ဒီတစ်ပတ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo V15 Pro နဲ့ Vivo V15 ရဲ့ ထူးခြားချက်လေးတွေကို လေ့လာကြည့်ရအောင်။ Vivo ရဲ့ ဒီဇိုင်းအလန်းစားနဲ့ ဖုန်းအမျိုးအစားသစ်နှစ်မျိုးဖြစ်တဲ့ Vivo V15 Pro နဲ့ Vivo V15 ဟာ ဘေးဘောင်မပါတဲ့ bezel-less မျက်နှာပြင်အပြည့်ကို သုံးပေးထားပြီး ရှေ့ကင်မရာအတွက် မြင့်တက်ပွင့်ထွက်လာမယ့် Elevating ကင်မရာ လုပ်ဆောင်ချက်ကို ထည့်သွင်းထားတာကို တွေ့မြင်ရမှာပါ။ ဖုန်းမျက်နှာပြင်ရှိ Notch ကို ဖယ်ရှားလိုက်နိုင်တာကြောင့် ဂိမ်းကစားခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းများအတွက်လည်း အကောင်းမွန်ဆုံး အတွေ့အကြုံကို ရရှိစေမှာပါ။ နောက်ကျောဘက်မှာလည်း ကင်မရာသုံးလုံးကို သုံးပေးထားပါတယ်။ Operating System အနေနဲ့ Android Version 9.0 (Pie) ကိုပဲ သုံးစွဲပေးထားပါတယ်။ ကဲ နောက်ထပ် V15 Pro နဲ့ V15 မှာ Feature ပိုင်းနဲ့ ပါ၀င်မှုတွေကို နှိုင်းယှဉ်ကြည့်ရအောင်။

(1). Design

Vivo V15 Pro

Vivo V15 Pro ဟာ 157.25 x 74.71 x 8.21 mm အရွယ်အစားရှိကာ 185g လေးပါတယ်။ Sensor အနေနဲ့ Physical Fingerprint Pad ထည့်သွင်းမပေးထားဘဲ Under Display Fingerprint Sensor ပါ၀င်ပါတယ်။ အရောင်အနေနဲ့ Topaz Blue ပဲ ရရှိနိုင်ပါတယ်။

Vivo V15

Vivo V15 ဟာ 161.97 x 75.93 x 8.54 mm အရွယ်အစားရှိကာ 189.5g လေးပါတယ်။ Sensor အနေနဲ့ Physical Fingerprint Pad ထည့်သွင်းမပေးထားဘဲ Under Display Fingerprint Sensor ပါ၀င်ပါတယ်။ အရောင်အနေနဲ့ Topaz Blue, Glamour Red ဆိုပြီး ရရှိနိုင်ပါတယ်။

(2). Processor

Vivo V15 Pro

Qualcomm SDM675 Snapdragon 675 (11 nm) ကို Vivo V15 Pro မှာ သုံးပေးထားပြီး 2.0 GHz Kryo 460 Gold Core 2 ခုနဲ့ 1.7 GHz Kryo 460 Silver Core 6 ခုကို သုံးထားပါတယ်။ RAM အနေနဲ့ 6GB RAM က ထောက်ပံ့ပေးထားပြီး Storage က 128GB ROM ကိုပဲ ရွေးချယ်နိုင်မှာပါ။

Vivo V15

MediaTek Helio P70 Octa-core Processor ကိုပဲ Vivo V15 မှာ သုံးပေးထားပြီး 2.1GHz မြန်နှုန်းရှိ Octa-core CPU ကို သုံးထားပါတယ်။ RAM အနေနဲ့ 6GB RAM က ထောက်ပံ့ပေးထားပြီး Storage က 64GB ROM ကိုပဲ ရွေးချယ်နိုင်မှာပါ။

(3). Display

Vivo V15 Pro

Vivo V15 Pro က 6.39 လက်မ Super AMOLED Display နဲ့ 1080x 2316 pixels resolution ရှိပါတယ်။ Screen-to-body အချိုးဟာ 85.9% ရှိပြီး Pixel Density 400 ppi ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။

Vivo V15

Vivo V15 ဟာ 6.53 လက်မ မျက်နှာပြင်အရွယ်အစားမှာ LCD Display ကို သုံးပေးထားပါတယ်။ ဖုန်းမျက်နှာပြင်နှင့် ဖုန်းအရွယ်မှာ အချိုးအစားအားဖြင့် 90.95% ပြောင်းလဲသွားတာမို့ ဂိမ်းကစားခြင်းနှင့် ဗီဒီယိုကြည့်ရှုရာမှာ ကြည်လင်ပြတ်သားစေမှာပါ။

(4). Verdict

Vivo V15 Pro

Vivo V15 Pro မှာ စွမ်းဆောင်ရည်အတွက် RAM 6GB ပါ၀င်ပြီး Storage ကတော့ 128GB ဖြစ်ပါတယ်။ အဓိကကင်မရာက Triple 48MP + 8MP + 5MP ဖြစ်ပြီး Selfie အတွက် 32MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 9.0 (Pie) ကို သုံးပေးထားပြီး ဘက်ထရီအနေနဲ့ 3700 mAh ပါ၀င်ပါတယ်။

Vivo V15

Vivo V15 မှာ စွမ်းဆောင်ရည်အတွက် RAM 6GB ပါ၀င်ပြီး Storage ကတော့ 64GB ဖြစ်ပါတယ်။ အဓိကကင်မရာဟာ 3 ခု ပါ၀င်ပြီး 12MP + 8MP + 5MP ဖြစ်ပြီး Selfie အတွက် 32MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 9.0 Pie ကို သုံးထားပြီး 4000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Vivo V15 Pro VS Vivo V15


(1). Design

Vivo V15 Pro


Vivo V15


(2). Processor

Vivo V15 Pro


Vivo V15


(3). Display

Vivo V15 Pro


Vivo V15


(4). Verdict

Vivo V15 Pro


Vivo V15

