နှစ်သစ်တစ်ခုရဲ့ အစပိုင်းမှာ အမြဲကျင်းပနေတဲ့ CES ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။  Consumer Electronic Show ဆိုတဲ့အတိုင်း စိတ်ဝင်စားစရာ နောက်ဆုံးပေါ် အီလက်ထရောနစ်ထုတ်ကုန်တွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ပြောရမယ်ဆိုရင် CES မှာ မြင်တွေ့ခဲ့သမျှ ထုတ်ကုန်အားလုံးဟာ ကျွန်တော်တို့အတွက် ယခုနှစ်အတွင်းမှာ သုံးစွဲဖို့ စောင့်မျှော်နေရမယ့် ထုတ်ကုန်တွေလို့ ဆိုရမှာပါ။ ကဲ ဒီတော့  CES 2020 မှာ ဘာထုတ်ကုန်သစ်တွေ မိတ်ဆက်ခဲ့တာလဲဆိုတာကို လေ့လာကြည့်ရအောင်။

(1). World’s First Foldable PC, ThinkPad X1 Fold

Lenovo က ပြီးခဲ့တဲ့နှစ်က ပြသခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးမျက်နှာပြင်ပါတဲ့ PC ဖြစ်တဲ့ ThinkPad X1 Fold ကို ရောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ Windows Hello ထောက်ပံ့တဲ့ ကင်မရာကို မျက်နှာပြင်ဘောင်မှာ ထည့်သွင်းထားပါတယ်။ 13.3 လက်မ မျက်နှာပြင်ဖြစ်ပြီး OLED Panel ကို သုံးထားပါတယ်။ LG Display က မျက်နှာပြင်ကို ထုတ်လုပ်ပေးထားတာဖြစ်ပြီး ခိုင်ခံ့မာကျောတယ်လို့ ပြောပါတယ်။ Windows 10 Pro မောင်းနှင်ထားပါတယ်။ Single Full Screen Mode လိုသုံးနိုင်သလို App 2 ခုကို ဘေးချင်းယှဉ်ပြီး တစ်ပြိုင်နက်သုံးနိုင်တဲ့ Dual Screen Mode လည်း ပါပါတယ်။ Portrait Mode နဲ့သုံးရင် အောက်ခြေမှာ Screen Keyboard ကို သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို ခေါက်ချိုးပြီး လက်ပ်တော့လိုသုံးတာ ဖြစ်ပါတယ်။ အောက်ခြေတစ်ခြမ်းပေါ်မှာ Bluetooth Keyboard တင်ပြီးသုံးလို့လည်း ရပါတယ်။ Kickstand ထောင်ပြီး Bluetooth Keyboard နဲ့ တွဲသုံးလည်း ရပါတယ်။ အတွင်းပိုင်းအစိတ်အပိုင်းတွေကိုတော့ မသိရသေးပါဘူး။ Lenovo က Intel Platform ကို သုံးထားမယ်လို့ ပြောပါတယ်။ ဘက်ထရီသက်တမ်းက 11 နာရီ ဖြစ်ပါတယ်။ Windows 10 Pro Model ကို ဒီနှစ်လယ်မှာ ရောင်းမှာပါ။ ဈေးကတော့ 2499 ဒေါ်လာ သတ်မှတ်ထားပါတယ်။

