Google ဟာ Android စနစ်မှ Phone Dialer App မှာ Call Recording စနစ်ကို ထည့်သွင်းလာဖို့ ရှိနေကြောင်း သိရပါတယ်။ Google ဟာ Phone App ကို ဒီဇိုင်းပိုင်း အပြောင်းအလဲ လုပ်ဆောင်လာမယ့်အပြင် Call Recording စနစ်ကိုလည်း ထည့်သွင်းလာမှာ ဖြစ်ပါတယ်။

Call Recording စနစ်ကို Android 6 Marshmallow ရဲ့ Google Phone App မှာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် Google ဟာ Android 9 မှ စတင်ကာ ယင်းစနစ်ကို ဖြုတ်ချခဲ့ပါတယ်။

မကြာသေးမီတုန်းက Xiaomi က သူတို့ရဲ့ ဂလိုဘယ်ဗားရှင်း စမတ်ဖုန်းများမှ Google Phone App နှင့် Message App တို့ကို အသုံးပြုမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ Xiaomi ဂလိုဘယ်ဗားရှင်း စမတ်ဖုန်းများမှာ Call Recording စနစ်သုံးနိုင်ပြီး နောက်ပိုင်းမှာ သုံးနိုင်မှာ မဟုတ်လို့ ပရိသတ်များရဲ့ ဝေဖန်သံ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း Google ဟာ Xiaomi စမတ်ဖုန်းအတွက်သာ အထူးသီးသန့်အဖြစ် Phone App မှာ Call Recording စနစ် ထည့်သွင်းပေးလာနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Google Phone App တြင္ Call Recording စနစ္ပါဝင္လာဖြယ္ရွိ

Google ဟာ Android စနစ္မွ Phone Dialer App မွာ Call Recording စနစ္ကို ထည့္သြင္းလာဖို႔ ရွိေနေၾကာင္း သိရပါတယ္။ Google ဟာ Phone App ကို ဒီဇိုင္းပိုင္း အေျပာင္းအလဲ လုပ္ေဆာင္လာမယ့္အျပင္ Call Recording စနစ္ကိုလည္း ထည့္သြင္းလာမွာ ျဖစ္ပါတယ္။

Call Recording စနစ္ကို Android 6 Marshmallow ရဲ့ Google Phone App မွာ ထည့္သြင္းခဲ့ပါတယ္။ ဒါေပမယ့္ Google ဟာ Android 9 မွ စတင္ကာ ယင္းစနစ္ကို ျဖဳတ္ခ်ခဲ့ပါတယ္။

မၾကာေသးမီတုန္းက Xiaomi က သူတို႔ရဲ့ ဂလိုဘယ္ဗားရွင္း စမတ္ဖုန္းမ်ားမွ Google Phone App ႏွင့္ Message App တို႔ကို အသုံးျပဳမယ္လို႔ ေၾကညာခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာ Xiaomi ဂလိုဘယ္ဗားရွင္း စမတ္ဖုန္းမ်ားမွာ Call Recording စနစ္သုံးနိုင္ၿပီး ေနာက္ပိုင္းမွာ သုံးနိုင္မွာ မဟုတ္လို႔ ပရိသတ္မ်ားရဲ့ ေဝဖန္သံ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း Google ဟာ Xiaomi စမတ္ဖုန္းအတြက္သာ အထူးသီးသန႔္အျဖစ္ Phone App မွာ Call Recording စနစ္ ထည့္သြင္းေပးလာနိုင္တာမ်ိဳးလည္း ျဖစ္လာနိုင္ပါတယ္။

NetGuide Journal (Every Wednesday)