MacRumors ရဲ့ ဖော်ပြချက်အရ 2020 ခုနှစ်မှာ ထွက်လာမယ့် iPhone မော်ဒယ်များရဲ့ အနည်းဆုံး 2 မျိုးမှာ RAM6GB အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။ ကျန်မော်ဒယ်နှစ်မျိုးမှာတော့ RAM4GB ဘဲ သုံးလာဦးမှာ ဖြစ်ပါတယ်။

Apple ဟာ 2020 ခုနှစ် iPhone မော်ဒယ်လေးမျိုး ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပါတယ်။ အရွယ်အစားအကြီးမားဆုံးဗားရှင်းမှာ မျက်နှာပြင် 6.7 လက်မ ၊ 3D Sensing ပါ ကျောဘက်ကင်မရာသုံးလုံးနှင့် RAM6GB သုံးလာမယ်လို့ သိရပါတယ်၊။ မျက်နှာပြင် 6.1 လက်မကို ဗားရှင်းနှစ်မျိုးနှင့် ထုတ်လုပ်ရောင်းချလာပါမယ်။ တစ်မျိုးမှာ 3D Sensing ပါ ကျောဘက်ကင်မရာသုံးလုံးနှင့် RAM6GB ပါဝင်လာပါမယ်။ ကျန် 6.1 လက်မ ဗားရှင်းမှာ ကျောဘက်ကင်မရာနှစ်လုံးနှင့် RAM4GB ဘဲ ပါဝင်လာပါမယ်။ အရွယ်အစားအသေးဆုံးကတော့ 5.4 လက်မ ဗားရှင်းဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံးနှင့် RAM4GB ဘဲ ပါဝင်လာပါမယ်။

Apple ဟာ ယခုနှစ်ထွက် iPhone မော်ဒယ်လေးမျိုးလုံးတို့မှာ OLED ရုပ်ထွက်သုံးလာမှာဖြစ်ပြီး နှစ်မျိုးမှာသာ Samsung Display ထုတ် OLED သုံးလာမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ 5G ထောက်ပံ့လာပါမယ်။ Apple ဟာ iPhone သစ်များမှာ 5G ထောက်ပံ့လာမှုနဲ့အတူ iPhone ရောင်းအားကလည်း အကြီးအကျယ်မြင့်တက်လာမယ်လို့ ယုံကြည်နေပြီး 2020 ခုနှစ်မှာ စမတ်ဖုန်းရောင်းအား သန်း 80 မှ 85 သန်းအတွင်း ရှိလာမယ်လို့ ယုံကြည်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2020 ခုႏွစ္ iPhone အခ်ိဳ႕တို႔တြင္ RAM6GB သုံးလာမည္

MacRumors ရဲ့ ေဖာ္ျပခ်က္အရ 2020 ခုႏွစ္မွာ ထြက္လာမယ့္ iPhone ေမာ္ဒယ္မ်ားရဲ့ အနည္းဆုံး 2 မ်ိဳးမွာ RAM6GB အသုံးျပဳလာမွာျဖစ္ေၾကာင္း သိရပါတယ္။ က်န္ေမာ္ဒယ္ႏွစ္မ်ိဳးမွာေတာ့ RAM4GB ဘဲ သုံးလာဦးမွာ ျဖစ္ပါတယ္။

Apple ဟာ 2020 ခုႏွစ္ iPhone ေမာ္ဒယ္ေလးမ်ိဳး ထုတ္လုပ္ေရာင္းခ်လာမွာ ျဖစ္ပါတယ္။ အရြယ္အစားအႀကီးမားဆုံးဗားရွင္းမွာ မ်က္ႏွာျပင္ 6.7 လက္မ ၊ 3D Sensing ပါ ေက်ာဘက္ကင္မရာသုံးလုံးႏွင့္ RAM6GB သုံးလာမယ္လို႔ သိရပါတယ္၊။ မ်က္ႏွာျပင္ 6.1 လက္မကို ဗားရွင္းႏွစ္မ်ိဳးႏွင့္ ထုတ္လုပ္ေရာင္းခ်လာပါမယ္။ တစ္မ်ိဳးမွာ 3D Sensing ပါ ေက်ာဘက္ကင္မရာသုံးလုံးႏွင့္ RAM6GB ပါဝင္လာပါမယ္။ က်န္ 6.1 လက္မ ဗားရွင္းမွာ ေက်ာဘက္ကင္မရာႏွစ္လုံးႏွင့္ RAM4GB ဘဲ ပါဝင္လာပါမယ္။ အရြယ္အစားအေသးဆုံးကေတာ့ 5.4 လက္မ ဗားရွင္းျဖစ္ၿပီး ေက်ာဘက္ကင္မရာႏွစ္လုံးႏွင့္ RAM4GB ဘဲ ပါဝင္လာပါမယ္။

Apple ဟာ ယခုႏွစ္ထြက္ iPhone ေမာ္ဒယ္ေလးမ်ိဳးလုံးတို႔မွာ OLED ႐ုပ္ထြက္သုံးလာမွာျဖစ္ၿပီး ႏွစ္မ်ိဳးမွာသာ Samsung Display ထုတ္ OLED သုံးလာမွာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ 5G ေထာက္ပံ့လာပါမယ္။ Apple ဟာ iPhone သစ္မ်ားမွာ 5G ေထာက္ပံ့လာမွုနဲ႔အတူ iPhone ေရာင္းအားကလည္း အႀကီးအက်ယ္ျမင့္တက္လာမယ္လို႔ ယုံၾကည္ေနၿပီး 2020 ခုႏွစ္မွာ စမတ္ဖုန္းေရာင္းအား သန္း 80 မွ 85 သန္းအတြင္း ရွိလာမယ္လို႔ ယုံၾကည္ေနပါတယ္။

NetGuide Journal (Every Wednesday)