မေး – အစ်ကိုရေ ကျွန်တော့်ရဲ့ iPhone 11 Pro လေးက ဖုန်းပြောရင် Speaker ဖွင့်ပြောမှ ကြားရပါတော့တယ်။ အဲ့ဒီမတိုင်ခင် တစ်နာရီ လောက်အထိက အကောင်းအတိုင်းပါ။ ပြုတ်လဲမကျပါဘူး။ ရေလဲမဝင်ပါဘူးဗျာ။ အဲ့ဒါ က ဘာကြောင့်ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦးအစ်ကို။
ဖြေ – iOS Version ကြောင့်လည်းဖြစ်နိုင်သလို အချို့ Ear Speaker မှာ Error ပါလာတတ်ပါတယ်။ Warranty ကျန်နေသေးရင် ဝယ်ခဲ့တဲ့ဆိုင်မှာပဲ တစ်ချက်လောက်ပြန်ပြကြည့်လိုက်ပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ရဲ့ Sony ဖုန်းလေးက မြန်မာစာဖောင့်မမှန်လို့ သွားထည့်တော့ဆိုင်က Root လုပ်မှရမယ်လို့ ပြောပါတယ်ခင်ဗျာ။ ပြီးတော့လည်း Camera Quality က ကျသွားမယ်လို့ပြောပါတယ်။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – Sony ဖုန်းတွေကို Root လုပ်မယ်ဆိုရင်တော့ Sony ရဲ့ Offical Website ကနေ Bootloader Unlock လုပ်ရပါမယ်။ အဲ့ဒီအခါမှာ Sony ကနေပေးတဲ့ ဖုန်းရဲ့ Features တချို့ကိုမရတော့ပါဘူး။ အဲ့ဒါကြောင့် Camera Quality မှာ အရင်လောက်မကောင်းတော့တာမျိုးဖြစ်တတ်ပါတယ်အစ်ကိုရေ။

မေး – နိုင်ငံခြားကဝယ်လာတဲ့ အချို့ iPhone တွေက Sim Card ထည့်ရင် Sim Invalid လို့ပဲ ပြပြနေပါတယ် အစ်ကိုရေ။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးပါဦး။
ဖြေ – အချို့ iOS တွေက ဒီကကတ်တွေနဲ့က အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မြန်မာပြည်နဲ့ အဆင်ပြေတဲ့ OS Firmware ကို ပြန်ရေးရပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ iOS သုံးသူတွေအတွက် မလုပ်မဖြစ်က ဘာတွေကိုလုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – iCloud Account ကိုမဖြစ်မနေထားရှိသင့်ပါတယ်။ ပြီးရင် Backup ပြန်ယူရမယ့် မေးခွန်းတွေနဲ့ Password ကို မမှားအောင် သေချာမှတ်ထားသင့်ပါတယ်။ Find My Phone ကိုလည်း On ထားရပါမယ်။

မေး – Google Play Store မှာ တချို့ App တွေကို Download ဆွဲရင် ပိုက်ဆံတောင်းတာကို တွေ့နေရပါ တယ်။ အဲ့ဒါကို ဘယ်လိုငွေပေးချေပြီး ဝယ်ယူရမှာပါလဲခင်ဗျာ။
ဖြေ – Google Play Card တွေကို ဆိုင်ကြီးတွေမှာ ဝယ်ယူလို့ရပါတယ်။ 10$, 25$, 50$, 100$ တန်တွေဆိုပြီး ရှိပါတယ်။ ခဲခြစ်ပြီး အကောင့်ရဲ့ Rewards > Redeem Promo Code မှာ နံပါတ်ရိုက်ထည့် ငွေဖြည့်ပြီးတော့ ဝယ်ယူလို့ရပါတယ်။ ဘဏ်ကနေ Mastercard, Visa Card တွေလုပ်ပြီးလည်း ဝယ်ယူလို့ရပါတယ်။

မေး – အစ်ကိုရေ Sim Card ထည့်တဲ့အထိုင်လေးက ကျိုးသွားလို့ပါခင်ဗျာ။ ပြန်ဝယ်လို့ရော ရနိုင်ပါသလား။ ဝယ်လို့ရတယ်ဆိုရင်လည်း ခန့်မှန်းဈေးလေးကို သိပါရစေ။
ဖြေ – ဖုန်းရဲ့အမျိုးအစားလေးနဲ့မော်ဒယ်လေးပါ ပြောပြပေးပါခင်ဗျာ။ Service ဆိုင်တွေမှာ အလွယ်တကူပြင် လို့ရပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့်ရဲ့ဖုန်းက ဖုန်းအား 90% လောက်ကနေသုံးနေရင်းနဲ့ ပိတ်ပြီးပြန်ပွင့်လာတော့ 50% လောက်ပဲကျန်တော့တာက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – Battery မကောင်းတော့လို့ ဖြစ်နိုင်ပါတယ်ခင်ဗျာ။ Battery ကလည်း အသစ်လဲထားတာမကြာ သေးရင်တော့ Charging IC မကောင်းတော့တာပါ။ ဆိုင်မှာပြုပြင်ရင်တော့ ရပါတယ်။

