Windows 7 က ကွန်ပျူတာအသုံးပြုသူများ အကြိုက်တွေ့တဲ့ OS တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့များ သင်ဟာ Windows 7 အသုံးပြုနေသေးတယ်ဆိုရင် ဆိုင်ဘာလုံခြုံရေးအတွက် အကြီးအကျယ် အန္တရာယ်ရှိနေပါတယ်။

Microsoft က Windows 7 အား ထောက်ပံ့နေမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့် Windows 7 ကို အသုံးပြုနေသူများဟာ ဆော့ဖ်ဝဲထောက်ပံ့မှု ရရှိလာတော့မှာမဟုတ်သလို လုံခြုံရေး Update လည်း ရရှိလာတော့မှာ မဟုတ်ပါဘူး။

တစ်ချို့ကလည်း Windows 7 နှင့်အသားကျနေတာကြောင့် Update မလုပ်ဘဲ ဆက်သုံးဖို့ဘဲ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် တကယ်လို့များ Windows 7 ဆက်ပြီးတော့ သုံးနေမယ်ဆိုရင်တော့ သင့်ကို ဟက်ကာတွေက အလွယ်တကူ ပစ်မှတ်ထားလာနိုင်ပါတယ်။

McAfee Fellow မှ သိပ္ပံအကြီးအကဲ ရက်ဆာမာနီက Windows 7 ကို ဆက်သုံးရင် ဟက်ကာတွေရဲ့ အလွယ်တကူ ပစ်မှတ်ထားခြင်း ခံရမယ်လို့ အပြင်းအထန် သတိပေးလာပါတယ်။

၎င်းက “ထောက်ပံ့မှု မရှိတော့တဲ့ Operation System ကို သုံးတာ အသုံးပြုတွေဟာ ကိုယ့်ကိုယ်ကို ဆိုင်ဘာလုံခြုံမှု မရှိအောင် လုပ်နေတာနဲ့အတူတူ ဖြစ်ပါတယ်။ Microsoft ဟာ ဒီ OS အတွက် လုံခြုံရေးဖာထေးမှုတွေ မလုပ်တော့ပါဘူး။ ဒါ့အပြင် နည်းပညာပိုင်းထောက်ပံ့တော့မှာ မဟုတ်သလို ဆော့ဖ်ဝဲ Update လည်း ပေးမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။

Microsoft က အသုံးပြုသူများအနေဖြင့် ဆိုင်ဘာလုံခြုံရေးပိုင်း အလုံခြုံဆုံးဖြစ်အောင် Windows 10 သုံးသင့် ကြောင်း ပြောကြားထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Windows 7 အသုံးျပဳသူမ်ား ဆိုင္ဘာလုံၿခဳံေရး အႀကီးအက်ယ္အႏၲရာယ္ရွိေနမႈေၾကာင့္ Update တင္ရန္ မျဖစ္မေနလိုအပ္

Windows 7 က ကြန္ပ်ဴတာအသုံးျပဳသူမ်ား အႀကိဳက္ေတြ႕တဲ့ OS ေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္လို႔မ်ား သင္ဟာ Windows 7 အသုံးျပဳေနေသးတယ္ဆိုရင္ ဆိုင္ဘာလုံၿခဳံေရးအတြက္ အႀကီးအက်ယ္ အႏၲရာယ္ရွိေနပါတယ္။

Microsoft က Windows 7 အား ေထာက္ပံ့ေနမႈကို ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ေၾကာင္း ေၾကညာထားပါတယ္။ ဒါေၾကာင့္ Windows 7 ကို အသုံးျပဳေနသူမ်ားဟာ ေဆာ့ဖ္ဝဲေထာက္ပံ့မႈ ရရွိလာေတာ့မွာမဟုတ္သလို လုံၿခဳံေရး Update လည္း ရရွိလာေတာ့မွာ မဟုတ္ပါဘူး။

တစ္ခ်ိဳ႕ကလည္း Windows 7 ႏွင့္အသားက်ေနတာေၾကာင့္ Update မလုပ္ဘဲ ဆက္သုံးဖို႔ဘဲ စီစဥ္ထားၾကပါတယ္။ ဒါေပမယ့္ တကယ္လို႔မ်ား Windows 7 ဆက္ၿပီးေတာ့ သုံးေနမယ္ဆိုရင္ေတာ့ သင့္ကို ဟက္ကာေတြက အလြယ္တကူ ပစ္မွတ္ထားလာႏိုင္ပါတယ္။

McAfee Fellow မွ သိပၸံအႀကီးအကဲ ရက္ဆာမာနီက Windows 7 ကို ဆက္သုံးရင္ ဟက္ကာေတြရဲ႕ အလြယ္တကူ ပစ္မွတ္ထားျခင္း ခံရမယ္လို႔ အျပင္းအထန္ သတိေပးလာပါတယ္။

၎က “ေထာက္ပံ့မႈ မရွိေတာ့တဲ့ Operation System ကို သုံးတာ အသုံးျပဳေတြဟာ ကိုယ့္ကိုယ္ကို ဆိုင္ဘာလုံၿခဳံမႈ မရွိေအာင္ လုပ္ေနတာနဲ႔အတူတူ ျဖစ္ပါတယ္။ Microsoft ဟာ ဒီ OS အတြက္ လုံၿခဳံေရးဖာေထးမႈေတြ မလုပ္ေတာ့ပါဘူး။ ဒါ့အျပင္ နည္းပညာပိုင္းေထာက္ပံ့ေတာ့မွာ မဟုတ္သလို ေဆာ့ဖ္ဝဲ Update လည္း ေပးမွာ မဟုတ္ပါဘူး”လို႔ ေျပာၾကားသြားပါတယ္။

Microsoft က အသုံးျပဳသူမ်ားအေနျဖင့္ ဆိုင္ဘာလုံၿခဳံေရးပိုင္း အလုံၿခဳံဆုံးျဖစ္ေအာင္ Windows 10 သုံးသင့္ ေၾကာင္း ေျပာၾကားထားပါတယ္။

NetGuide Journal (Every Wednesday)