(2). Samsung Galaxy Note 10 Lite and S10 Lite

Samsung အနေနဲ့ Galaxy S10 Lite နဲ့  Galaxy Note10 Lite ဖုန်းတွေကို တရားဝင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ် 2 မျိုးလုံးမှာ 6.7″ FullHD+ Infinity-O displays သုံးထားမှာဖြစ်ပြီး 4500 mAh ဘက်ထရီမှာ 25W fast charging support လုပ်တဲ့အပိုင်းတွေ တူညီမှာ ဖြစ်ပါတယ်။ Samsung Galaxy S10 Lite ဖုန်းမှာတော့ 7nm chipset တပ်ဆင်ထားပြီး 2.8GHz, 2.4GHz, 1.7GHz အမြန်နှုန်းရှိတဲ့ octa-core CPU တစ်ခုခု ဖြစ်နိုင်ပါတယ်။ ဘယ်လိုပရိုဆက်ဆာသုံးထားတယ်ဆိုတာကို အတည်မပြုရသေးတာကြောင့် ဖြစ်ပါတယ်။ Snapdragon 855 ဖြစ်မယ်လို့တော့ ပြောနေကြပါတယ်။ 6GB (သို့) 8GB RAM မှာ  128GB storage နဲ့ ဖြစ်မှာပါ။ ကင်မရာအတွက်တော့ 3 လုံးဖြစ်ပြီး f/2.0 aperture နဲ့ 48MP ဆင်ဆာကင်မရာ၊ 123-degree FoVultrawide angle ရမယ့် 12MP sensor နဲ့ 5MP macro ဆင်ဆာတွေ သုံးထားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 32MP sensor ဖြစ်ပါတယ်။ ပိုပြီး ထူးခြားချက်ကတော့ Galaxy S10 Lite စမတ်ဖုန်းဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး Super Steady OIS ကို သုံးထားမယ့်ဖုန်း ဖြစ်ပါတယ်။ ဒါဟာ အခြားဖုန်းတွေထက် ပိုသာလွန်တဲ့ ကင်မရာရဲ့ တည်ငြိမ်မှုကို ရပါလိမ့်မယ်။
Galaxy Note10 Lite ဖုန်းမှာတော့ Air Command support လုပ်တဲ့ S Pen ကို ထည့်သွင်းပေးထားပါတယ်။ သူလည်း 32MP အရှေ့ဘက်ကင်မရာကို 6.7” FullHD+ display ရဲ့ punch hole ထဲမှာ ထည့်ထားမှာပါ။ Note10 Lite ပရိုဆက်ဆာပိုင်းအတွက် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေမယ့် 10nm process နဲ့ octa-core CPU ဖြစ်ဖို့ များပါတယ်။ RAM ကတော့ 6/8GB ဖြစ်ပြီး 128GB သိုလှောင်မှုနဲ့ သုံးနိုင်မှာပါ။ Galaxy Note10 Lite ရဲ့ နောက်ကျောဘက်မှာလည်း ကင်မရာ 3 လုံး အထိုင်ချထားပြီး Dual Pixel AF နဲ့  OIS ပါတဲ့ 12 MP f/1.7 အဓိကဆင်ဆာ၊ 12 MP f/2.2 ultrawide angle ဆင်ဆာနဲ့ 12 MP f/2.4 telephoto တို့ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကတော့ Galaxy Note10 Lite ဖုန်းမှာ 3.5mm audio jack  ကို ထည့်ပေးလိုက်တာပါ။ အရင်ထွက်ထားတဲ့ Galaxy Note10 မော်ဒယ် 3 မျိုးနဲ့ Galaxy S10 မော်ဒယ် 3 မျိုးလုံးမှာ audio port ကို ထည့်ထားခြင်း မရှိပါဘူး။ Galaxy S10 Lite နဲ့ Galaxy Note10 Lite ဖုန်းတွေမှာ One UI 2 နဲ့အတူ Android 10 ကို တစ်ပါတည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Prism White, Prism Black ၊ Aura Glow, Aura Black,  Aura Red paint jobs ဆိုပြီး အရောင်စုံလင်စွာ ထုတ်ပေးထားပါတယ်။ Galaxy Note10 Lite ရဲ့ စျေးနှုန်းက ယူရို 599 ဖြစ်ပြီး S10 Lite ကတော့ ယူရို 649 သတ်မှတ်ထားပါတယ်။

(3). Sony Surprises Vision-S Electric Car Concept

Sony ကတော့ CES မှာ အံ့သြစရာထုတ်ကုန်သစ်လို့ဆိုရမယ့် electric concept ကားကို ထုတ်ပြလိုက်ပါပြီ။ စမတ်ဖုန်းနဲ့ ဖျော်ဖြေရေးပစ္စည်းတွေသာထုတ်နေတဲ့ Sony အတွက် မတူညီတဲ့ ဈေးကွက်ကို ဦးတည်လိုက်တာ ဖြစ်ပါတယ်။ Sony Vision-S လို့ နာမည်ပေးထားပြီး electric concept ဆီဒင်အမျိုးအစားကားပါ။ ဒီကားရဲ့ အချက်အလက်အချို့ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒါတွေကတော့ ကားရဲ့ အတွင်းနဲ့ အပြင်ပိုင်းမှာ မတူညီတဲ့ ဆင်ဆာအမျိုးအစား 33 ထိ ထည့်ပေးထားပြီး multiple widescreen displays, 360 audio အရည်အသွေးတွေပါ ပါဝင်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ BlackBerry နဲ့  Bosch မှာ ထည့်ပေးထားတဲ့ နည်းပညာမျိုးတွေပါ။ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ နည်းပညာတွေကိုလည်း ကားမှာ ထည့်သွင်းပေးထားပါသေးတယ်။ နောက်ခုံမှာထိုင်တဲ့သူတွေအတွက်လည်း touchscreens 2 ခုကို ထည့်ပေးထားပါတယ်။ Sony ရဲ့ ကားအသစ်ဟာ အခြား SUVs ကားတွေလိုပဲ စွမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ဒီကားအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ထုတ်ပေးတဲ့ Magna ပြောလိုက်ပါတယ်။ ဆိုနီကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ ကင်နီရှီယိုကတော့ ဒီကားရဲ့ ရှေ့ပြေးပုံစံနဲ့အတူ ကျွန်တော်တို့ဟာ မော်တော်ကားဈေးကွက်ထဲကို ဝင်ရောက်လာပြီဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ထုတ်ဖော်မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။