မေး – အစ်ကိုရေ Facebook Password ကိုမေ့သွားလို့ပါ။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလေးကို ရှင်းပြပေး ပါဦးခင်ဗျာ။
ဖြေ – အကောင့်ဖွင့်ခဲ့တဲ့ ဖုန်းနံပါတ်ကနေဆိုရင် Forgot Password လုပ်ပြီးတော့ Password အသစ်ကို ပြောင်း လို့ရပါတယ်။ ကတ်ပျောက်သွားရင်တော့ လက်ရှိအသုံးပြုနေတဲ့နံပါတ်ကို Add Number လုပ်ပြီး အလွယ်တကူ ပြန်ယူလို့ရပါတယ်။

မေး – အစ်ကိုရေ Phone Second Hand ကိုဝယ်မလို့ပါ။ ဘာတွေကိုကြည့်ပြီး ဝယ်ယူသင့်ပါသလဲခင်ဗျာ။ အကြံ ပေးပါဦးအစ်ကိုရေ။
ဖြေ – အစ်ကိုရေ Phone Second Hand ဈေးကွက်က ရှုပ်ထွေးပါတယ်။ သေသေချာချာလေး ဖုန်းအကြောင်း တွေကို အချိန်ပေးလေ့လာပြီးမှ ဝယ်ယူလိုက်တာက ကောင်းပါတယ်ခင်ဗျာ။

ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-ဝ၉-၉၅၆၅၅၉၇၆ဝ၊ ဝ၉-၆၈၃၇၄၆၂၂၇၊ ဝ၉-၄၅၉၂၁၂၅၉၂ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား”

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ရဲ႕ iPhone 11 Pro ေလးက ဖုန္းေျပာရင္ Speaker ဖြင့္ေျပာမွ ၾကားရပါေတာ့တယ္။ အဲ့ဒီမတိုင္ခင္ တစ္နာရီ ေလာက္အထိက အေကာင္းအတိုင္းပါ။ ျပဳတ္လဲမက်ပါဘူး။ ေရလဲမဝင္ပါဘူးဗ်ာ။ အဲ့ဒါ က ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ေက်းဇူးျပဳၿပီး ရွင္းျပေပးပါဦးအစ္ကို။

ေျဖ – iOS Version ေၾကာင့္လည္းျဖစ္ႏိုင္သလို အခ်ိဳ႕ Ear Speaker မွာ Error ပါလာတတ္ပါတယ္။ Warranty က်န္ေနေသးရင္ ဝယ္ခဲ့တဲ့ဆိုင္မွာပဲ တစ္ခ်က္ေလာက္ျပန္ျပၾကည့္လိုက္ပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ရဲ႕ Sony ဖုန္းေလးက ျမန္မာစာေဖာင့္မမွန္လို႔ သြားထည့္ေတာ့ဆိုင္က Root လုပ္မွရမယ္လုိ႔ ေျပာပါတယ္ခင္ဗ်ာ။ ၿပီးေတာ့လည္း Camera Quality က က်သြားမယ္လို႔ေျပာပါတယ္။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။

ေျဖ – Sony ဖုန္းေတြကို Root လုပ္မယ္ဆိုရင္ေတာ့ Sony ရဲ႕ Offical Website ကေန Bootloader Unlock  လုပ္ရပါမယ္။ အဲ့ဒီအခါမွာ Sony ကေနေပးတဲ့ ဖုန္းရဲ႕ Features တခ်ိဳ႕ကိုမရေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ Camera Quality မွာ အရင္ေလာက္မေကာင္းေတာ့တာမ်ဳိးျဖစ္တတ္ပါတယ္အစ္ကိုေရ။

ေမး –  ႏိုင္ငံျခားကဝယ္လာတဲ့ အခ်ိဳ႕ iPhone ေတြက Sim Card ထည့္ရင္ Sim Invalid လို႔ပဲ ျပျပေနပါတယ္ အစ္ကိုေရ။ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာကို ေျပာျပေပးပါဦး။

ေျဖ – အခ်ိဳ႕ iOS ေတြက ဒီကကတ္ေတြနဲ႔က အဆင္မေျပတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ျမန္မာျပည္နဲ႔ အဆင္ေျပတဲ့ OS Firmware ကို ျပန္ေရးရပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ iOS သံုးသူေတြအတြက္ မလုပ္မျဖစ္က ဘာေတြကိုလုပ္ေဆာင္ရမလဲခင္ဗ်ာ။

