ASUS ကုမ္ပဏီကနေ ၎င်းရဲ့ နောက်ဆုံးပေါ်အဆင့်မြင့် Gaming ဖုန်းတစ်လုံးဖြစ်တဲ့ ASUS ROG II စမတ်ဖုန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၎င်းဖုန်းဟာ 2018 ခုနှစ်က ထွက်ရှိထားတဲ့ ASUS ROG ဖုန်းကို ထပ်မံအဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။ Gaming ဖုန်းဖြစ်တာကြောင့် စက်စွမ်းဆောင်ရည် အထူးကောင်းမွန်ပြီး မျက်နှာပြင်ကလည်း ကြီးမားကျယ်ပြန့်မှုရှိသလို ဘက်ထရီစွမ်းအားကလည်း အထူးမြင့်မားတာကြောင့် Gamers တွေကတော့ ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။

ဒါ့အပြင် 240Hz touch-sensing စနစ်ပါရှိတာ မျက်နှာပြင်ပေါ်မှာ လုပ်ဆောင်ချက်တွေကို အလျင်မြန်ဆုံးပြုလုပ်နိုင်ပြီး Air Trigger II နည်းပညာ၊ Dual Surrounding Vibration နည်းပညာ၊ Dual front-facing speaker, 3.5mm audio jack နဲ့ အဆင့်မြင့် မိုက်ကရိုဖုန်းစနစ်တို့ပါရှိတာကြောင့် အသံစွမ်းအားပိုင်းမှာလည်း အထူးကောင်းမွန်ပါတယ်။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Nano Dual SIM စနစ်ဖြစ်တာကြောင့် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဒီဇိုင်းပုံစံက တစ်ချက်ကြည့်လိုက်တာနဲ့ နောက်ဆုံးပေါ် Gaming ဖုန်းတစ်လုံးမှန်း သိသာစေလောက်တဲ့ iconic side-charging design ပုံစံမျိုး ဖြစ်ပါတယ်။ လုံးဝဘောင်ပြောက်ဒီဇိုင်းပုံစံမဟုတ်ပေမယ့် ဘောင်ပါးပါးလေးနဲ့မို့ မျက်နှာပြင်ကြီးမားကျယ်ပြန့်မှုကို အပြည့်အဝ ခံစားနိုင်ပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို Glass နဲ့ ပြုလုပ်ထားပြီး ဘေးဘောင်တွေက အလူမီနီယံဘောင်တွေဖြစ်လို့ ပြောင်လက်တောက်ပနေတဲ့ ကိုယ်ထည်မျိုးကို ရရှိနိုင်ပါတယ်။ ထူးခြားတဲ့ ဒီဇိုင်းပုံစံကြောင့် ကြည့်လိုက်တာနဲ့ တစ်ခြားဖုန်းတွေထက် ပိုမိုဆွဲဆောင်မှု ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ Corning Gorilla Glass 6 ကို ဖုံးအုပ်ပေးထားပြီး DCI-P3 108%, HDR10 စနစ်လည်း ပါရှိတာကြောင့် ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ နောက်ကျောဘက်မှာ အနောက်ကင်မရာ 2 လုံးနဲ့ ကပ်လျက်ဘေးနားမှာ LED Flash မီးလုံးတို့ကို ဘေးတိုက်တပ်ဆင်ပေးထားပါတယ်။

ဖုန်းလုံခြုံရေးပိုင်းအတွက် အဆင့်မြင့် Under-Display Fingerprint Scanner ကို သုံးထားလို့ စမတ်ကျကျ သုံးစွဲနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 171 x 77.6 x 9.5 mm (6.73 x 3.06 x 0.37 in) ရှိပြီး 240g လေးပါတယ်။ ဒါကြောင့် တစ်ခြားဖုန်းတွေထက် ပိုထူပြီး ပိုလေးပါတယ်။ ဝယ်ယူနိုင်မယ့် အရောင်တွေက ဆန်းသစ်လှပတဲ့ Matte Black, Glossy Black ဆိုတဲ့ မတူညီတဲ့ အမဲရောင်် 2 မျိုးပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်က 6.59-inch ရှိပြီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည်အသွေးရှိတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။

