Apple ဟာ ဖလိုရီဒါမှ အမေရိကန်ရေတပ်စခန်းတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အပြင်းအထန် ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရှေ့နေချုပ် ဝီလီယမ်ဘားနှင့် FBI အကြီးအကဲ ဒေးဗစ်ဘော်ဒစ်တို့က Apple ဟာ အကြမ်းဖက်သမား မိုဟာမက်ဆက်ဒ်အယ်လ်ရှာရာနီရဲ့ iPhone နှစ်လုံးကို ဖွင့်ပေးဖို့ ငြင်းဆိုထားကြောင်း ဖွင့်ချလာခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားဟာ ဆော်ဒီမှ စစ်သားတစ်ဦး ဖြစ်ပြီး နိုင်ငံတကာစစ်လေ့ကျင့်ရေး အစီအစဉ်အဖြစ် အမေရိကန်မှာ စစ်လေ့ကျင့်ရေး လာလုပ်နေသူ ဖြစ်ပါတယ်။

သူ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးက လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ FBI ဟာ အကြမ်းဖက်သမားရဲ့ iPhone နှစ်လုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အကြမ်းဖက်သမားရဲ့ iPhone က ပျက်စီးသွားတယ်ဆိုပေမယ့် ပြန်ကောင်းအောင် လုပ်ဆောင်နိုင်ပေမယ့် ဖုန်းကို ဖွင့်မရဖြစ်နေပါတယ်။ ဒါကြောင့်လည်း FBI ဟာ ယင်း iPhone နှစ်လုံးကို ဖွင့်နိုင်ပါက အကြမ်းဖက်သမားရဲ့ ဆက်စပ်နေမှုများကို သိရှိပြီး အနာဂတ် အကြမ်းဖက်မှုများကို ကာကွယ်ကာ အမေရိကန်ပြည်သူများစွာတို့ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေပြီး Apple ကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် Apple ကတော့ iPhone တို့ကို ဖွင့်ပေးဖို့ ငြင်းခဲ့ပါတယ်။

Apple ဟာ အစိုးရဘက်က iPhone များကို ဖွင့်ပေးဖို့ တောင်းဆိုလာတိုင်း အစဉ်သဖြင့် ငြင်းလာခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Apple က အကြမ်းဖက်သမားရဲ့ iPhone ကို မဖွင့်ပေးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အသုံးပြုသူရဲ့ Privacy ကို ထိန်းသိမ်းပေးထားမှုဖြစ်ပါတယ်။ ဒါ့အပြင် iPhone ကို ဖွင့်နိုင်ဖို့အတွက် ဆော့ဖ်ဝဲသစ်တစ်ခု ဖန်တီးရမှာ ဖြစ်ပြီး ယင်းဆော့ဖ်ဝဲသာ အပြင်သို့ ပေါက်ကြားသွားပါက ကမ္ဘာပေါ်ရှိ ဘီလီယမ်ချီတဲ့ iPhone အသုံးပြုသူများရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာပါမယ်။

အမေရိကန်နည်းပညာကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ကယ်လီဖိုးနီးယားအကြမ်းဖက်သမားရဲ့ iPhone 5c ကို ဖွင့်ပေးရန် FBI က တရားရုံးမှ တဆင့် တောင်းဆိုမှုကိုလည်း ငြင်းပယ်ခဲ့ဖူးပါတယ်။ FBI ဟာ Apple ထံမှ အကူအညီမရပြီးနောက် အစ္စရေး အခြေစိုက် Cellebriteကို အခကြေးငွေပေးပြီး ဖုန်းဖွင့်ခိုင်းခဲ့ရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန်းက အကြမ်းဖက်သမားရဲ့ iPhone ကို မဖွင့်ပေးမှုအတွက် Apple ကို အပြင်းအထန် ဝေဖန်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

