တူရကီဟာ သုံးနှစ်နီးပါးကြာတဲ့အထိ Wikipedia အား ပိတ်ပင်ထားမှုကို အဆုံးသတ်ကာ တူရကီနိုင်ငံအတွင်းမှာ အသုံးပြုနိုင်အောင် ပြုလုပ်လာပြီ ဖြစ်ပါတယ်။

တူရကီနိုင်ငံမှ Constitution Court က Wikipedia အား ပိတ်ပင်ထားမှုမှာ လူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ ယူဆကာ ပိတ်ပင်ထားမှုကို ပြန်လည် ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

တူရကီအစိုးရဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ Wikipedia ကို စတင် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ တူရကီဟာ အစိုးရနှင့်ပတ်သက်ပြီး ရေးသားထားမှုကို ဖျက်ရန် ငြင်းဆိုမှုကြောင့် Wikipedia ကို ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ တူရကီအစိုးရရဲ့ Wikipedia အား ပိတ်ပင်မှုမှာ ရက်အားဖြင့် ၉၉၁ ရက်ကြာမြင့်ခဲ့ပါတယ်။

Wikipedia ကို လုပ်ဆောင်နေတဲ့ Wikimedia Foundation ဟာ တူရကီအစိုးရဟာ ဆီးရီးယားမှာ IS (Islamic State) ၊ Al Quedaတို့နှင့် ပူးပေါင်းအလုပ်လုပ်နေကြောင်း ရေးသားထားတဲ့ စာများကို ဖယ်ရှားရန် ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ တူရကီနိုင်ငံမှ ပြည်သူများဟာ Wikipedia ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Wikipedia ကို တူရကီနိုင်ငံမှာ အသုံးပြုနိုင်ပြီဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ၂၀၁၉ ခုနှစ်၊ မေလတုန်းက တရုတ်နိုင်ငံမှာ ဘယ်ဘာသာစကားဖြင့်မဆို ဝင်ရောက်နိုင်ခြင်း မရှိအောင် ပိတ်ပင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

သုံးႏွစ္ၾကာ Wikipedia အား ပိတ္ပင္ထားမႈကို တူရကီ ႐ုတ္သိမ္း

တူရကီဟာ သုံးႏွစ္နီးပါးၾကာတဲ့အထိ Wikipedia အား ပိတ္ပင္ထားမႈကို အဆုံးသတ္ကာ တူရကီႏိုင္ငံအတြင္းမွာ အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္လာၿပီ ျဖစ္ပါတယ္။

တူရကီႏိုင္ငံမွ Constitution Court က Wikipedia အား ပိတ္ပင္ထားမႈမွာ လူေတြရဲ႕ လြတ္လပ္ခြင့္ကို ပိတ္ပင္ထားတယ္လို႔ ယူဆကာ ပိတ္ပင္ထားမႈကို ျပန္လည္ ႐ုတ္သိမ္းလိုက္တာ ျဖစ္ပါတယ္။

တူရကီအစိုးရဟာ ၂၀၁၇ ခုႏွစ္၊ ဧၿပီလမွာ Wikipedia ကို စတင္ ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ တူရကီဟာ အစိုးရႏွင့္ပတ္သက္ၿပီး ေရးသားထားမႈကို ဖ်က္ရန္ ျငင္းဆိုမႈေၾကာင့္ Wikipedia ကို ပိတ္ပင္လိုက္တာလည္း ျဖစ္ပါတယ္။ တူရကီအစိုးရရဲ႕ Wikipedia အား ပိတ္ပင္မႈမွာ ရက္အားျဖင့္ ၉၉၁ ရက္ၾကာျမင့္ခဲ့ပါတယ္။

Wikipedia ကို လုပ္ေဆာင္ေနတဲ့ Wikimedia Foundation ဟာ တူရကီအစိုးရဟာ ဆီးရီးယားမွာ IS (Islamic State) ၊ Al Quedaတို႔ႏွင့္ ပူးေပါင္းအလုပ္လုပ္ေနေၾကာင္း ေရးသားထားတဲ့ စာမ်ားကို ဖယ္ရွားရန္ ျငင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ယခုအခါ တူရကီႏိုင္ငံမွ ျပည္သူမ်ားဟာ Wikipedia ကို အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

Wikipedia ကို တူရကီႏိုင္ငံမွာ အသုံးျပဳႏိုင္ၿပီျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံမွာေတာ့ ပိတ္ပင္ထားဆဲ ျဖစ္ပါတယ္။ တ႐ုတ္အစိုးရဟာ ၂၀၁၉ ခုႏွစ္၊ ေမလတုန္းက တ႐ုတ္ႏိုင္ငံမွာ ဘယ္ဘာသာစကားျဖင့္မဆို ဝင္ေရာက္ႏိုင္ျခင္း မရွိေအာင္ ပိတ္ပင္မႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)