ပြီးခဲ့တဲ့ 2019 နိုဝင်ဘာလလောက်က ထုတ်လုပ်ထားတဲ့ Xiaomi Mi CC9 Pro ကို Premium Edition အနေနဲ့လည်း ထပ်မံထုတ်လုပ်ပေးထားပါတယ်။ ၎င်းဟာ ကမ္ဘာ့အကောင်းဆုံး ကင်မရာဖုန်းတစ်လုံးလို့တောင် ပြောရလောက်အောင် ကင်မရာစွမ်းအားတွေ အထူးကောင်းမွန်ပြီး ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ features တွေက အံ့မခန်းလောက်အောင် ပြည့်စုံကောင်းမွန်မှု ရှိပါတယ်။ စွမ်းအားမြင့်မားတဲ့ အနောက်ကင်မရာ 5 လုံး ပါရှိပြီး အရှေ့ကင်မရာကလည်း အထူးကောင်းမွန်မှုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဘက်ထရီစွမ်းအားကောင်းမွန်ခြင်း စတဲ့ အဓိကလိုအပ်ချက်တွေမှာလည်း Pro Premium version ဖြစ်တာနဲ့အညီ ပြီးပြည့်စုံမှုလည်း ရှိပါတယ်။ ၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။

(1). Design & Build

အရှေ့ဘက်မျက်နှာပြင်က မျက်နှာပြင်ပြည့်ဒီဇိုင်းပုံစံရှိပြီး အရှေ့ဘက်မျက်နှာပြင်နဲ့ အလွန်အကြမ်းခံတဲ့ နောက်ဆုံးပေါ် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားသလို နောက်ကျောဘက်ကိုလည်း Corning Gorilla Glass 5 နဲ့ပဲ တည်ဆောက်ထားပြီး ဘေးဘောင်တွေက aluminum frame တွေကို သုံးထားတဲ့အတွက် တော်တော်လေးကို တောင့်တင်းခိုင်မာမှု ရှိပါတယ်။ ဒါကြောင့် အကြမ်းခံနိုင်ရည်စွမ်းကလည်း တခြားဖုန်းတွေထက် သာလွန်ကောင်းမွန်ပါတယ်။ နောက်ကျောဘက်ညာဘက်ထောင့်မှာ အနောက်ကင်မရာ 5 လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး ဘေးနားမှာတော့ LED Flash မီးလုံးကို ထည့်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် အဆင့်မြင့် Under Display Fingeprint Sensor ကို သုံးပေးထားလို့ အသုံးပြုရတာ ပိုမိုစမတ်ကျလှပါတယ်။ ဖုန်းအရွယ်အစားက 157.8 x 74.2 x 9.67 mm ရှိပြီး 208g လေးပါတယ်။ ပုံမှန်ဖုန်းတွေထက် အနည်းငယ်ပိုထူပြီး အနည်းငယ်လည်း ပိုလေးတာကို တွေ့ရပါတယ်။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ Dark Night Phantom, Ice and Snow Aurora, Magical Green ဆိုတဲ့ လှပတဲ့ အရောင်ဆန်းလေး 3 ရောင်ပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်က 6.47″ အကျယ်ရှိပြီး AMOLED capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင် 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ကျယ်ကျယ်၊ မြင်ကွင်းစွမ်းအားကောင်းကောင်းနဲ့ စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။

(3). Operating System and Camera

အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ MIUI 11 User Interface ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 108 MP (f/1.69) + 20MP (f/2.2) + 12MP (f/2.0) + 5MP + 2MP (f/2.4) ဖြစ်ပြီး အရှေ့ကင်မရာကလည်း 32MP (f/2.0) စွမ်းအားတွေကို ထောက်ပံ့ပေးထားတာကြောင့် ကင်မရာစွမ်းအား အထူးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

(4). Performance

ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM730 Snapdragon 730G (8 nm) Chipset နဲ့ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor ကို ပ့ံပိုးထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း အဆင့်မြင့် Adreno 618 GPU ကို သုံးထားတဲ့အတွက် နောက်ဆုံးပေါ် ဂိမ်းတွေ၊ Apps တွေ အကုန်လုံးကို အသုံးပြုနိုင်ပါတယ်။

(5). Battery

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 5260 mAh battery ကို ထည့်ထားတာကြောင့် တစ်နေ့လုံး အေးအေးဆေးဆေး သုံးစွဲနိုင်သလို ဖုန်းအားသွင်းရတာမြန်ဆန်တဲ့ Fast battery charging 30W စနစ်လည်း ပါရှိပါတယ်။

(6). Specification

» Display : 6.47 inches, AMOLED capacitive touchscreen
» Memory : 256GB, 8GB RAM, (No Card Slot)
» Camera : Five : 108+12+5+20+2 MP / Single : 32 MP (Front)
» OS : Android 9.0 (Pie); MIUI 11
» Battery : Non-removable Li-Po 5260 mAh battery

» Price : 621,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Xiaomi Mi CC9 Pro Premium

