Asus ရဲ့ VivoBook Series ကတော့ ZenBook line-up အတွက် အခြားရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ VivoBook Series တွေကို ZenBook တွေလို ပေါ့ပါးပါးလွှာမှုကို အခြေခံပြီး စွမ်းဆောင်ရည်မြင့်မြင့် ထုတ်လုပ်ထားလို့ပါ။ အကယ်၍ သင်ဟာ ပေ့ါပါးပါးလွှာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Laptop တစ်လုံးကို ဒေါ်လာ 800 / 900 လောက်နဲ့ ရှာဖွေနေတယ်ဆိုရင်တော့ အခုအသစ်ထွက်ထားတဲ့ ASUS VivoBook S14/S15 က သင့်အတွက် ဖြစ်လာမှာပါ။ Processor အနေနဲ့ Core i5 / Core i7 နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Graphic အနေနဲ့ MX250 2GB ပါ၀င်မှာ ဖြစ်ပါတယ်။ RAM ကတော့ 8GB ဖြစ်ပြီး illuminated Keyboard လည်း ပါ၀င်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်လုပ်မယ်ဆိုလည်း အဆင်ပြေသလို ပေါ့ပေါ့ပါးပါးဂိမ်းတွေ ကစားမယ်ဆိုလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Erogolift Hinge ပါ၀င်တဲ့အတွက် စာရိုက်တဲ့နေရာမှာ အဆင်ပြေစေပြီး Laptop ရဲ့ အအေးပေးစနစ်နဲ့ စပီကာအသံထွက်ကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် Windows 10 license version နဲ့အတူ 2 years global warranty လည်း ပါ၀င်ဦးမှာပါ။
Price : USD 799
Digiware,   Ph : 09-456100811
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Asus S531FL VivoBook
Price : USD 799