Xiaomi Mi A စီးရီးက Pure Android စမတ်ဖုန်းများ ဖြစ်ပြီး Android One Program အောက်မှ စမတ်ဖုန်းများ ဖြစ်ပါတယ်။ ယခုအခါ Xiaomi Mi A စီးရီး မျိုးဆက်သုံးခု ထုတ်လုပ် ရောင်းချထားပြီး ဖြစ်ပါတယ်။

Xiaomi ဟာ မကြာသေးမီတုန်းက Xiaomi Mi A2 ဖုန်းများကို Android 10 Update ပေးခဲ့ပါတယ်။ နောက်ဆုံးမျိုးဆက် Mi A3 ဟာလည်း Android 10 Update ရရှိဖို့ အချိန်အနည်းငယ်မျှသာ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ Xiaomi က လာမယ့် ဖေဖော်ဝါရီလ လလယ်ပိုင်းမှာ Mi A3 စမတ်ဖုန်းများကို Android 10 Update ပေးမယ်လို့ ကြေညာလာပါတယ်။

Xiaomi Mi A3 ကို 2019 ခုနှစ်၊ ဇူလိုင်လမှာ ရောင်းချခဲ့ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.09 လက်မ Super AMOLED FHD+ ရုပ်ထွက်သုံးထားပါတယ်။ Snapdragon 655 Chipset ၊ RAM6GB နှင့် အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါဝင်ကာ 48MP+8MP (Ultrawide)+2MP (Depth) တို့ဖြစ်ပြီး ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။ ဘက်ထရီ 4030 mAhပါဝင်ကာ 18W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

လာမယ့်လတွင် Xiaomi Mi A3 ဖုန်းများ Android 10 Update ရရှိမည်



