.81-inch displayနဲ့ ထွက်လာမယ်လို့ဆိုတာကြောင့် mid-range Googleဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ ပြီးတော့ အရှေ့ဘက်ကင်မရာ Selfie ကိုလည်း punch-hole ပုံစံမျိုးထုတ်လာမှာပါ။ 3.5mm headphone jack ကိုလည်း ထည့်ပေးထားမယ်လို့ သိရပါတယ်။Huawei P40 Pro

Huawei P30 Proဖုန်းဟာကင်မရာပိုင်းအတွက် အတော်ကောင်းမွန်တဲစမတ်ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာကင်မရာပိုင်းဆိုင်ရာအတွက် အထူးထောက်ပံ့မှုများစွာကို ထည့်သွင်းပေးထားလို့ပါ။ periscope lensလိုဟာကိုထည့်ပေးလိုက်တာကတော့ တကယ်ကောင်းမွန်တဲ့ အိုင်ဒီယာလို့ဆိုရမှာပါ။ Huawei P40 Pro ဖုန်းမှာရောဘယ်လိုစွမ်းဆောင်ရည်တွေ ပါလာမှာလည်းစိတ်ဝင်စားစရာပါ။ P40 Pro မှာအရင်မျိုးဆက်ရဲ့ Notch အစားသေးငယ်တဲ့ Punch Hole ပါလာနိုင်ပြီးမျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်ဟာပိုကွေးညွှတ်မှာပါ။ အနောက်ဘက်မှာ 52MP Main ကင်မရာနဲ့အတူ Quad-bayer Filter ကြောင့် 13MP Photo တွေထုတ်လုပ်ပေးနိုင်မှာပါ။ အနောက်ကင်မရာ ၅လုံးတောင်ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အရှေ့နဲ့အနောက်ဘက်ကို Curved Panel နဲ့ဖုံးအုပ်ထားနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မကနေ ၆.၇ လက်မအတွင်းရှိနိုင်ပါတယ်။ လေ့လာဆန်းစစ်သူ Ming-Chi Kuoက P40 Pro ရဲ့ Periscope Telephoto ကင်မရာမှာ 10x Optical Zoom ပါမယ်လို့မကြာခင်ကပြောထားပါတယ်။ Huawei Consumer ဌာနရဲ့အကြီးအကဲ Richard Yu က P40 Series ကို မတ်လမှာ ပြင်သစ်နိုင်ငံပဲရစ်မှာ ကြေညာမယ်လို့ မကြာခင်ကအတည်ပြုလိုက်ပါတယ်။P30 Pro ဖုန်းတွေမှာ Google Services တွေမပါဘဲ Huawei Services တွေပါလာမှာပါ။ Android 10 အခြေပြုတည်ဆောက်ထားတဲ့ EMUI 10 ကိုသုံးရမှာပါ။Samsung Galaxy Fold 2