ၿပီးခဲ့တဲ့ 2019 ႏိုဝင္ဘာလေလာက္က ထုတ္လုပ္ထားတဲ့ Xiaomi Mi CC9 Pro ကို Premium Edition အေနနဲ႔လည္း ထပ္မံထုတ္လုပ္ေပးထားပါတယ္။ ၎ဟာ ကမာၻ႔အေကာင္းဆံုး ကင္မရာဖုန္းတစ္လံုးလုိ႔ေတာင္ ေျပာရေလာက္ေအာင္ ကင္မရာစြမ္းအားေတြ အထူးေကာင္းမြန္ၿပီး ထည့္သြင္းေပးထားတဲ့ Specs ေတြနဲ႔ features ေတြက အံ့မခန္းေလာက္ေအာင္ ျပည့္စံုေကာင္းမြန္မႈ ရွိပါတယ္။ စြမ္းအားျမင့္မားတဲ့ အေနာက္ကင္မရာ 5 လံုး ပါရွိၿပီး အေရွ႕ကင္မရာကလည္း အထူးေကာင္းမြန္မႈရွိတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔ျခင္း၊ စက္စြမ္းေဆာင္ရည္ျမင့္မားျခင္း၊ ဘက္ထရီစြမ္းအားေကာင္းမြန္ျခင္း စတဲ့ အဓိကလုိအပ္ခ်က္ေတြမွာလည္း Pro Premium version ျဖစ္တာနဲ႔အညီ ၿပီးျပည့္စံုမႈလည္း ရွိပါတယ္။ ၎ကို GSM, CDMA, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္တဲ့ Dual SIM စနစ္ ပါရွိပါတယ္။

(1). Design & Build

အေရွ႕ဘက္မ်က္ႏွာျပင္က မ်က္ႏွာျပင္ျပည့္ဒီဇုိင္းပံုစံရွိၿပီး အေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ အလြန္အၾကမ္းခံတဲ့ ေနာက္ဆံုးေပၚ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားသလုိ ေနာက္ေက်ာဘက္ကိုလည္း Corning Gorilla Glass 5 နဲ႔ပဲ တည္ေဆာက္ထားၿပီး ေဘးေဘာင္ေတြက aluminum frame ေတြကို သံုးထားတဲ့အတြက္ ေတာ္ေတာ္ေလးကို ေတာင့္တင္းခိုင္မာမႈ ရွိပါတယ္။ ဒါေၾကာင့္ အၾကမ္းခံႏုိင္ရည္စြမ္းကလည္း တျခားဖုန္းေတြထက္ သာလြန္ေကာင္းမြန္ပါတယ္။ ေနာက္ေက်ာဘက္ညာဘက္ေထာင့္မွာ အေနာက္ကင္မရာ 5 လံုးကို ေဒါင္လုိက္တပ္ဆင္ထားၿပီး ေဘးနားမွာေတာ့ LED Flash မီးလံုးကို ထည့္ေပးထားပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္ အဆင့္ျမင့္ Under Display Fingeprint Sensor ကို သံုးေပးထားလုိ႔ အသံုးျပဳရတာ ပိုမုိစမတ္က်လွပါတယ္။ ဖုန္းအရြယ္အစားက 157.8 x 74.2 x 9.67 mm ရွိၿပီး 208g ေလးပါတယ္။ ပံုမွန္ဖုန္းေတြထက္ အနည္းငယ္ပိုထူၿပီး အနည္းငယ္လည္း ပိုေလးတာကို ေတြ႕ရပါတယ္။ ၎ကို ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ Dark Night Phantom, Ice and Snow Aurora, Magical Green ဆိုတဲ့ လွပတဲ့ အေရာင္ဆန္းေလး 3 ေရာင္ပဲ ျဖစ္ပါတယ္။

(2). Display

မ်က္ႏွာျပင္က 6.47″ အက်ယ္ရွိၿပီး AMOLED capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္ 19.5:9 ratio မွာ 1080 x 2340 pixels စြမ္းအားရွိတဲ့ ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္က်ယ္က်ယ္၊ ျမင္ကြင္းစြမ္းအားေကာင္းေကာင္းနဲ႔ စာဖတ္တာေတြနဲ႔ ႐ုပ္ရွင္ၾကည့္တာေတြကို အေကာင္းဆံုး လုပ္ေဆာင္ႏိုင္ပါတယ္။

(3). Operating System and Camera

အထဲမွာေတာ့ ေနာက္ဆံုးေပၚ Android 9.0 (Pie) ကို အေျခခံထားတဲ့ MIUI 11 User Interface ကို run ေပးထားပါတယ္။ အေနာက္ကင္မရာက 108 MP (f/1.69) + 20MP (f/2.2) + 12MP (f/2.0) + 5MP + 2MP (f/2.4) ျဖစ္ၿပီး အေရွ႕ကင္မရာကလည္း 32MP (f/2.0) စြမ္းအားေတြကို ေထာက္ပံ့ေပးထားတာေၾကာင့္ ကင္မရာစြမ္းအား အထူးေကာင္းမြန္တဲ့ စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။

(4). Performance

ဖုန္းရဲ႕စြမ္းေဆာင္ရည္ပိုင္းအတြက္ Qualcomm SDM730 Snapdragon 730G (8 nm) Chipset နဲ႔ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor ကို ပ့ံပိုးထားၿပီး ႐ုပ္ထြက္ပိုင္းအတြက္လည္း အဆင့္ျမင့္ Adreno 618 GPU ကို သံုးထားတဲ့အတြက္ ေနာက္ဆံုးေပၚ ဂိမ္းေတြ၊ Apps ေတြ အကုန္လံုးကို အသံုးျပဳႏုိင္ပါတယ္။

(5). Battery

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 5260 mAh battery ကို ထည့္ထားတာေၾကာင့္ တစ္ေန႔လံုး ေအးေအးေဆးေဆး သံုးစြဲႏုိင္သလို ဖုန္းအားသြင္းရတာျမန္ဆန္တဲ့ Fast battery charging 30W စနစ္လည္း ပါရွိပါတယ္။

(6). Specification

» Display : 6.47 inches, AMOLED capacitive touchscreen
» Memory : 256GB, 8GB RAM, (No Card Slot)
» Camera : Five : 108+12+5+20+2 MP / Single : 32 MP (Front)
» OS : Android 9.0 (Pie); MIUI 11
» Battery : Non-removable Li-Po 5260 mAh battery

» Price : 621,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)