ဒါကြောင့် မျက်နှာပြင်ကျယ်ကျယ်၊ မြင်ကွင်းစွမ်းအားကောင်းကောင်းနဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပြီး ဂိမ်းကစားတာတွေ၊ စာဖတ်တာတွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်ပါတယ်။ အထဲမှာ Android 9.0 (Pie) ကို အခြေခံထားတဲ့ ROG UI ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 48 MP, f/1.8, 26mm (wide), 1/2″, 0.8µm, PDAF, Laser AF + 13 MP, f/2.4, 11mm (ultrawide) စွမ်းအားတွေပါရှိပြီး အရှေ့ကင်မရာကလည်း 24MP, f/2.2, 0.9µm စွမ်းအားတွေပါရှိလို့ ကင်မရာအထူးကောင်းမွန်တဲ့ ဖုန်းထဲမှာလည်း ပါရှိပါတယ်။

Gamers တွေ အဓိကလိုအပ်ချက်ဖြစ်တဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ဖို့ အရည်အသွေးမြင့် Processor နဲ့ Chipset တွေကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အသံစွမ်အားပိုင်းအတွက်လည်း DTS Headphone X စနစ်နဲ့ Active noise cancellation with dedicated mics ကိုလည်း ထောက်ပံ့ပေးထားတဲ့အတွက် 24-bit/192kHz audio အသံစွမ်းအားတွေကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြည့်စုံကောင်းမွန်မှုရှိတဲ့ စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။

(1). Design

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ နောက်ဆုံးပေါ် ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့်ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း သေသေသပ်သပ်နဲ့ ခေတ်မီဆန်းသစ်မှု ရှိပါတယ်။

(2). Processor

RAM 8/12GB ပါရှိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor, QualcommSDM855 Snapdragon 855+ (7 nm) Chipset နဲ့ Adreno 640 (700 MHz) GPU တို့ကြောင့် ကောင်းမွန်တဲ့ စက်စွမ်းဆောင်ရည်တွေကို ထောက်ပံ့နိုင်ပြီး နောက်ဆုံးပေါ် ဂိမ်းတွေ၊ app တွေ အကုန်လုံးကို အဆင်ပြေပြေ သုံးနိုင်မှာပါ။

(3). Display and Camera

6.59-inch ရှိပြီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည်အသွေးရှိတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ၎င်းမှာ Dual 48MP + 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 24MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။

(4). Verdict

ASUS ROG Phone II စမတ်ဖုန်းဟာ တကယ့်ကို အရည်အသွေးမြင့်မားတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းတင်မကပဲ ဒီဇိုင်းပုံစံကအစ Gamers တွေ ကြိုက်နှစ်သက်စေမယ့် Gaming စမတ်ဖုန်းဒီဇိုင်းနဲ့ ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။

(5). Battery Life

၎င်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non-removable Li-Po 6000 mAh battery ဖြစ်တာကြောင့် တစ်နေ့လုံး အေးအေးဆေးဆေး သုံးစွဲနိုင်ပြီး Fast battery charging 30W (Quick Charge 4.0) စနစ်ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှု ရှိပါတယ်။

(6). Specification

» Network : GSM/HSPA/LTE (Dual SIM)
» Weight : 240 g
» Display : 6.59″, AMOLED capacitive touchscreen
» Resolution : 1080 x 2340 pixels, 19.5:9 ratio (~391ppi)
» Dimensions : 171 x 77.6 x 9.5 mm
» Memory : 128GB, 8GB RAM
» Camera : Dual 48MP, f/1.8, 1/2.0″, 0.8µm, PDAF, 13MP, f/2.4, 11mm (ultrawide), LED Flash, HDR, panorama, Selfie : 24MP, f/2.2, 0.9µm
» Connectivity : GPS, WLAN, Bluetooth 5.0, USB 3.1
» OS : Android 9.0 (Pie), ROG UI
» Chipset : Qualcomm SM8150 Snapdragon 855+
» CPU : Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485)
» GPU : Adreno 640
» Sensor : Fingerprint (under display, optical), accelerometer
» Battery : Non-removable Li-Po 6000 mAh