US Navy Base အၾကမ္းဖက္သမားရဲ့ iPhone ကို ဖြင့္ေပးရန္ Apple ျငင္းဆို

Apple ဟာ ဖလိုရီဒါမွ အေမရိကန္ေရတပ္စခန္းတစ္ခုမွာ အၾကမ္းဖက္တိုက္ခိုက္မွုနဲ႔ ဆက္စပ္ၿပီး အျပင္းအထန္ ေဝဖန္မွုနဲ႔ ရင္ဆိုင္ေနရပါတယ္။ အေမရိကန္ေရွ႕ေနခ်ဳပ္ ဝီလီယမ္ဘားႏွင့္ FBI အႀကီးအကဲ ေဒးဗစ္ေဘာ္ဒစ္တို႔က Apple ဟာ အၾကမ္းဖက္သမား မိုဟာမက္ဆက္ဒ္အယ္လ္ရွာရာနီရဲ့ iPhone ႏွစ္လုံးကို ဖြင့္ေပးဖို႔ ျငင္းဆိုထားေၾကာင္း ဖြင့္ခ်လာခဲ့ၾကတာ ျဖစ္ပါတယ္။ အၾကမ္းဖက္သမားဟာ ေဆာ္ဒီမွ စစ္သားတစ္ဦး ျဖစ္ၿပီး နိုင္ငံတကာစစ္ေလ့က်င့္ေရး အစီအစဥ္အျဖစ္ အေမရိကန္မွာ စစ္ေလ့က်င့္ေရး လာလုပ္ေနသူ ျဖစ္ပါတယ္။

သူ႔ရဲ့ အၾကမ္းဖက္တိုက္ခိုက္မွုေၾကာင့္ လူသုံးဦးေသဆုံးက လူအေျမာက္အျမား ဒဏ္ရာရရွိခဲ့ပါတယ္။ FBI ဟာ အၾကမ္းဖက္သမားရဲ့ iPhone ႏွစ္လုံးကို သိမ္းဆည္းနိုင္ခဲ့ပါတယ္။ အၾကမ္းဖက္သမားရဲ့ iPhone က ပ်က္စီးသြားတယ္ဆိုေပမယ့္ ျပန္ေကာင္းေအာင္ လုပ္ေဆာင္နိုင္ေပမယ့္ ဖုန္းကို ဖြင့္မရျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း FBI ဟာ ယင္း iPhone ႏွစ္လုံးကို ဖြင့္နိုင္ပါက အၾကမ္းဖက္သမားရဲ့ ဆက္စပ္ေနမွုမ်ားကို သိရွိၿပီး အနာဂတ္ အၾကမ္းဖက္မွုမ်ားကို ကာကြယ္ကာ အေမရိကန္ျပည္သူမ်ားစြာတို႔ကို ကယ္တင္နိုင္မယ္လို႔ ယုံၾကည္ေနၿပီး Apple ကို ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ Apple ကေတာ့ iPhone တို႔ကို ဖြင့္ေပးဖို႔ ျငင္းခဲ့ပါတယ္။

Apple ဟာ အစိုးရဘက္က iPhone မ်ားကို ဖြင့္ေပးဖို႔ ေတာင္းဆိုလာတိုင္း အစဥ္သျဖင့္ ျငင္းလာခဲ့တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ Apple က အၾကမ္းဖက္သမားရဲ့ iPhone ကို မဖြင့္ေပးရျခင္းရဲ့ အဓိက အေၾကာင္းအရင္းကေတာ့ အသုံးျပဳသူရဲ့ Privacy ကို ထိန္းသိမ္းေပးထားမွုျဖစ္ပါတယ္။ ဒါ့အျပင္ iPhone ကို ဖြင့္နိုင္ဖို႔အတြက္ ေဆာ့ဖ္ဝဲသစ္တစ္ခု ဖန္တီးရမွာ ျဖစ္ၿပီး ယင္းေဆာ့ဖ္ဝဲသာ အျပင္သို႔ ေပါက္ၾကားသြားပါက ကမၻာေပၚရွိ ဘီလီယမ္ခ်ီတဲ့ iPhone အသုံးျပဳသူမ်ားရဲ့ လုံျခဳံေရးက စိုးရိမ္စရာ ျဖစ္လာပါမယ္။

အေမရိကန္နည္းပညာကုမၸဏီဟာ ၂၀၁၅ ခုႏွစ္တုန္းကလည္း ကယ္လီဖိုးနီးယားအၾကမ္းဖက္သမားရဲ့ iPhone 5c ကို ဖြင့္ေပးရန္ FBI က တရား႐ုံးမွ တဆင့္ ေတာင္းဆိုမွုကိုလည္း ျငင္းပယ္ခဲ့ဖူးပါတယ္။ FBI ဟာ Apple ထံမွ အကူအညီမရၿပီးေနာက္ အစၥေရး အေျခစိုက္ Cellebriteကို အခေၾကးေငြေပးၿပီး ဖုန္းဖြင့္ခိုင္းခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္သမၼတေဒၚနယ္ထရန္းက အၾကမ္းဖက္သမားရဲ့ iPhone ကို မဖြင့္ေပးမွုအတြက္ Apple ကို အျပင္းအထန္ ေဝဖန္ေနပါတယ္။

NetGuide Journal (Every Wednesday)