Websites

www.bandapost.org/

www.bandapost.org ဟာ မြန်မာနိုင်ငံအတွင်းက စီးပွားရေးသတင်းထောက်တွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ အကိုးအကားတွေကို တစ်နေရာတည်းမှာ ဖတ်ရှုရမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အစီရင်ခံစာများနဲ့ သတင်းစာပညာနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို လေ့လာဆည်းပူးနိုင်မယ့် အရင်းအမြစ်များကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

hiburma.net/

http://hiburma.net ဟာ အမျိုးသမီးများရဲ့အသံကို အဓိကဖော်ထုတ်ရာ သတင်းမှန်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီးအသံတွေကို ဖော်ထုတ်ရာနေရာတစ်ခုပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့အသံတွေကို အဓိကထားဖော်ထုတ်ပေးတဲ့ မီဒီယာနည်းပါးပြီး မြန်မာနိုင်ငံရဲ့မီဒီယာလောကမှာ ဒါက ရှားရှားပါးပါး အမျိုးသမီးတွေရဲ့အသံကို ထုတ်ဖော်ပေးနေတာ ဖြစ်ပါတယ်။

www.foxsports.com.mm/

www.foxsports.com.mm ဟာ နောက်ဆုံးရဘောလုံးသတင်းတွေကို ဝင်ရောက်ဖတ်ရှုနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အင်္ဂလိပ်ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ယူရိုပါလိဂ်၊ လာလီဂါတို့လိုလိဂ်ပွဲတွေအကြောင်း သိရမှာဖြစ်သလို အေအက်ဖ်စီဖလား၊ အေအက်ဖ်အက်ဖ် ဆူဇူကီးဖလားတို့လို စတဲ့ အာရှဘောလုံးသတင်းတွေကိုလည်း ဝင်ဖတ်နိုင်ပါတယ်။ ပြည်တွင်းဘောလုံးသတင်းအနေနဲ့တော့ မြန်မာနေရှင်နယ်လိဂ်နဲ့ မြန်မာအသင်းသတင်းတွေနဲ့ လက်ဝှေ့ပွဲသတင်းတွေကိုလည်း ဖတ်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။

Facebook

www.facebook.com/thipplar/

Thi P P Lar ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ရန်ကုန်မှာရှိတဲ့ စုံလင်တဲ့ အမျိုးအစားတွေရဲ့ Promotion သတင်းတွေကို တစ်နေရာတည်းမှာ သိရှိနိုင်မယ့် စာမျက်နှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်း discount ပေးနေတဲ့ ဆိုင်တွေ၊ နေရာတွေ အမျိုးမျိုးအကြောင်း information ပေးနေတာဖြစ်ပြီး ပရိုမိုးရှင်းပေးတဲ့နေရာ၊ အချိန်ကာလနဲ့ စျေးနှုန်းတွေကအစ အသေးစိတ်ကို ရေးသားမျှဝေပေးတာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်တွေကို လက်မလွတ်ရအောင် ပရိုမိုးရှင်း information တွေ သိရှိနိုင်ဖို့အတွက် like လုပ်ထားသင့်ပါတယ်။

www.facebook.com/musicbydw/

DW PAGE ဟာ ဂီတချစ်မြတ်နိုးသူတွေအတွက် ဖေ့စ်ဘွတ်သုံးရင်း သီချင်းလေးတွေ နားထောင်ရအောင် like လုပ်ထားသင့်တဲ့ page တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာသီချင်းတွေကို ဘာသာပြန်စာတန်းထိုးနဲ့ နားဆင်ရမှာပါ။ အင်္ဂလိပ်စာတန်းထိုးနဲ့ပါ ပူးတွဲကြည့်ရှုရမှာဖြစ်ပြီး ဘာသာပြန်ကောင်းကောင်းနဲ့ တင်ဆက်ပေးထားလို့ သီချင်းတွေကို အပြည့်အဝ ခံစားနားဆင်ရမှာ ဖြစ်ပါတယ်။ မိမိနားဆင်ချင်တဲ့ သီချင်းတွေကိုလည်း ဘာသာပြန်တင်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