(4). OnePlus Concept One Introduced With A Disappearing Camera

OnePlus အနေနဲ့ ့ CES 2020 မှာ Concept One စမတ်ဖုန်းကို တရားဝင်ထုတ်ပြလိုက်ပါပြီ။ McLaren နဲ့ မိတ်ဖက်ပြုလုပ်ပြီး ထုတ်ထားတဲ့ အဲ့ဒီစမတ်ဖုန်းမှာ ကင်မရာဟာ ပေါ်လိုက်၊ ပျောက်လိုက် ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ OnePlus ကတော့ disappearing ကင်မရာလို့ နာမည်ပေးထားပါတယ်။ ဒီဇိုင်းက လုံးဝစွဲမက်ဖွယ်ဖြစ်ပြီး လုံးဝ အဝါရောင်စစ်စစ် လည်သာသားနဲ့ ပြုလုပ်ထားတာပါ။ ကင်မရာနဲ့ pop-up selfie ကင်မရာတွေ ထည့်ထားတဲ့ပုံစံက OnePlus 7T Pro နဲ့ဆင်တူပြီး ဒီဇိုင်းပုံစံကို သားရေနဲ့ ပုံဖော်ထားတာပါ။ ကင်မရာကို နောက်ဘက်ဖန်သားရဲ့အောက်မှာ ထည့်ထားတာဖြစ်ပြီး electrochromic glass ကို သုံးထားတာပါ။ ဖုန်းရဲ့ပုံစံကို McLaren က လက်ရှိထုတ်နေတဲ့ sports cars တွေရဲ့ ပုံစံပေါ်မူတည်ပြီး ဆန်းသစ်ထားတာပါ။ သင့်အနေနဲ့ နောက်ကျောဘက်ကင်မရာကို အသုံးမပြုမချင်း ကင်မရာဆင်ဆာတွေ ပေါ်လာမှာ မဟုတ်ပါဘူး။ ကင်မရာကို ရိုက်ဖို့ပြင်ဆင်လိုက်တာနဲ့ ကွယ်ဝှက်ထားတဲ့ အခြေအနေကနေ ကင်မရာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ကင်မရာပေါ်လာဖို့အချိန်ဟာ 0.7 စက္ကန့်သာ ကြာမှာဖြစ်ပါတယ်။

(5). Hisense Demoes Phone With Color e-Ink Display 

Hisense A5 ဖုန်းကိုတော့ ပြီးခဲ့တဲ့နှစ်က ပြသခဲ့ပြီး e-Ink display သုံးထားပါတယ်။ ဒီနှစ်မှာလည်း Hisense အနေနဲ့ e-Ink display သုံးထားတဲ့ စမ်းသပ်ဗားရှင်း ရှေ့ပြေးစမတ်ဖုန်းတစ်မျိုးကို ထပ်မံပြသလိုက်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရခြင်းမရှိပေမယ့် display အသစ်ဟာ ယခင်ထုတ်ထားတဲ့ Hisense A5 ဖုန်းထက်စာရင် contrast နဲ့ refresh rates ပိုင်းမှာ ပိုကောင်းလာပါလိမ့်မယ်။ ကုမ္ပဏီက ပြောကြားချက်အရ color e-Ink screens တွေဟာ e-reader တွေအတွက် အဓိကပြဿနာ မဟုတ်ပါဘူး။ စမတ်ဖုန်း UI တွေ သုံးတဲ့အချိန်မှာတော့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါဟာ ရှိပြီးသား monochrome screens တွေထက် ပိုနှေးတဲ့ တုံ့ပြန်နိုင်စွမ်းကို ရရှိတာပါ။ Hisense အနေနဲ့ အခုဖုန်းသစ်ကို မိတ်ဆက်မယ့်အချိန်ကိုတော့ တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ color e-Ink panels တွေကိုလည်း ယခုနှစ်ဝက်ပိုင်းလောက်မှ အမြောက်အများ ထုတ်မှာပါ။ e-Ink displays တွေဟာ မျက်လုံးရဲ့ အားစိုက်မှုကို လျော့ချနိုင်ပြီး ပိုမိုတဲ့ ရှင်းလင်းပြတ်သားမှုကို ရစေတာက ဆွဲဆောင်မှုတစ်ခုလို့ သတ်မှတ်ရမှာပါ။ Hisense အနေနဲ့ refresh rate ပြဿနာကိုသာ ရှင်းနိုင်မယ်ဆိုရင် စိတ်ဝင်စားရွေးချယ်စရာ နောက်ထပ် device တစ်ခု ဖြစ်လာနိုင်ပါတယ်။