» Price : 775,000 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Asus ROG Phone II

ASUS ကုမၸဏီကေန ၎ရဲ႕ ေနာက္ဆံုးေပၚအဆင့္ျမင့္ Gaming ဖုန္းတစ္လံုးျဖစ္တဲ့ ASUS ROG II စမတ္ဖုန္းကို ၿပီးခဲ့တဲ့ စက္တင္ဘာလက စတင္ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ၎ဖုန္းဟာ 2018 ခုႏွစ္က ထြက္ရွိထားတဲ့ ASUS ROG ဖုန္းကို ထပ္မံအဆင့္ျမႇင့္တင္ထားတဲ့ ေမာ္ဒယ္အသစ္တစ္ခုပဲ ျဖစ္ပါတယ္။ Gaming ဖုန္းျဖစ္တာေၾကာင့္ စက္စြမ္းေဆာင္ရည္ အထူးေကာင္းမြန္ၿပီး မ်က္ႏွာျပင္ကလည္း ႀကီးမားက်ယ္ျပန္႔မႈရွိသလုိ ဘက္ထရီစြမ္းအားကလည္း အထူးျမင့္မားတာေၾကာင့္ Gamers ေတြကေတာ့ ႀကိဳက္ႏွစ္သက္ၾကမွာ အေသအခ်ာပါပဲ။

ဒါ့အျပင္ 240Hz touch-sensing စနစ္ပါရွိတာ မ်က္ႏွာျပင္ေပၚမွာ လုပ္ေဆာင္ခ်က္ေတြကို အလ်င္ျမန္ဆံုးျပဳလုပ္ႏုိင္ၿပီး Air Trigger II နည္းပညာ၊ Dual Surrounding Vibration နည္းပညာ၊ Dual front-facing speaker, 3.5mm audio jack နဲ႔ အဆင့္ျမင့္ မိုက္က႐ိုဖုန္းစနစ္တို႔ပါရွိတာေၾကာင့္ အသံစြမ္းအားပိုင္းမွာလည္း အထူးေကာင္းမြန္ပါတယ္။ ၎ဖုန္းကို GSM, HSPA နဲ႔ LTE networks ေတြမွာ အဆင္ေျပေျပ အသံုးျပဳႏိုင္ၿပီး Nano Dual SIM စနစ္ျဖစ္တာေၾကာင့္ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။ ဒီဇိုင္းပံုစံက တစ္ခ်က္ၾကည့္လုိက္တာနဲ႔ ေနာက္ဆံုးေပၚ Gaming ဖုန္းတစ္လံုးမွန္း သိသာေစေလာက္တဲ့ iconic side-charging design ပံုစံမ်ိဳး ျဖစ္ပါတယ္။ လံုးဝေဘာင္ေျပာက္ဒီဇုိင္းပံုစံမဟုတ္ေပမယ့္ ေဘာင္ပါးပါးေလးနဲ႔မုိ႔ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔မႈကို အျပည့္အဝ ခံစားႏုိင္ပါတယ္။

