Website

www.foodpanda.com.mm/

www.foodpanda.com.mm ဟာ အခုဗိုက်ဆာ အခုချက်ချင်းမှာစားလို့ရမယ့် အစားအသောက်ဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုပါ။ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် တစ်ခုခုစားချင်သလိုဖြစ်လာပြီဆိုရင် ဒီဝက်ဘ်ဆိုက်ထဲ ဝင်ပြီးအလွယ်တကူမှာယူစားသောက်နိုင်မှာပါ။ အခုစားချင်၊ အခုမှာ၊ ခဏနေရောက်ဆိုတော့ အလွန်အဆင်ပြေပါတယ်။ Facebook ဒါမှမဟုတ် Email နဲ့ log in ဝင်ပြီး မှာယူစားသောက်နိုင်ပါတယ်။ နှစ်သက်တဲ့ စားသောက်ဆိုင်နဲ့ သုံးဆောင်လိုတဲ့ မီနူးကိုရွေးချယ်ပြီး Place Order ကို နှိပ်လိုက်ရုံပါပဲ။

www.thelifestylemyanmar.com/www.thelifestylemyanmar.com ဟာ လူတိုင်းအတွက်သိမှတ်ဖွယ်ရာ ဗဟုသုတတွေကိုမျှ ဝေပေးနေတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီဖတ်ရှုလိုသူတွေအတွက် ဝင်ရောက်ကြည့်ရှုသင့်တဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ နောက်ဆုံးရသတင်းအကြောင်းအရာတွေကို စုံလင်စွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းအစုံအလင်ကို သိရှိရမှာဖြစ်တဲ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာက ဖျော်ဖြေရေးသတင်းတွေကိုပါ လက်မလွတ်တမ်းသိရှိရမယ့်နေရာဖြစ်ပါတယ်။

vector.com.mm/https://vector.com.mm ဟာ အချိန်ရှားပါးတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်တန်းတွေတက်နိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဆရာကအနီးကပ်လာသင်ပေးနေသလိုဖြစ်အောင် ဖန်တီးစီစဉ်ထားလို့ သင်ယူရတာ အလွန်အဆင်ပြေပါတယ်။ ဘာသာရပ်အသီးသီးကိုတတ်နိုင်သမျှ အဓိကအချက်တွေကိုပဲရွေးပြီး လိုတိုရှင်း ထိထိမိမိဖြစ်အောင်၊ အချိန်မကုန်စေရအောင် ဖန်တီးသင်ကြားပေးနေတာဖြစ်သလို၊ Course တစ်ခုချင်းစီခွဲပြီး တော့လည်း သင်ယူနိုင်မှာဖြစ်ပါတယ်။

Facebook

www.facebook.com/myanmardrecomebeauty/Myanmar Drecome Beauty ဟာ မြန်မာနိုင်ငံသားအားလုံး ပိုမိုလှပလာစေဖို့အတွက် အခြေခံဗဟုသုတ တွေကို မျှဝေပေးနေတဲ့ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီပစ္စည်းကောင်းတွေအကြောင်းကို ပြန်လည်မျှဝေပေးနေတဲ့အပြင် ကမ္ဘာတစ်ဝန်းက အလှအပခေတ်ရေစီးကြောင်းနဲ့ ဖက်ရှင်ကျလှပဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာတွေကိုလည်း တင်ဆက်ပေးနေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အမြဲတမ်းနုပျိုလန်းဆန်းလှပနေရအောင် like လုပ်ကာလေ့လာနိုင်ပါတယ်။

www.facebook.com/TutorToYouTTY/TutorToYou TTY ဟာ အွန်လိုင်းပေါ်မှာ ကလေးတွေ အင်္ဂလိပ်စာလေ့လာနိုင်မယ့် ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ ကလေးလေးတွေအတွက် အင်္ဂလိပ်စကားလုံးလေး တွေကိုလေ့လာနိုင်ဖို့အတွက် ဆရာမကိုယ်တိုင် ရုပ်ပုံနဲ့တကွ သင်ကြားပြသပေးတဲ့ ဗီဒီယိုလေးတွေကို တင်ပေးနေသလို၊ မိဘတွေဖတ်ရှုသင့်တဲ့ ကလေးပြုစု ပျိုးထောင်ရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်းမျှဝေပေးနေပါတယ်။ ကလေးတွေအတုယူရအောင် ပညာ ပေးပုံပြင်လေးတွေကိုလည်း မျှဝေပေးနေပါတယ်။

