Samsung နှင့် Huawei တို့ဟာ ထိပ်ဆုံးနေရာရရှိရေးအတွက် တိုက်ပွဲဝင်လာပြန်ပြီ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ 5G ဈေးကွက်မှာ ထိပ်ဆုံးနေရာရရှိရေး တိုက်ပွဲဝင်လာကြတာပါ။ မကြာသေးမီတုန်းက Samsung က 2019 ခုနှစ်မှာ 5G စမတ်ဖုန်း အလုံးရေ 6.7 သန်း ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခု Huawei ကလည်း 2019 ခုနှစ်မှာ 5G စမတ်ဖုန်း အလုံးရေ 6.9 သန်း ရောင်းချခဲ့ရကြောင်း ကြေညာလာပါတယ်။

လက်ရှိအချိန်မှာ Huawei ဟာ 5G စမတ်ဖုန်းများအဖြစ် Mate 20 X 5G ၊ Mate 30 5G ၊ Mate 30 Pro 5G ၊ Mate 30 RS Porsche Design ၊ Nova 6 5G နှင့် Mate X ဆိုပြီး မော်ဒယ်ခြောက်မျိုး ရောင်းချထားသလို Honor အမှတ်တံဆိပ် 5G စမတ်ဖုန်းများအဖြစ် V30 နှင့် V30Proတို့ကို ရောင်းချထားပါတယ်။ Honor V30 နှင့် Honor V30 Pro တို့က JD.com နှင့် Tmallတို့မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်းအဖြစ်လည်း ရပ်တည်နေပါတယ်။

Samsung ဟာ အမေရိကန်အပါအဝင် နိုင်ငံများစွာတို့မှာ 5G စမတ်ဖုန်းများ ရောင်းချခဲ့ရတာဖြစ်ပြီး Huawei ကတော့ တရုတ်၊ ယူအေအီးအပါအဝင် မဆိုစလောက် ဈေးကွက်အချို့မှာသာ ရောင်းချခဲ့ရတာပါ။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2019 ခုႏွစ္တြင္ 5G စမတ္ဖုန္း 6.9 သန္း ေရာင္းခ်ခဲ့ရတဲ့ Huawei

Samsung ႏွင့္ Huawei တို႔ဟာ ထိပ္ဆုံးေနရာရရွိေရးအတြက္ တိုက္ပြဲဝင္လာျပန္ၿပီ ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ 5G ေဈးကြက္မွာ ထိပ္ဆုံးေနရာရရွိေရး တိုက္ပြဲဝင္လာၾကတာပါ။ မၾကာေသးမီတုန္းက Samsung က 2019 ခုႏွစ္မွာ 5G စမတ္ဖုန္း အလုံးေရ 6.7 သန္း ေရာင္းခ်ခဲ့ရေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယခု Huawei ကလည္း 2019 ခုႏွစ္မွာ 5G စမတ္ဖုန္း အလုံးေရ 6.9 သန္း ေရာင္းခ်ခဲ့ရေၾကာင္း ေၾကညာလာပါတယ္။

လက္ရွိအခ်ိန္မွာ Huawei ဟာ 5G စမတ္ဖုန္းမ်ားအျဖစ္ Mate 20 X 5G ၊ Mate 30 5G ၊ Mate 30 Pro 5G ၊ Mate 30 RS Porsche Design ၊ Nova 6 5G ႏွင့္ Mate X ဆိုၿပီး ေမာ္ဒယ္ေျခာက္မ်ိဳး ေရာင္းခ်ထားသလို Honor အမွတ္တံဆိပ္ 5G စမတ္ဖုန္းမ်ားအျဖစ္ V30 ႏွင့္ V30Proတို႔ကို ေရာင္းခ်ထားပါတယ္။ Honor V30 ႏွင့္ Honor V30 Pro တို႔က JD.com ႏွင့္ Tmallတို႔မွာ ေရာင္းအား အေကာင္းဆုံး စမတ္ဖုန္းအျဖစ္လည္း ရပ္တည္ေနပါတယ္။

Samsung ဟာ အေမရိကန္အပါအဝင္ နိုင္ငံမ်ားစြာတို႔မွာ 5G စမတ္ဖုန္းမ်ား ေရာင္းခ်ခဲ့ရတာျဖစ္ၿပီး Huawei ကေတာ့ တ႐ုတ္၊ ယူေအအီးအပါအဝင္ မဆိုစေလာက္ ေဈးကြက္အခ်ိဳ႕မွာသာ ေရာင္းခ်ခဲ့ရတာပါ။

NetGuide Journal (Every Wednesday)