ကိုယ္ထည္တစ္ခုလံုးကို Glass နဲ႔ ျပဳလုပ္ထားၿပီး ေဘးေဘာင္ေတြက အလူမီနီယံေဘာင္ေတြျဖစ္လုိ႔ ေျပာင္လက္ေတာက္ပေနတဲ့ ကိုယ္ထည္မ်ိဳးကို ရရွိႏုိင္ပါတယ္။ ထူးျခားတဲ့ ဒီဇုိင္းပံုစံေၾကာင့္ ၾကည့္လုိက္တာနဲ႔ တစ္ျခားဖုန္းေတြထက္ ပိုမုိဆြဲေဆာင္မႈ ရွိပါတယ္။ မ်က္ႏွာျပင္ေပၚမွာ Corning Gorilla Glass 6 ကို ဖံုးအုပ္ေပးထားၿပီး DCI-P3 108%, HDR10 စနစ္လည္း ပါရွိတာေၾကာင့္ ျပဳတ္က်မႈဒဏ္ေတြကိုလည္း ခံႏုိင္ရည္ရွိပါတယ္။ ေနာက္ေက်ာဘက္မွာ အေနာက္ကင္မရာ 2 လံုးနဲ႔ ကပ္လ်က္ေဘးနားမွာ LED Flash မီးလံုးတို႔ကို ေဘးတုိက္တပ္ဆင္ေပးထားပါတယ္။

ဖုန္းလံုၿခံဳေရးပိုင္းအတြက္ အဆင့္ျမင့္ Under-Display Fingerprint Scanner ကို သံုးထားလုိ႔ စမတ္က်က် သံုးစြဲႏုိင္ပါတယ္။ ဖုန္းအရြယ္အစားက 171 x 77.6 x 9.5 mm (6.73 x 3.06 x 0.37 in) ရွိၿပီး 240g ေလးပါတယ္။ ဒါေၾကာင့္ တစ္ျခားဖုန္းေတြထက္ ပိုထူၿပီး ပိုေလးပါတယ္။ ဝယ္ယူႏုိင္မယ့္ အေရာင္ေတြက ဆန္းသစ္လွပတဲ့ Matte Black, Glossy Black ဆိုတဲ့ မတူညီတဲ့ အမဲေရာင္္ 2 မ်ိဳးပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အက်ယ္က 6.59-inch ရွိၿပီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည္အေသြးရွိတဲ့ full HD ျမင္ကြင္းေတြကို ျပသေပးႏိုင္ပါတယ္။

ဒါေၾကာင့္ မ်က္ႏွာျပင္က်ယ္က်ယ္၊ ျမင္ကြင္းစြမ္းအားေကာင္းေကာင္းနဲ႔ ႐ုပ္ရွင္ေတြ၊ ဗီဒီယိုေတြကို ၾကည့္႐ႈႏုိင္ၿပီး ဂိမ္းကစားတာေတြ၊ စာဖတ္တာေတြကိုလည္း အဆင္ေျပေျပ ျပဳလုပ္ႏုိင္ပါတယ္။ အထဲမွာ Android 9.0 (Pie) ကို အေျခခံထားတဲ့ ROG UI ကို run ေပးထားပါတယ္။ အေနာက္ကင္မရာက 48 MP, f/1.8, 26mm (wide), 1/2″, 0.8µm, PDAF, Laser AF + 13 MP, f/2.4, 11mm (ultrawide) စြမ္းအားေတြပါရွိၿပီး အေရွ႕ကင္မရာကလည္း 24MP, f/2.2, 0.9µm စြမ္းအားေတြပါရွိလုိ႔ ကင္မရာအထူးေကာင္းမြန္တဲ့ ဖုန္းထဲမွာလည္း ပါရွိပါတယ္။

Gamers ေတြ အဓိကလုိအပ္ခ်က္ျဖစ္တဲ့ ျမင့္မားတဲ့ စြမ္းေဆာင္ရည္ေတြကို ေပးစြမ္းႏိုင္ဖုိ႔ အရည္အေသြးျမင့္ Processor နဲ႔ Chipset ေတြကို ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ အသံစြမ္အားပိုင္းအတြက္လည္း DTS Headphone X စနစ္နဲ႔ Active noise cancellation with dedicated mics ကိုလည္း ေထာက္ပံ့ေပးထားတဲ့အတြက္ 24-bit/192kHz audio အသံစြမ္းအားေတြကို ရရွိခံစားႏုိင္မွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဘက္ဘက္က ျပည့္စံုေကာင္းမြန္မႈရွိတဲ့ စမတ္ဖုန္းတစ္လံုးလုိ႔ ေျပာႏုိင္ပါတယ္။

