Planescape Torment ဟာ တကယ့်ကိုအံ့သြဖွယ်ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပြီး သမရိုးကျမဟုတ်တဲ့ ဂိမ်းဇာတ် လမ်း၊ ဇာတ်ကောင်နဲ့ နောက်ခံအသံတို့ကြောင့် တစ်နှစ်တာအကောင်းဆုံး RPG ဂိမ်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒီဂိမ်းထွက်ရှိပြီးနောက် နှစ် ၂ဝ နီးပါး အကြာမှာထွက်ရှိလာတဲ့ Planescape : Torment ရဲ့ update edition ဖြစ်တဲ့  Planescape Torment: Enhanced Edition ကလည်း ကစားသူတွေကို အလွန်ဆွဲဆောင်ထား နိုင်မယ့်ဂိမ်းဆိုတာသေချာပါတယ်။ Dialogue ပေါ်မှာ အများကြီးအခြေခံထားတဲ့ ဒီဂိမ်းမှာ Nameless One ဆိုတဲ့ဇာတ်ကောင်က သူ့ရဲ့အတိတ်နဲ့ သူ့ရဲ့ဒဏ်ရာအနာရွတ်တွေအကြောင်းဖော်ထုတ်ဖို့ ကြိုးစားတဲ့ဂိမ်းပုံစံကို ကစားရမှာပါ။ မှောင်မည်းနေတဲ့မြို့မှာဇာတ်လမ်းဆင်ထားတဲ့ဒီဂိမ်းဟာ combat ပေါ်မှာ အဓိကထားပေမယ့် ကစားသူရဲ့အဓိကလက်နက်တွေက စကားလုံးတွေဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ dialogue တွေပါပြီး ရွေးချယ်မှုတွေ အများကြီးကိုပြုလုပ်ကာ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ အရင်က ကစားခဲ့တဲ့ပုံစံတွေနဲ့မတူတဲ့ ပဟေဠိတွေကို ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ ဒီ RPG classic ဂိမ်းမှာအန္တရာယ်များတဲ့ဂိမ်းမြေပုံတွေဖန်တီးထားပြီး သတ္တဝါတွေနဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Android 3.0 နဲ့အထက်မှာကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Planescape Torment : Enhanced Edition

Planescape Torment ဟာ တကယ့္ကိုအံ့ၾသဖြယ္ေကာင္းတဲ့ဂိမ္းတစ္ခုျဖစ္ၿပီး သမ႐ိုးက်မဟုတ္တဲ့ ဂိမ္းဇာတ္လမ္း၊ ဇာတ္ေကာင္နဲ႔ ေနာက္ခံအသံတို႔ေၾကာင့္ တစ္ႏွစ္တာအေကာင္းဆံုး RPG ဂိမ္းအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ အဲ့ဒီဂိမ္းထြက္ရွိၿပီးေနာက္ ႏွစ္ ၂ဝ နီးပါးအၾကာမွာထြက္ရွိလာတဲ့ Planescape : Torment ရဲ႕ update edition ျဖစ္တဲ့  Planescape Torment: Enhanced Edition ကလည္း ကစားသူေတြကို အလြန္ဆြဲေဆာင္ထား ႏိုင္မယ့္ဂိမ္းဆိုတာေသခ်ာပါတယ္။ Dialogue ေပၚမွာ အမ်ားႀကီးအေျခခံထားတဲ့ ဒီဂိမ္းမွာ Nameless One ဆိုတဲ့ဇာတ္ေကာင္က သူ႕ရဲ႕အတိတ္နဲ႔ သူ႕ရဲ႕ဒဏ္ရာအနာရြတ္ေတြအေၾကာင္းေဖာ္ထုတ္ဖုိ႔ ႀကိဳးစားတဲ့ဂိမ္းပံုစံကို ကစားရမွာပါ။ ေမွာင္မည္းေနတဲ့ၿမိဳ႕မွာဇာတ္လမ္းဆင္ထားတဲ့ဒီဂိမ္းဟာ combat ေပၚမွာ အဓိကထားေပမယ့္ ကစားသူရဲ႕အဓိကလက္နက္ေတြက စကားလံုးေတြျဖစ္ပါတယ္။ ႐ႈပ္ေထြးတဲ့ dialogue ေတြပါၿပီး ေရြးခ်ယ္မႈေတြ အမ်ားႀကီးကိုျပဳလုပ္ကာ ေရွ႕ဆက္သြားရမွာျဖစ္ပါတယ္။ အရင္က ကစားခဲ့တဲ့ပံုစံေတြနဲ႔မတူတဲ့ ပေဟဠိေတြကို ေျဖရွင္းသြားရမွာျဖစ္ပါတယ္။ ဒီ RPG classic ဂိမ္းမွာအႏၲရာယ္မ်ားတဲ့ဂိမ္းေျမပံုေတြဖန္တီးထားၿပီး သတၱဝါေတြနဲ႔ တိုက္ခိုက္ရမွာျဖစ္ပါတယ္။ Android 3.0 နဲ႔အထက္မွာကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)