Huawei ဟာ မကြာသေးမီတုန်းက Huawei P30 နှင့် Huawei P30 Pro တို့ကို EMUI 10 Update ပေးခဲ့ပါတယ်။ ယခုအခါ Huawei ဟာ Huawei P30 Lite စမတ်ဖုန်းများကိုလည်း EMUI 10 Update ပေးလာပြီ ဖြစ်ပါတယ်။

Huawei ဟာ P30 Lite စမတ်ဖုန်းများကို Android 10 အခြေခံ EMUI 10 Update ပေးလာတာဖြစ်ပြီး ဖိုင်အရွယ်အစားက 3.82GB ရှိပါတယ်။ Huawei P30 Lite စမတ်ဖုန်းအသုံးပြုသူများအနေဖြင့် Update သစ်ကြောင့် Android 10 မှာပါဝင်တဲ့ စနစ်သစ်များအပြင် EMUI ရဲ့ စနစ်သစ်များကိုလည်း သုံးနိုင်ပါမယ်။

Huawei P30 Lite မှာ မျက်နှာပြင် 6.15 လက်မ IPS LCD FHD+ ရုပ်ထွက်၊ Kirin 710 ၊ RAM4GB ၊ 128GB Storage ၊ 48MP+8MP+2MP ကျောဘက်ကင်မရာ၊ ရှေ့ကင်မရာ 24MP ၊ ဘက်ထရီ 3340 mAh တို့ ပါဝင်ပါတယ်။

Huawei P30 Lite အသုံးပြုသူများအနေဖြင့် Update ရ/မရကို Setting > System > Software Update သို့ သွားရောက်ကြည့်ကာ သိရှိနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei P30 Lite စမတ္ဖုန္းမ်ား EMUI 10 Update ရရွိ

Huawei ဟာ မၾကာေသးမီတုန္းက Huawei P30 ႏွင့္ Huawei P30 Pro တို႔ကို EMUI 10 Update ေပးခဲ့ပါတယ္။ ယခုအခါ Huawei ဟာ Huawei P30 Lite စမတ္ဖုန္းမ်ားကိုလည္း EMUI 10 Update ေပးလာၿပီ ျဖစ္ပါတယ္။

Huawei ဟာ P30 Lite စမတ္ဖုန္းမ်ားကို Android 10 အေျခခံ EMUI 10 Update ေပးလာတာျဖစ္ၿပီး ဖိုင္အရြယ္အစားက 3.82GB ရွိပါတယ္။ Huawei P30 Lite စမတ္ဖုန္းအသုံးျပဳသူမ်ားအေနျဖင့္ Update သစ္ေၾကာင့္ Android 10 မွာပါဝင္တဲ့ စနစ္သစ္မ်ားအျပင္ EMUI ရဲ့ စနစ္သစ္မ်ားကိုလည္း သုံးနိုင္ပါမယ္။

Huawei P30 Lite မွာ မ်က္ႏွာျပင္ 6.15 လက္မ IPS LCD FHD+ ႐ုပ္ထြက္၊ Kirin 710 ၊ RAM4GB ၊ 128GB Storage ၊ 48MP+8MP+2MP ေက်ာဘက္ကင္မရာ၊ ေရွ႕ကင္မရာ 24MP ၊ ဘက္ထရီ 3340 mAh တို႔ ပါဝင္ပါတယ္။

Huawei P30 Lite အသုံးျပဳသူမ်ားအေနျဖင့္ Update ရ/မရကို Setting > System > Software Update သို႔ သြားေရာက္ၾကည့္ကာ သိရွိနိုင္ပါတယ္။

NetGuide Journal (Every Wednesday)