www.facebook.com/pyaephyokyaw9834/

မြန်မာပုံပြင်များဟာ ကလေးတွေအတွက် ပုံပြင်လေးတွေပြောပြပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ အိမ်အလုပ်တွေနဲ့ရှုပ်နေတဲ့ မေမေတွေအတွက် သားသားမီးမီးလေးတွေကို ငြိမ်အောင်လို့ ပုံပြင်လေးတွေ ဖွင့်ပြထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ခံစကားပြောကလည်း ပီပြင်လှတာဖြစ်လို့ ပုံပြင်တွေကြည့်ရတာ အသက်ဝင်ပါတယ်။ နိုင်ငံတကာပုံပြင်တွေအပြင် မြန်မာကာတွန်းဖြစ်တဲ့ ဘိုဘိုကာတွန်းကိုလည်း ကြည့်ရှုနားဆင်နိုင်လို့ ကလေးတွေကတော့ ကြိုက်မှာ သေချာပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Websites & Facebook စာမ်က္ႏွာမ်ား

Websites

www.bandapost.org/

www.bandapost.org ဟာ ျမန္မာႏိုင္ငံအတြင္းက စီးပြားေရးသတင္းေထာက္ေတြအတြက္ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြနဲ႔ အကိုးအကားေတြကို တစ္ေနရာတည္းမွာ ဖတ္႐ႈရမယ့္ ဝက္ဘ္ဆိုက္ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ေလ့လာေနတဲ့ အဖြဲ႕အစည္းအသီးသီးရဲ႕ အစီရင္ခံစာမ်ားနဲ႔ သတင္းစာပညာနဲ႔ စီးပြားေရးဆိုင္ရာ အေၾကာင္းအရာမ်ားကို ေလ့လာဆည္းပူးႏိုင္မယ့္ အရင္းအျမစ္မ်ားကို ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။

hiburma.net/

http://hiburma.net ဟာ အမ်ဳိးသမီးမ်ားရဲ႕အသံကို အဓိကေဖာ္ထုတ္ရာ သတင္းမွန္ဝက္ဘ္ဆိုက္တစ္ခုျဖစ္ၿပီး အမ်ဳိးသမီးေတြရဲ႕ တရားမွ်တမႈအတြက္ အမ်ိဳးသမီးအသံေတြကို ေဖာ္ထုတ္ရာေနရာတစ္ခုပဲ ျဖစ္ပါတယ္။ သတင္းမီဒီယာေတြ အမ်ားႀကီးရွိေပမယ့္ အမ်ဳိးသမီးေတြရဲ႕အသံေတြကို အဓိကထားေဖာ္ထုတ္ေပးတဲ့ မီဒီယာနည္းပါးၿပီး ျမန္မာႏိုင္ငံရဲ႕မီဒီယာေလာကမွာ ဒါက ရွားရွားပါးပါး အမ်ိဳးသမီးေတြရဲ႕အသံကို ထုတ္ေဖာ္ေပးေနတာ ျဖစ္ပါတယ္။

www.foxsports.com.mm/

www.foxsports.com.mm ဟာ ေနာက္ဆံုးရေဘာလံုးသတင္းေတြကို ဝင္ေရာက္ဖတ္႐ႈႏိုင္မယ့္ ဝက္ဘ္ဆိုက္ ျဖစ္ပါတယ္။ အဂၤလိပ္ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ဘြန္ဒစ္လီဂါ၊ ယူ႐ိုပါလိဂ္၊ လာလီဂါတို႔လိုလိဂ္ပြဲေတြအေၾကာင္း သိရမွာျဖစ္သလုိ ေအအက္ဖ္စီဖလား၊ ေအအက္ဖ္အက္ဖ္ ဆူဇူကီးဖလားတုိ႔လို စတဲ့ အာရွေဘာလံုးသတင္းေတြကိုလည္း ဝင္ဖတ္ႏိုင္ပါတယ္။ ျပည္တြင္းေဘာလံုးသတင္းအေနနဲ႔ေတာ့ ျမန္မာေနရွင္နယ္လိဂ္နဲ႔ ျမန္မာအသင္းသတင္းေတြနဲ႔ လက္ေဝွ႔ပြဲသတင္းေတြကိုလည္း ဖတ္႐ႈႏိုင္ဦးမွာ ျဖစ္ပါတယ္။