(1). Design

တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ေနာက္ဆံုးေပၚ ကိုယ္ထည္ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က က်ယ္ျပန္႔ရွင္းလင္းမႈရွိသလို ေနာက္ေက်ာဘက္ကလည္း ေသေသသပ္သပ္နဲ႔ ေခတ္မီဆန္းသစ္မႈ ရွိပါတယ္။

(2). Processor

RAM 8/12GB ပါရွိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor, QualcommSDM855 Snapdragon 855+ (7 nm) Chipset နဲ႔ Adreno 640 (700 MHz) GPU တို႔ေၾကာင့္ ေကာင္းမြန္တဲ့ စက္စြမ္းေဆာင္ရည္ေတြကို ေထာက္ပံ့ႏုိင္ၿပီး ေနာက္ဆံုးေပၚ ဂိမ္းေတြ၊ app ေတြ အကုန္လံုးကို အဆင္ေျပေျပ သံုးႏုိင္မွာပါ။

(3). Display and Camera

6.59-inch ရွိၿပီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည္အေသြးရွိတဲ့ full HD ျမင္ကြင္းေတြကို ျပသေပးႏိုင္ပါတယ္။ ၎မွာ Dual 48MP + 13MP ရွိတဲ့ အေနာက္ကင္မရာနဲ႔ 24MP ရွိတဲ့ အေရွ႕ selfie ကင္မရာတုိ႔ကို တပ္ဆင္ထားၿပီး အလြန္အသံုးဝင္တဲ့ features ေတြလည္း ပါရွိပါတယ္။

(4). Verdict

ASUS ROG Phone II စမတ္ဖုန္းဟာ တကယ့္ကို အရည္အေသြးျမင့္မားတဲ့ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး စြမ္းေဆာင္ရည္ပိုင္းတင္မကပဲ ဒီဇုိင္းပံုစံကအစ Gamers ေတြ ႀကိဳက္ႏွစ္သက္ေစမယ့္ Gaming စမတ္ဖုန္းဒီဇိုင္းနဲ႔ ထုတ္လုပ္ေပးထားတာကို ေတြ႕ရပါတယ္။

(5). Battery Life

၎မွာ ထည့္သြင္းေပးထားတဲ့ ဘက္ထရီစြမ္းအားက Non-removable Li-Po 6000 mAh battery ျဖစ္တာေၾကာင့္ တစ္ေန႔လံုး ေအးေအးေဆးေဆး သံုးစြဲႏုိင္ၿပီး Fast battery charging 30W (Quick Charge 4.0) စနစ္ပါရွိလုိ႔ ဖုန္းအားသြင္းရတာလည္း ျမန္ဆန္မႈ ရွိပါတယ္။

(6). Specification

» Network : GSM/HSPA/LTE (Dual SIM)
» Weight : 240 g
» Display : 6.59″, AMOLED capacitive touchscreen
» Resolution : 1080 x 2340 pixels, 19.5:9 ratio (~391ppi)
» Dimensions : 171 x 77.6 x 9.5 mm
» Memory : 128GB, 8GB RAM
» Camera : Dual 48MP, f/1.8, 1/2.0″, 0.8µm, PDAF, 13MP, f/2.4, 11mm (ultrawide), LED Flash, HDR, panorama, Selfie : 24MP, f/2.2, 0.9µm
» Connectivity : GPS, WLAN, Bluetooth 5.0, USB 3.1
» OS : Android 9.0 (Pie), ROG UI
» Chipset : Qualcomm SM8150 Snapdragon 855+
» CPU : Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485)
» GPU : Adreno 640
» Sensor : Fingerprint (under display, optical), accelerometer
» Battery : Non-removable Li-Po 6000 mAh

» Price : 775,000 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)