Samsungရဲ့ ဒုတိယမြောက် foldable phoneဟာလာမယ့်လမှာထွက်ရှိလာဖို့များပါတယ်။ ရက်ကတော့ ဖေဖော်ဝါရီ ၁၁ ဒါမှမဟုတ် ၁၈ ရက်လောက်မှာဖြစ်ပြီး flagship စမတ်ဖုန်းတွေဖြစ်တဲ့ S20 series ဖုန်းတွေနဲ့ အတူတပြိုင်နက်တည်း မိတ်ဆက်လာနိုင်ပါတယ်။ XDA Developerကလာတဲ့ သတင်းတွေအရGalaxy Note9ကိုstable Android 10ထုတ်ပေးခြင်းမှာ အခြားကုတ်တခုကိုပါတွေ့ရှိခဲ့ပြီး အဲ့ဒါကတော့ Fold 2မှာSuper Fast charging ပါမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကုတ်မှာတော့ Fold 2 စမတ်ဖုန်းရဲ့ chargingပိုင်းနဲ့ ပတ်သတ်တဲ့ ဖော်ပြချက်အချို့ကို မြင်လိုက်ရတာ ဖြစ်ပြီးfile titled ကိုတော့ “bloom_front_charging_effect_superfast” လို့ပေးထားပါတယ်။ Bloom ဆိုတာကတော့ Fold 2 ကိုသတ်မှတ်ထားတဲ့ code-name ပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုရီးယားကုမ္ပဏီအနေနဲ့ Galaxy S10 5G မိတ်ဆက်ပွဲတုန်းက ပြသခဲ့တဲ့ Super Fast Charging နည်းပညာသစ်ကိုနောက်ထွက်မယ့် foldable ဖုန်းသစ်မှာ ထည့်ပေးတော့မှာပါ။ ဖုန်းအတွက် လုံလောက်တဲ့အားသွင်းမြန်နှုန်းကို ရရှိစေဖို့အတွက်ကတော့ charging adapter ကို 45W သုံးနိုင်ပါတယ်။ Fold 2ဖုန်းရဲ့ ဒုတိယမျက်နှာပြင်ဟာကင်မရာတွေဘေးမှာ အံဝင်ခွင်ကျရှိနေနိုင်ပါတယ်။ ဒုတိယမျိုးဆက် Galaxy Foldနဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီ တွေထဲကတခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။ ဒုတိယတခုဟာဘယ်လောက်ရှိမယ်ဆိုတာမသိရသေးပေမယ့် 3,000 mAh အောက်လောက်ပဲရှိနိုင်မှာပါ။Motorola Razr 2020

2020 အတွက် foldable design နဲ့ $1500 ဈေးနှုန်းဝန်းကျင်ဖုန်းကို Motorola ကထုတ်ပေးပါလိမ့်မယ်။ ဖုန်းကိုခေါက်ချိုးထားတဲ့အခါမှာ သိပ်ပြီးမထူအောင်ဒီဇိုင်းထုတ်ထားပါတယ်။ အပြင်ဘက်မှာ Quick View External Touchscreen တပ်ဆင်ထားပြီး Notification တွေကြည့်တာနဲ့သီချင်းဖွင့်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီဖုန်းကိုယခုနှစ် အတွင်းရောင်းချမယ်လို့သတင်းထွက်နေပါတယ်။ Octa Core Snapdragon 710 10nm သာသုံးထားတာကတော့ လက်ရှိဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင်အတော်လေးကွာဟမှာပါ။TCL foldable phone

2020 ခုနှစ်ရဲ့အစပိုင်းမှာပဲ  foldable phones တမျိုးဟာ CES မှာထွက်လာခဲ့ပါပြီ။ တရုတ်အီလက်ထရောနစ်ကုမ္ပဏီ TCL ကပြသလိုက်တာဖြစ်ပြီး TCL Foldable ဖုန်းဟာ 7.2-inch panel နဲ့ဖြစ်ပါတယ်။ အိတ်ဆောင်ပုံစံမျိုးမဟုတ်ပေမယ့် သူ့ကိုခေါက်သိမ်းနိုင်မှာပါ။ ပြောရမယ်ဆို Foldable ဖုန်းတွေထဲမှာသေးငယ်တဲ့ အရွယ်အစားလို့သတ်မှတ်နိုင်ပါလိမ့်မယ်။ secondary displayမပါဝင်တာကြောင့် အခြားဖုန်းတွေလိုခေါက်လိုက်တဲ့အချိန်မှာအသုံးပြုနိုင်မှာမဟုတ်ပါဘူး။TCLအနေနဲ့ panelအမျိုးအစား၊ resolution တွေ display ပိုင်းနဲ့ ပတ်သတ်တဲ့ အခြားအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ပြီးတော့ ဘယ်လို layer တွေသုံးထားတယ်ဆိုတာလည်းမသိရသေးပါဘူး။ အပြင်ဘက်ကာဘာပုံစံကတော့ ဒိုင်းမွန်းပုံစံအရောင်တောက်တောက် ဖြစ်ပြီးနောက်ကျောဘက်မှာကင်မရာ ၄ လုံးတပ်ဆင်ထားတာကိုတွေ့ရပါတယ်။ TCL အနေနဲ့ ကင်မရာပိုင်းနဲ့ ပတ်သတ်ပြီးအသေးစိတ် အချက်အလက်တွေ ထုန်ပြန်ခြင်းမရှိပေမယ့် resolution မြင့်မားတဲ့ 48MP / 64MP ဆင်ဆာတွေသုံးပေးဖို့ သေချာနေပါတယ်။ ဒီဖုန်းကိုယခုနှစ်အတွင်းထုတ်ပေးမှာဖြစ်ပြီးဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။OnePlus Mystery Device