https://www.facebook.com/MyanmarHotelGuide/Hotel လမ်းညွှန်ဖေ့စ်ဘွတ်စာမျက်နှာဟာ ခရီးတွေထွက်ကြမယ့်သူတွေအတွက် မဖြစ်မနေလိုအပ်မယ့် page တစ်ခုဖြစ်ပါတယ်။ အားလပ်ရက်မှာအပျော်ခရီးတွေထွက်တဲ့အခါဖြစ်စေ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ခရီးတွေ သွားရ တဲ့အခါမျိုးမှာဖြစ်စေ သင့်တင့်တဲ့ ဈေးနှုန်းနဲ့အဆင်ပြေပြေတည်းခိုလို့ရတဲ့နေရာတွေကို သိထားရအောင် like လုပ်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမြို့မြို့အနယ်နယ်က ဟိုတယ်တွေနဲ့ဧည့်ရိပ်သာတွေရဲ့ ဝန်ဆောင်မှု တွေအကြောင်း ဈေးနှုန်းနဲ့တကွနေ့စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Websites & Facebook စာမ်က္ႏွာမ်ား

Website

www.foodpanda.com.mm/

www.foodpanda.com.mm ဟာ အခုဗိုက္ဆာ အခုခ်က္ခ်င္းမွာစားလုိ႔ရမယ့္ အစားအေသာက္ဆိုင္ရာ ဝက္ဘ္ဆိုက္တစ္ခုပါ။ အိမ္မွာပဲျဖစ္ျဖစ္၊ ႐ံုးမွာပဲျဖစ္ျဖစ္ တစ္ခုခုစားခ်င္သလိုျဖစ္လာၿပီဆိုရင္ ဒီဝက္ဘ္ဆိုက္ထဲ ဝင္ၿပီးအလြယ္တကူမွာယူစားေသာက္ႏုိင္မွာပါ။ အခုစားခ်င္၊ အခုမွာ၊ ခဏေနေရာက္ဆိုေတာ့ အလြန္အဆင္ေျပပါတယ္။ Facebook ဒါမွမဟုတ္ Email နဲ႔ log in ဝင္ၿပီး မွာယူစားေသာက္ႏိုင္ပါတယ္။ ႏွစ္သက္တဲ့ စားေသာက္ဆိုင္နဲ႔ သံုးေဆာင္လိုတဲ့ မီႏူးကိုေရြးခ်ယ္ၿပီး Place Order ကို ႏွိပ္လုိက္႐ံုပါပဲ။

www.thelifestylemyanmar.com/

www.thelifestylemyanmar.com ဟာ လူတိုင္းအတြက္သိမွတ္ဖြယ္ရာ ဗဟုသုတေတြကိုမွ် ေဝေပးေနတဲ့ ဝက္ဘ္ဆိုက္ျဖစ္ပါတယ္။ ျပည္တြင္းနဲ႔ႏိုင္ငံတကာသတင္းေတြကို အခ်ိန္နဲ႔ တစ္ေျပးညီဖတ္႐ႈလိုသူေတြအတြက္ ဝင္ေရာက္ၾကည့္႐ႈသင့္တဲ့ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ၿပီး၊ ေနာက္ဆံုးရသတင္းအေၾကာင္းအရာေတြကို စံုလင္စြာ ဖတ္႐ႈရမွာ ျဖစ္ပါတယ္။ ျပည္တြင္းနဲ႔ ႏိုင္ငံတကာသတင္းအစံုအလင္ကို သိရွိရမွာျဖစ္တဲ့အျပင္ ျပည္တြင္းနဲ႔ ႏိုင္ငံတကာက ေဖ်ာ္ေျဖေရးသတင္းေတြကိုပါ လက္မလြတ္တမ္းသိရွိရမယ့္ေနရာျဖစ္ပါတယ္။

