Samsung Galaxy S20+ 5G ကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာသွားပါမယ်။ ယနေ့မှာ ဒီဖုန်းကို Geekbenchမှာ တင်လာပါတယ်။

Samsung Galaxy S20+ 5G ရဲ့ မော်ဒယ်နံပါတ်က SM-G986U ဖြစ်ပါတယ်။ Android 10 အခြေခံ One UI 2.0 သုံးထားပါတယ်။ ဒီဖုန်းမှာ RAM12GB အသုံးပြုထားပါတယ်။ အစောပိုင်းတုန်းက Galaxy S20 စီးရီးရဲ့ အခြေခံဗားရှင်းတိုင်းမှာ RAM12GB သုံးလာမယ်လို့ သတင်းထွက်ဖူးပါတယ်။

ဒီဖုန်းမှာ Snapdragon 865 သုံးလာပါမယ်။ ဈေးကွက်အပေါ်မူတည်ပြီး Exynos 980 လည်း သုံးလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Snapdragon နှင့် Exynos Chipset တို့အကြား စွမ်းဆောင်ရည် ကွဲပြားတာကြောင့် ယခုနှစ်မှာ Samsung ဟာ ဈေးကွက်တော်တော်များများမှာ Snapdragon သုံး ဖုန်းများကို ရောင်းချလာပါမယ်။

အခြားတစ်ဖက်မှာ Samsung Galaxy S20 စီးရီးမှာ အသုံးပြုလာမယ့် ကင်မရာအချက်အလက်များ အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

Samsung Galaxy S20+ မှာ မျက်နှာပြင် ၆.၇ လက်မ Dynamic AMOLED ရုပ်ထွက်သုံးလာပါမယ်။ ကျောဘက်ကင်မရာလေးလုံး သုံးလာမှာ ဖြစ်ပြီး 64MP+12MP+12MP+ToF ဖြစ်ပါတယ်။ ရှေ့ကင်မရာ 10MP ပါဝင်ပါတယ်။

ပုံမှန် Samsung Galaxy S20 မှာ ToFကင်မရာပါဝင်လာခြင်း မရှိပါဘူး။ ဒီဖုန်းမှာ မျက်နှာပြင် ၆.၂ လက်မ သုံးလာမှာ ဖြစ်ပြီး ရှေ့ကင်မရာက 10MP ဖြစ်ပါတယ်။ ဘက်ထရီ 4000 mAhပါဝင်ပါမယ်။

S20 Ultra မှာ အဓိကကင်မရာက 108MP ဖြစ်ပြီး 100x Space Zoom သုံးနိုင်ပါမယ်။ ကျန်ကင်မရာများက 12MP Ultrawide  ၊12MP Telephoto နှင့် ToFတို့ ဖြစ်ပါတယ်။
S20 Ultra ရဲ့ 5G ဗားရှင်းကို RAM12GB ၊ RAM16GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Storage အနေဖြင့် 128/256/512GB တို့နှင့် ရွေးနိုင်ပါမယ်။ microSD ကနေ 1TB အထိ ထပ်တိုးနိုင်ပါတယ်။

ဘက်ထရီ 5000 mAhအထိ ပါဝင်ပါမယ်။ 45W Fast Charging ပါဝင်တာကြောင့် အားအပြည့်သွင်းဖို့ ၇၄ မိနစ်ဘဲ အချိန်ယူရပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy S20 စီးရီးတြင္ သုံးလာမယ့္ ကင္မရာစနစ္မ်ား ထြက္ေပၚလာၿပီး S20+ 5G ကို Geekbenchမွာ တင္လာ

Samsung Galaxy S20+ 5G ကို လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ေၾကညာသြားပါမယ္။ ယေန႔မွာ ဒီဖုန္းကို Geekbenchမွာ တင္လာပါတယ္။

Samsung Galaxy S20+ 5G ရဲ႕ ေမာ္ဒယ္နံပါတ္က SM-G986U ျဖစ္ပါတယ္။ Android 10 အေျခခံ One UI 2.0 သုံးထားပါတယ္။ ဒီဖုန္းမွာ RAM12GB အသုံးျပဳထားပါတယ္။ အေစာပိုင္းတုန္းက Galaxy S20 စီးရီးရဲ႕ အေျခခံဗားရွင္းတိုင္းမွာ RAM12GB သုံးလာမယ္လို႔ သတင္းထြက္ဖူးပါတယ္။

ဒီဖုန္းမွာ Snapdragon 865 သုံးလာပါမယ္။ ေဈးကြက္အေပၚမူတည္ၿပီး Exynos 980 လည္း သုံးလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Snapdragon ႏွင့္ Exynos Chipset တို႔အၾကား စြမ္းေဆာင္ရည္ ကြဲျပားတာေၾကာင့္ ယခုႏွစ္မွာ Samsung ဟာ ေဈးကြက္ေတာ္ေတာ္မ်ားမ်ားမွာ Snapdragon သုံး ဖုန္းမ်ားကို ေရာင္းခ်လာပါမယ္။
အျခားတစ္ဖက္မွာ Samsung Galaxy S20 စီးရီးမွာ အသုံးျပဳလာမယ့္ ကင္မရာအခ်က္အလက္မ်ား အြန္လိုင္းမွာ ထြက္ေပၚလာပါတယ္။

Samsung Galaxy S20+ မွာ မ်က္ႏွာျပင္ ၆.၇ လက္မ Dynamic AMOLED ႐ုပ္ထြက္သုံးလာပါမယ္။ ေက်ာဘက္ကင္မရာေလးလုံး သုံးလာမွာ ျဖစ္ၿပီး 64MP+12MP+12MP+ToF ျဖစ္ပါတယ္။ ေရွ႕ကင္မရာ 10MP ပါဝင္ပါတယ္။

ပုံမွန္ Samsung Galaxy S20 မွာ ToFကင္မရာပါဝင္လာျခင္း မရွိပါဘူး။ ဒီဖုန္းမွာ မ်က္ႏွာျပင္ ၆.၂ လက္မ သုံးလာမွာ ျဖစ္ၿပီး ေရွ႕ကင္မရာက 10MP ျဖစ္ပါတယ္။ ဘက္ထရီ 4000 mAhပါဝင္ပါမယ္။
S20 Ultra မွာ အဓိကကင္မရာက 108MP ျဖစ္ၿပီး 100x Space Zoom သုံးႏိုင္ပါမယ္။ က်န္ကင္မရာမ်ားက 12MP Ultrawide ၊12MP Telephoto ႏွင့္ ToFတို႔ ျဖစ္ပါတယ္။

S20 Ultra ရဲ႕ 5G ဗားရွင္းကို RAM12GB ၊ RAM16GB တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ Storage အေနျဖင့္ 128/256/512GB တို႔ႏွင့္ ေ႐ြးႏိုင္ပါမယ္။ microSD ကေန 1TB အထိ ထပ္တိုးႏိုင္ပါတယ္။
ဘက္ထရီ 5000 mAhအထိ ပါဝင္ပါမယ္။ 45W Fast Charging ပါဝင္တာေၾကာင့္ အားအျပည့္သြင္းဖို႔ ၇၄ မိနစ္ဘဲ အခ်ိန္ယူရပါမယ္။

NetGuide Journal (Every Wednesday)