YouTube ဟာ Live-Streaming ကြည့်သူ ပိုမိုများပြားလာစေရေးအတွက် နာမည်ကြီး ဂိမ်းကစားသမားသုံးဦးကို စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ YouTube က စာချုပ်ချုပ်ဆိုလိုက်တဲ့ ကစားသမားသုံးဦးကတော့ Rachell Valkyrae Hofstetter ၊ Elliott Muselk Watkins နှင့် LannanLazarBeamEacottတို့ ဖြစ်ပါတယ်။ ၎င်းတို့ဟာ သူတို့ရဲ့ ဂိမ်းကစားမှုကို Google ပိုင် YouTube ကနေ တိုက်ရိုက် ထုတ်လွှင့်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ယခင်တုန်းက Amazon ပိုင် Twitch မှာ ဂိမ်းကစားလာခဲ့ကြသူများ ဖြစ်ပါတယ်။

YouTube ဟာ Game Live-Streaming ကြည့်သူများတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပြီး တစ်နေ့လျှင် သန်း ၂၀၀ ကျော်အထိ ရှိပါတယ်။

YouTube ဟာ သူတို့ရဲ့ ပလက်ဖောင်းမှာ ဂိမ်းများကို Live ထုတ်လွှင့်မှုအတွက် ဂိမ်းကစားသမားများကို စာချုပ်ကြေး ဘယ်လောက် ပေးရတယ်ဆိုတာ ထုတ်ပြန်ကြေညာခြင်းတော့ မရှိပါဘူး။ အဆိုပါဂိမ်းကစားသမားသုံးဦးပေါင်း YouTube မှာ Subscribers ၂၁ သန်းကျော်အထိ ရှိတာကြောင့် YouTube မှာ Game Live-Streaming ကြည့်သူ မြင့်တက်လာဖို့ကတော့ သေချာနေပါတယ်။

လက်ရှိအချိန်မှာ Game Live-Streaming ကို Twitch က ဦးဆောင်နေဆဲဆိုပေမယ့် ၎င်းတို့ဟာ ပြီးခဲ့တဲ့လတွေ အတွင်းမှာ ပါရမီရှင်ဂိမ်းကစားသမားများကို ဆုံးရှုံးလာခဲ့ရတာကတော့ အမှန်ပါပဲ။

အကြီးမားဆုံး ဆုံးရှုံးမှုကတော့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတုန်းက Ninja အဖြစ် နာမည်ကြီးတဲ့ တေလေဘလီဗင်ဟာ Microsoft ရဲ့ Mixer နှင့် စာချုပ်ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထိပ်သီး Game Live-Streaming လေးခုရှိပြီး Twitch ၊ YouTube ၊ Mixer နှင့် Facebook Gaming တို့ ဖြစ်ပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Twitch မွ ထိပ္သီးဂိမ္းကစားသမားသုံးဦးကို YouTube စာခ်ဳပ္ခ်ဳပ္ဆို

YouTube ဟာ Live-Streaming ၾကည့္သူ ပိုမိုမ်ားျပားလာေစေရးအတြက္ နာမည္ႀကီး ဂိမ္းကစားသမားသုံးဦးကို စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ YouTube က စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ ကစားသမားသုံးဦးကေတာ့ Rachell Valkyrae Hofstetter ၊ Elliott Muselk Watkins ႏွင့္ LannanLazarBeamEacottတို႔ ျဖစ္ပါတယ္။ ၎တို႔ဟာ သူတို႔ရဲ႕ ဂိမ္းကစားမႈကို Google ပိုင္ YouTube ကေန တိုက္႐ိုက္ ထုတ္လႊင့္ၿပီး ကစားသြားရမွာ ျဖစ္ပါတယ္။

၎တို႔ဟာ ယခင္တုန္းက Amazon ပိုင္ Twitch မွာ ဂိမ္းကစားလာခဲ့ၾကသူမ်ား ျဖစ္ပါတယ္။
YouTube ဟာ Game Live-Streaming ၾကည့္သူမ်ားတဲ့ ပလက္ေဖာင္းတစ္ခု ျဖစ္ၿပီး တစ္ေန႔လွ်င္ သန္း ၂၀၀ ေက်ာ္အထိ ရွိပါတယ္။

YouTube ဟာ သူတို႔ရဲ႕ ပလက္ေဖာင္းမွာ ဂိမ္းမ်ားကို Live ထုတ္လႊင့္မႈအတြက္ ဂိမ္းကစားသမားမ်ားကို စာခ်ဳပ္ေၾကး ဘယ္ေလာက္ ေပးရတယ္ဆိုတာ ထုတ္ျပန္ေၾကညာျခင္းေတာ့ မရွိပါဘူး။ အဆိုပါဂိမ္းကစားသမားသုံးဦးေပါင္း YouTube မွာ Subscribers ၂၁ သန္းေက်ာ္အထိ ရွိတာေၾကာင့္ YouTube မွာ Game Live-Streaming ၾကည့္သူ ျမင့္တက္လာဖို႔ကေတာ့ ေသခ်ာေနပါတယ္။

လက္ရွိအခ်ိန္မွာ Game Live-Streaming ကို Twitch က ဦးေဆာင္ေနဆဲဆိုေပမယ့္ ၎တို႔ဟာ ၿပီးခဲ့တဲ့လေတြ အတြင္းမွာ ပါရမီရွင္ဂိမ္းကစားသမားမ်ားကို ဆုံးရႈံးလာခဲ့ရတာကေတာ့ အမွန္ပါပဲ။

အႀကီးမားဆုံး ဆုံးရႈံးမႈကေတာ့ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လတုန္းက Ninja အျဖစ္ နာမည္ႀကီးတဲ့ ေတေလဘလီဗင္ဟာ Microsoft ရဲ႕ Mixer ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ထိပ္သီး Game Live-Streaming ေလးခုရွိၿပီး Twitch ၊ YouTube ၊ Mixer ႏွင့္ Facebook Gaming တို႔ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)