၂၀၁၉ ခုနှစ်ကတော့ တရုတ် ဗီဒီယိုဖိုင်ငယ်များ မျှဝေတဲ့ App ဖြစ်တဲ့ TikTokအတွက် ကြီးကျယ်ခမ်းနားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ TikTokဟာ အမေရိကန်ရေတပ်နှင့် ကြေးတပ်တို့မှာ အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့်လည်း တစ်ကမ္ဘာလုံးမှာ ဒေါင်းလော့ခ်လုပ်ခံရတဲ့ ပမာဏ သန်း ၇၀၀ ကျော်လာပြီ ဖြစ်ပြီး Facebook ၊ Messenger တို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဒေါင်းလော့ခ် ဒုတိယအများဆုံး App နေရာကို တက်လှမ်းလာပါတယ်။ ၎င်းတို့ဟာ WhatAppsအောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

WhatsApp ဟာ ဒေါင်းလော့ခ်လုပ်ခံရမှု သန်း ၈၅၀ ကျော် ရှိပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ TikTokအတွက် စိန်ခေါ်မှု ပြည့်နှက်နေတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ WhatsApp ရော TikTokတို့ပါ အာရှဈေးကွက်မှာ အကြီး အကျယ်အောင်မြင်နေတဲ့ ဆိုရှယ်မီဒီယာများ ဖြစ်ပြီး အိန္ဒိယမှာ လူသုံးအများဆုံး App များလည်း ဖြစ်ပါတယ်။

TikTokဟာ ကမ္ဘာတစ်လွှားမှာ ပရိသတ်အမာခံ အမြောက်အမြားရှိပေမယ့်လည်း အမြတ် ရရှိမှုအပိုင်းမှာတော့ အခြား ဆိုရှယ်မီဒီယာများကို လိုက်မမီသေးပါဘူး။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဒေါင်းလော့ခ်အများဆုံး ဒုတိယနေရာသို့ တက်လှမ်းလာတဲ့ TikTok