OnePlusရဲ့ Mystery ဖုန်းလို့သတ်မှတ်နိုင်တဲ့ OnePlus Concept One ဖုန်းကို ကျွန်တော်တို့ CES မှာတွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီဖုန်းဈေးကွက်ထဲရောက်ဖို့အတွက်ကတော့ စောင့်ရအုံးမှာဖြစ်ပါတယ်။ ပြီးတော့ ONEPLUSအနေနဲ့ 120HZ SCREEN နည်းပညာသစ်ကိုထုတ်ပြခဲ့ပါတယ်။ ဒီနည်းပညာကိုမျိုးဆက်သစ် ဖုန်းတွေမှာသုံးဖို့ ကုမ္ပဏီအနေနဲ ပြင်ဆင်လျက် ရှိနေတယ်လို့ သိရပါတယ်။ OnePlus ရဲ့ထပ်မံပြောကြားချက်မှာတော့ 120HZ SCREENနဲ့ဖုန်းတွေ ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီဆိုတာပါဘဲ။ OnePlusအနေနဲ့ ကိုယ်ပိုင် display မထုတ်နိုင်တာကြောင့် Samsung Displayတွေကို ဝယ်သုံးနေခဲ့တာအချိန်အတော်ကြာနေခဲ့ပါပြီ။ သတင်းတွေအရတော့ OnePlus 8 Series မှာ 120Hz Fluid Display ပါလာနိုင်မယ်ဆိုတာပါ။ OnePlus Concept One မှာရော ဘာတွေထူးခြားနေလဲ။ McLaren နဲ့မိတ်ဖက် ပြုလုပ်ပြီးထုတ်ထားတဲ့ အဲ့ဒီစမတ်ဖုန်းမှာကင်မရာဟာပေါ်လိုက်၊ ပျောက်လိုက် ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ OnePlusကတော့ disappearing ကင်မရာလို့ နာမည်ပေးထားပါတယ်။ ဒီဇိုင်းကလုံးဝစွဲမက်ဖွယ်ဖြစ်ပြီး လုံးဝအဝါရောင်စစ်စစ်လည်သာသားနဲ့ ပြုလုပ်ထားတာပါ။ ကင်မရာနဲ့ pop-up selfieကင်မရာတွေ ထည့်ထားတဲ့ ပုံစံကOnePlus 7T Proနဲ့ ဆင်တူပြီး ဒီဇိုင်းပုံစံကိုသားရေနဲ့ပုံဖော်ထားတာပါ။ ကင်မရာကိုနောက်ဘက်ဖန်သားရဲ့ အောက်မှာထည့်ထားတာဖြစ်ပြီး electrochromic glass ကို သုံးထားတာပါ။ ဖုန်းရဲ့ပုံစံကို McLaren က လက်ရှိထုတ်နေတဲ့ sports cars တွေရဲ့ပုံစံပေါ် မူတည်ပြီးဆန်းသစ်ထားတာပါ။ သင်အနေနဲ့ နောက်ကျောဘက်ကင်မရာကို အသုံးမပြုမချင်းကင်မရာဆင်ဆာတွေ ပေါ်လာမှာမဟုတ်ပါဘူး။ ကင်မရာကိုရိုက်ဖို့ပြင်ဆင်လိုက်တာနဲ့ ကွယ်ဝှက်ထားတဲ့ အခြေအနေကနေကင်မရာတွေပေါ်လာမှာ ဖြစ်ပါတယ်။ ကင်မရာပေါ်လာဖို့ အချိန်ဟာ0.7စက္ကန့်သာ ကြာမှာဖြစ်ပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

9 phones we’re excited to see in 2020




iPhone SE 2


iPhone 12 series


Google Pixel 4a


Huawei P40 Pro


Samsung Galaxy Fold 2


Motorola Razr 2020


TCL foldable phone