vector.com.mm/

https://vector.com.mm ဟာ အခ်ိန္ရွားပါးတဲ့သူေတြအတြက္ အြန္လိုင္းေပၚမွာ သင္တန္းေတြတက္ႏိုင္မယ့္ ဝက္ဘ္ဆိုက္ျဖစ္ပါတယ္။ ဆရာကအနီးကပ္လာသင္ေပးေနသလိုျဖစ္ေအာင္ ဖန္တီးစီစဥ္ထားလုိ႔ သင္ယူရတာ အလြန္အဆင္ေျပပါတယ္။ ဘာသာရပ္အသီးသီးကိုတတ္ႏိုင္သမွ် အဓိကအခ်က္ေတြကိုပဲေရြးၿပီး လိုတိုရွင္း ထိထိမိမိျဖစ္ေအာင္၊ အခ်ိန္မကုန္ေစရေအာင္ ဖန္တီးသင္ၾကားေပးေနတာျဖစ္သလုိ၊ Course တစ္ခုခ်င္းစီခြဲၿပီး ေတာ့လည္း သင္ယူႏိုင္မွာျဖစ္ပါတယ္။

Facebook

www.facebook.com/myanmardrecomebeauty/

Myanmar Drecome Beauty ဟာ ျမန္မာႏိုင္ငံသားအားလံုး ပိုမိုလွပလာေစဖုိ႔အတြက္ အေျခခံဗဟုသုတ ေတြကို မွ်ေဝေပးေနတဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာျဖစ္ပါတယ္။ ကမၻာ့အဆင့္မီပစၥည္းေကာင္းေတြအေၾကာင္းကို ျပန္လည္မွ်ေဝေပးေနတဲ့အျပင္ ကမၻာတစ္ဝန္းက အလွအပေခတ္ေရစီးေၾကာင္းနဲ႔ ဖက္ရွင္က်လွပဖုိ႔အတြက္ လိုအပ္တဲ့ အေၾကာင္းအရာေတြကိုလည္း တင္ဆက္ေပးေနပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြအေနနဲ႔ အၿမဲတမ္းႏုပ်ိဳလန္းဆန္းလွပေနရေအာင္ like လုပ္ကာေလ့လာႏိုင္ပါတယ္။

www.facebook.com/TutorToYouTTY/

TutorToYou TTY ဟာ အြန္လိုင္းေပၚမွာ ကေလးေတြ အဂၤလိပ္စာေလ့လာႏိုင္မယ့္ ေဖ့စ္ဘြတ္စာမ်က္ႏွာ ျဖစ္ပါတယ္။ ကေလးေလးေတြအတြက္ အဂၤလိပ္စကားလံုးေလး ေတြကိုေလ့လာႏိုင္ဖုိ႔အတြက္ ဆရာမကိုယ္တိုင္ ႐ုပ္ပံုနဲ႔တကြ သင္ၾကားျပသေပးတဲ့ ဗီဒီယိုေလးေတြကို တင္ေပးေနသလုိ၊ မိဘေတြဖတ္႐ႈသင့္တဲ့ ကေလးျပဳစု ပ်ိဳးေထာင္ေရးဆိုင္ရာ အေၾကာင္းအရာေတြကိုလည္းမွ်ေဝေပးေနပါတယ္။ ကေလးေတြအတုယူရေအာင္ ပညာ ေပးပံုျပင္ေလးေတြကိုလည္း မွ်ေဝေပးေနပါတယ္။

https://www.facebook.com/MyanmarHotelGuide/

Hotel လမ္းညႊန္ေဖ့စ္ဘြတ္စာမ်က္ႏွာဟာ ခရီးေတြထြက္ၾကမယ့္သူေတြအတြက္ မျဖစ္မေနလိုအပ္မယ့္ page တစ္ခုျဖစ္ပါတယ္။ အားလပ္ရက္မွာအေပ်ာ္ခရီးေတြထြက္တဲ့အခါျဖစ္ေစ၊ လုပ္ငန္းနဲ႔ပတ္သက္တဲ့ခရီးေတြ သြားရ တဲ့အခါမ်ိဳးမွာျဖစ္ေစ သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔အဆင္ေျပေျပတည္းခိုလုိ႔ရတဲ့ေနရာေတြကို သိထားရေအာင္ like လုပ္ထားႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ အၿမိဳ႕ၿမိဳ႕အနယ္နယ္က ဟိုတယ္ေတြနဲ႔ဧည့္ရိပ္သာေတြရဲ႕ ဝန္ေဆာင္မႈ ေတြအေၾကာင္း ေစ်းႏႈန္းနဲ႔တကြေန႔စဥ္တင္ဆက္ေပးေနတာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)