ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 စီးရီးနဲ့အတူ မိတ်ဆက်လာမယ့် စမတ်ဖုန်းတစ်လုံးက Samsung Galaxy Z Flip ဖြစ်ပါတယ်။ ခေါက်ဖုန်းဒီဇိုင်းသုံးထားတဲ့ Samsung Galaxy Z Flip ဟာ China 3C မှာ ထောက်ခံချက် ရယူလာပါတယ်။ ယင်းမှာ အားလုံးစိတ်ဝင်စားအရာ တစ်ခုကို ဖော်ပြထားပါတယ်။

Samsung Galaxy Z Flip နှင့်အတူ ဗူးအတွင်းမှာ 15W Charger ဘဲ ထည့်သွင်းပေးလာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-F700 ဖြစ်ပါတယ်။ Samsung ဟာ Galaxy Z Flip ကို ဈေးနှုန်း ဒေါ်လာ ၁၀၀၀ ဝန်းကျင်ဖြင့်သာ ရောင်းချဖို့ လုပ်ဆောင်ထားတာနဲ့အညီ ဖုန်းမှာလည်း နောက်ဆုံးထွက်စနစ်များ မသုံးထားပါဘူး။ ဒီဖုန်းကို ယမန်နှစ်ထွက် အဆင့်မြင့် Chipset ဖြစ်တဲ့ Snapdragon 855ဘဲ သုံးလာမှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးသာ ပါဝင်မှာ ဖြစ်ပြီး 10MP Punch-Hole Selfie Camera သုံးလာမှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ Ultra-Thin Glass (UTG) သုံးလာမယ့်အချက် ဖြစ်ပါတယ်။ ဒီဖုန်းက မှန်သုံးထားတဲ့ ပထမဆုံး ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ဖြစ်လာပါမယ်။ Samsung Galaxy Fold မှာတုန်းက ပလတ်စတစ်ဘဲ အသုံးပြုထားတာ ဖြစ်ပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy Z Flip တြင္ 15W Charger သာ ပါဝင္မည္

ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ Galaxy S20 စီးရီးနဲ႔အတူ မိတ္ဆက္လာမယ့္ စမတ္ဖုန္းတစ္လုံးက Samsung Galaxy Z Flip ျဖစ္ပါတယ္။ ေခါက္ဖုန္းဒီဇိုင္းသုံးထားတဲ့ Samsung Galaxy Z Flip ဟာ China 3C မွာ ေထာက္ခံခ်က္ ရယူလာပါတယ္။ ယင္းမွာ အားလုံးစိတ္ဝင္စားအရာ တစ္ခုကို ေဖာ္ျပထားပါတယ္။

Samsung Galaxy Z Flip ႏွင့္အတူ ဗူးအတြင္းမွာ 15W Charger ဘဲ ထည့္သြင္းေပးလာမွာ ျဖစ္ေၾကာင္း သိရပါတယ္။ ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္က SM-F700 ျဖစ္ပါတယ္။

Samsung ဟာ Galaxy Z Flip ကို ေဈးႏႈန္း ေဒၚလာ ၁၀၀၀ ဝန္းက်င္ျဖင့္သာ ေရာင္းခ်ဖို႔ လုပ္ေဆာင္ထားတာနဲ႔အညီ ဖုန္းမွာလည္း ေနာက္ဆုံးထြက္စနစ္မ်ား မသုံးထားပါဘူး။ ဒီဖုန္းကို ယမန္ႏွစ္ထြက္ အဆင့္ျမင့္ Chipset ျဖစ္တဲ့ Snapdragon 855ဘဲ သုံးလာမွာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးသာ ပါဝင္မွာ ျဖစ္ၿပီး 10MP Punch-Hole Selfie Camera သုံးလာမွာ ျဖစ္ပါတယ္။

ဒီဖုန္းမွာ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Ultra-Thin Glass (UTG) သုံးလာမယ့္အခ်က္ ျဖစ္ပါတယ္။ ဒီဖုန္းက မွန္သုံးထားတဲ့ ပထမဆုံး ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းျဖစ္လာပါမယ္။ Samsung Galaxy Fold မွာတုန္းက ပလတ္စတစ္ဘဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)