ေျဖ – iCloud Account ကိုမျဖစ္မေနထားရွိသင့္ပါတယ္။ ၿပီးရင္ Backup ျပန္ယူရမယ့္ ေမးခြန္းေတြနဲ႔ Password ကို မမွားေအာင္ ေသခ်ာမွတ္ထားသင့္ပါတယ္။ Find My Phone ကိုလည္း On ထားရပါမယ္။

ေမး – Google Play Store မွာ တခ်ိဳ႕ App ေတြကို Download ဆြဲရင္ ပိုက္ဆံေတာင္းတာကို ေတြ႕ေနရပါ တယ္။ အဲ့ဒါကို ဘယ္လိုေငြေပးေခ်ၿပီး ဝယ္ယူရမွာပါလဲခင္ဗ်ာ။

ေျဖ – Google Play Card ေတြကို ဆိုင္ႀကီးေတြမွာ ဝယ္ယူလို႔ရပါတယ္။ 10$, 25$, 50$, 100$ တန္ေတြဆိုၿပီး ရိွပါတယ္။ ခဲျခစ္ၿပီး အေကာင့္ရဲ႕ Rewards > Redeem Promo Code မွာ နံပါတ္႐ိုက္ထည့္ ေငြျဖည့္ၿပီးေတာ့ ဝယ္ယူလို႔ရပါတယ္။ ဘဏ္ကေန Mastercard, Visa Card ေတြလုပ္ၿပီးလည္း ဝယ္ယူလို႔ရပါတယ္။

ေမး – အစ္ကိုေရ Sim Card ထည့္တဲ့အထိုင္ေလးက က်ိဳးသြားလို႔ပါခင္ဗ်ာ။ ျပန္ဝယ္လို႔ေရာ ရႏိုင္ပါသလား။ ဝယ္လို႔ရတယ္ဆိုရင္လည္း ခန္႔မွန္းေစ်းေလးကို သိပါရေစ။

ေျဖ – ဖုန္းရဲ႕အမ်ိဳးအစားေလးနဲ႔ေမာ္ဒယ္ေလးပါ ေျပာျပေပးပါခင္ဗ်ာ။  Service ဆိုင္ေတြမွာ အလြယ္တကူျပင္ လို႔ရပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ရဲ႕ဖုန္းက ဖုန္းအား 90% ေလာက္ကေနသံုးေနရင္းနဲ႔ ပိတ္ၿပီးျပန္ပြင့္လာေတာ့ 50% ေလာက္ပဲက်န္ေတာ့တာက ဘာေၾကာင့္ပါလဲခင္ဗ်ာ။

ေျဖ – Battery မေကာင္းေတာ့လို႔ ျဖစ္ႏိုင္ပါတယ္ခင္ဗ်ာ။ Battery ကလည္း အသစ္လဲထားတာမၾကာ ေသးရင္ေတာ့ Charging IC မေကာင္းေတာ့တာပါ။ ဆိုင္မွာျပဳျပင္ရင္ေတာ့ ရပါတယ္။

ေမး – အစ္ကိုေရ Facebook Password ကိုေမ့သြားလို႔ပါ။ ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာေလးကို ရွင္းျပေပး ပါဦးခင္ဗ်ာ။

ေျဖ – အေကာင့္ဖြင့္ခဲ့တဲ့ ဖုန္းနံပါတ္ကေနဆိုရင္ Forgot Password လုပ္ၿပီးေတာ့ Password အသစ္ကို ေျပာင္း လို႔ရပါတယ္။ ကတ္ေပ်ာက္သြားရင္ေတာ့ လက္ရိွအသံုးျပဳေနတဲ့နံပါတ္ကို Add Number လုပ္ၿပီး အလြယ္တကူ ျပန္ယူလို႔ရပါတယ္။

ေမး – အစ္ကိုေရ Phone Second Hand ကိုဝယ္မလို႔ပါ။ ဘာေတြကိုၾကည့္ၿပီး ဝယ္ယူသင့္ပါသလဲခင္ဗ်ာ။ အႀကံ ေပးပါဦးအစ္ကိုေရ။

ေျဖ – အစ္ကိုေရ Phone Second Hand ေစ်းကြက္က ႐ႈပ္ေထြးပါတယ္။ ေသေသခ်ာခ်ာေလး ဖုန္းအေၾကာင္း ေတြကို အခ်ိန္ေပးေလ့လာၿပီးမွ ဝယ္ယူလိုက္တာက ေကာင္းပါတယ္ခင္ဗ်ာ။

ပန္းသတင္း မိုဘိုင္းဖုန္းျပဳျပင္ေရးသင္တန္းေက်ာင္း (ပဲခူးၿမိဳ႕) ဖုန္း-ဝ၉-၉၅၆၅၅၉၇၆ဝ၊ ဝ၉-၆၈၃၇၄၆၂၂၇၊ ဝ၉-၄၅၉၂၁၂၅၉၂ မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)