Facebook

www.facebook.com/thipplar/

Thi P P Lar ဆိုတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာဟာ ရန္ကုန္မွာရွိတဲ့ စံုလင္တဲ့ အမ်ိဳးအစားေတြရဲ႕ Promotion သတင္းေတြကို တစ္ေနရာတည္းမွာ သိရွိႏိုင္မယ့္ စာမ်က္ႏွာ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕အတြင္း discount ေပးေနတဲ့ ဆိုင္ေတြ၊ ေနရာေတြ အမ်ိဳးမ်ိဳးအေၾကာင္း information ေပးေနတာျဖစ္ၿပီး ပ႐ိုမိုးရွင္းေပးတဲ့ေနရာ၊ အခ်ိန္ကာလနဲ႔ ေစ်းႏႈန္းေတြကအစ အေသးစိတ္ကို ေရးသားမွ်ေဝေပးတာ ျဖစ္ပါတယ္။ ပ႐ိုမိုးရွင္းအစီအစဥ္ေတြကို လက္မလြတ္ရေအာင္ ပ႐ိုမိုးရွင္း information ေတြ သိရွိႏိုင္ဖုိ႔အတြက္ like လုပ္ထားသင့္ပါတယ္။

www.facebook.com/musicbydw/

DW PAGE ဟာ ဂီတခ်စ္ျမတ္ႏုိးသူေတြအတြက္ ေဖ့စ္ဘြတ္သံုးရင္း သီခ်င္းေလးေတြ နားေထာင္ရေအာင္ like လုပ္ထားသင့္တဲ့ page တစ္ခု ျဖစ္ပါတယ္။ ႏိုင္ငံတကာသီခ်င္းေတြကို ဘာသာျပန္စာတန္းထိုးနဲ႔ နားဆင္ရမွာပါ။ အဂၤလိပ္စာတန္းထုိးနဲ႔ပါ ပူးတြဲၾကည့္႐ႈရမွာျဖစ္ၿပီး ဘာသာျပန္ေကာင္းေကာင္းနဲ႔ တင္ဆက္ေပးထားလုိ႔ သီခ်င္းေတြကို အျပည့္အဝ ခံစားနားဆင္ရမွာ ျဖစ္ပါတယ္။ မိမိနားဆင္ခ်င္တဲ့ သီခ်င္းေတြကိုလည္း ဘာသာျပန္တင္ေပးဖုိ႔ ေတာင္းဆိုႏိုင္ပါတယ္။

www.facebook.com/pyaephyokyaw9834/

ျမန္မာပံုျပင္မ်ားဟာ ကေလးေတြအတြက္ ပံုျပင္ေလးေတြေျပာျပေပးေနတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာတစ္ခု ျဖစ္ပါတယ္။ အိမ္အလုပ္ေတြနဲ႔႐ႈပ္ေနတဲ့ ေမေမေတြအတြက္ သားသားမီးမီးေလးေတြကို ၿငိမ္ေအာင္လုိ႔ ပံုျပင္ေလးေတြ ဖြင့္ျပထားႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ခံစကားေျပာကလည္း ပီျပင္လွတာျဖစ္လုိ႔ ပံုျပင္ေတြၾကည့္ရတာ အသက္ဝင္ပါတယ္။ ႏိုင္ငံတကာပံုျပင္ေတြအျပင္ ျမန္မာကာတြန္းျဖစ္တဲ့ ဘိုဘိုကာတြန္းကိုလည္း ၾကည့္႐ႈနားဆင္ႏိုင္လို႔ ကေလးေတြကေတာ့ ႀကိဳက္မွာ ေသခ်ာပါတယ္။

NetGuide Journal (Every Wednesday)