WolframAlpha ဟာ မျိုးဗီဇဆိုင်ရာ၊ မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာ၊ ခန္ဓာဗေဒပညာ၊ အာရုံကြောဆိုင်ရာ သိပ္ပံပညာနဲ့ တိရစ္ဆာန်နဲ့အပင်တွေအကြောင်း အချက်အလက်တွေ လေ့လာနိုင်မယ့် app ဖြစ်ပါတယ်။ ဇီဝဗေဒ၊ ဓာတုဗေဒ၊ စက်မှုပညာ၊ ကွန်ပျူတာသိပ္ပံနဲ့ အခြားပညာရပ်နယ်ပယ် အများအပြားအပါအဝင် မေးခွန်းပုစ္ဆာတွေကို ဖြေရှင်းနိုင်မှာပါ။ ဘဏ္ဍာရေးနဲ့ အစားအသောက်ကနေ သချင်္ာနဲ့ဆေးပညာအထိ၊ စတော့ရှယ်ယာနဲ့ အာကာသယာဉ်အကြောင်းကနေ ဝေါဟာရဆိုင်ရာတွေနဲ့ ရာသီဥတုအဆုံး ပညာရပ်နယ်ပယ် ထောင်ပေါင်းများစွာက ပြဿနာတွေကို မြန်ဆန်စွာ တွက်ချက်အဖြေရှာပေးနိုင်ပါတယ်။ ပညာရပ်အားလုံးကို လူတိုင်းချက်ချင်း တွက်ချက်နိုင်အောင်၊ အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စွမ်းအားမြင့် အဖြေထုတ်စက်တစ်ခုလို့ဆိုနိုင်ပြီး သာမန် search engine တစ်ခုတော့ မဟုတ်ပါဘူး။ သင့်ရဲ့မေးခွန်းပုစ္ဆာနဲ့ သက်ဆိုင်တဲ့ အချက်အလက်အားလုံးကနေ ရယူထားတဲ့ data တွေကနေ တွက်ထုတ်ထားတဲ့ တိကျတဲ့ အဖြေတွေကို ထုတ်ပေးတဲ့ informational tool တစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် iOS 12.0 နဲ့အထက် လိုအပ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
WolframAlpha