Mobile World Congress 2020 ကျင်းပဖို့ တစ်လကျော်ကျော်လိုပါသေးတယ်။ ဒါပေမယ့် စမတ်ဖုန်းကုမ္ပဏီများဟာ ယင်းပွဲမှာ မိတ်ဆက်ပွဲပြုလုပ်မယ့်ရက်ကို ကြေညာနေကြသလို မီဒီယာများကိုလည်း ဖိတ်ကြားနေပြီ ဖြစ်ပါတယ်။ Vivo က MWC 2020 မှာ APEX 2020 ကို ကြေညာမယ်လို့ ဆိုထားသလို TCL က စမတ်ဖုန်းသစ်များကို ကြေညာမယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ယခု ဂျပန်လျှပ်စစ်ကုမ္ပဏီ Sonyကလည်း လာမယ့် ဖေဖော်ဝါရီလ 24 ရက်နေ့ MWC 2020 ပွဲမှာ စမတ်ဖုန်းသစ်မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ကြေညာလာပါတယ်။ Sony ဟာ နှစ်စဉ် နှစ်တိုင်း MWC မှာ ပါဝင်လာခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး Sony Xperia အမည်ရှိ YouTube Channel ကနေ တိုက်ရိုက် ထုတ်လွှင့်သွားပါမယ်။

Sony ဟာ ဒီပွဲမှာ အဆင့်မြင့် စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာဖို့ သေချာပါတယ်။ Sony Xperia 3 (သို့မဟုတ်) Sony Xperia 5 Plus လို့ အမည်ပေးထားတဲ့ အဆင့်မြင့် စမတ်ဖုန်း ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် Snapdragon 765 SoC သုံးထားတဲ့ အလယ်အလတ်တန်း စမတ်ဖုန်းတစ်လုံးကို လည်း ကြေညာသွားပါမယ်။

Sony Xperia 5 Plus မှာ မျက်နှာပြင် 6.6 လက်မ ၊ 21:9 Aspect Ratio သုံးလာမှာ ဖြစ်ပြီး Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ေဖေဖာ္ဝါရီ 24 ရက္တြင္ စမတ္ဖုန္းသစ္မိတ္ဆက္လာမယ့္ Sony

Mobile World Congress 2020 က်င္းပဖို႔ တစ္လေက်ာ္ေက်ာ္လိုပါေသးတယ္။ ဒါေပမယ့္ စမတ္ဖုန္းကုမၸဏီမ်ားဟာ ယင္းပြဲမွာ မိတ္ဆက္ပြဲျပဳလုပ္မယ့္ရက္ကို ေၾကညာေနၾကသလို မီဒီယာမ်ားကိုလည္း ဖိတ္ၾကားေနၿပီ ျဖစ္ပါတယ္။ Vivo က MWC 2020 မွာ APEX 2020 ကို ေၾကညာမယ္လို႔ ဆိုထားသလို TCL က စမတ္ဖုန္းသစ္မ်ားကို ေၾကညာမယ္လို႔ တရားဝင္ ထုတ္ျပန္ထားပါတယ္။

ယခု ဂ်ပန္လၽွပ္စစ္ကုမၸဏီ Sonyကလည္း လာမယ့္ ေဖေဖာ္ဝါရီလ 24 ရက္ေန႔ MWC 2020 ပြဲမွာ စမတ္ဖုန္းသစ္မိတ္ဆက္ပြဲ ျပဳလုပ္မယ္လို႔ ေၾကညာလာပါတယ္။ Sony ဟာ ႏွစ္စဥ္ ႏွစ္တိုင္း MWC မွာ ပါဝင္လာခဲ့တဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး Sony Xperia အမည္ရွိ YouTube Channel ကေန တိုက္ရိုက္ ထုတ္လႊင့္သြားပါမယ္။

Sony ဟာ ဒီပြဲမွာ အဆင့္ျမင့္ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာဖို႔ ေသခ်ာပါတယ္။ Sony Xperia 3 (သို႔မဟုတ္) Sony Xperia 5 Plus လို႔ အမည္ေပးထားတဲ့ အဆင့္ျမင့္ စမတ္ဖုန္း ျဖစ္လာမယ္လို႔ ယုံၾကည္ရပါတယ္။ ဒါ့အျပင္ Snapdragon 765 SoC သုံးထားတဲ့ အလယ္အလတ္တန္း စမတ္ဖုန္းတစ္လုံးကို လည္း ေၾကညာသြားပါမယ္။

Sony Xperia 5 Plus မွာ မ်က္ႏွာျပင္ 6.6 လက္မ ၊ 21:9 Aspect Ratio သုံးလာမွာ ျဖစ္ၿပီး Snapdragon 865 SoC ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။

NetGuide Journal (Every Wednesday)