(6). TCL Foldable Phone (Version Two)

တရုတ်အီလက်ထရောနစ်ကုမ္ပဏီ TCL အနေနဲ့ CES 2020 ပွဲမှာ FOLDABLE PHONE  ကို ထုတ်ပြလိုက်ပါတယ်။ TCL Foldable ဖုန်းဟာ 7.2-inch panel နဲ့ဖြစ်ပြီး အိတ်ဆောင်ပုံစံမျိုးမဟုတ်ပေမယ့် သူ့ကို ခေါက်သိမ်းနိုင်မှာပါ။ ဒီဇိုင်းပုံစံအရ Foldable ဖုန်းတွေထဲမှာ သေးငယ်တဲ့ အရွယ်အစားလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဒီဖုန်းကို ယခုနှစ်အတွင်း ထုတ်ပေးမှာဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။ secondary display မပါဝင်တာကြောင့် အခြားဖုန်းတွေလို ခေါက်လိုက်တဲ့အချိန်မှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ TCL အနေနဲ့ panel အမျိုးအစား၊ resolution တွေ display ပိုင်းနဲ့ ပတ်သတ်တဲ့ အခြားအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ပြီးတော့ ဘယ်လို layer တွေ သုံးထားတယ်ဆိုတာလည်း မသိရသေးပါဘူး။ အပြင်ဘက် ကာဘာပုံစံကတော့ ဒိုင်းမွန်းပုံစံ အရောင်တောက်တောက်ဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ 4 လုံး တပ်ဆင်ထားတာကို တွေ့ရပါတယ်။ TCL အနေနဲ့ ကင်မရာပိုင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် resolution မြင့်မားတဲ့ 48MP / 64MP ဆင်ဆာတွေ သုံးပေးဖို့ သေချာနေပါတယ်။

(7). Ballie The Rolling Robot Is Samsung

Samsung ဟာ Concept AI သုံးစက်ရုပ် Ballie (Ball-E လို့ခေါ်ဝေါ်) ကို CES 2020 မှာ ပြသလာပါတယ်။ သက်ရုပ်ရိုဘော့တစ်ကောင်လို့လည်း ပြောနိုင်ပါတယ်။ Ballie က ပတ်ဝန်းကျင်ရှိ နည်းပညာပစ္စည်းများနှင့် ချိတ်ဆက်နိုင်ကာ အိမ်နှင့် အိမ်မွေးတိရိစ္ဆာန်တို့ကို ထိန်းချုပ်နိုင်ပါတယ်။ ဒီရိုဘော့ဟာ အိမ်မှာ လျှောက်သွားနိုင်စွမ်းရှိပြီး အဝတ်လျှော်စက်ဖွင့်ခြင်း၊ တီဗွီ ဖွင့်ခြင်း/ပိတ်ခြင်းတို့ ပြုလုပ်နိုင်သလို သင် အိမ်မှာ မရှိတဲ့အချိန်မှာ ခွေးကို အစာကျွေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အိမ်သန့်ရှင်းရေးလည်း လုပ်ခိုင်းနိုင်ပါတယ်။ ယင်းအချက်များ လုပ်နိုင်ဖို့အတွက် Ballie မှာ AI နည်းပညာပါ ကင်မရာ ပါဝင်ပါတယ်။ Samsung က Ballie ကို အားကစားလှုပ်ရှားမှုအကူအဖြစ်လည်း သုံးနိုင်ကြောင်း ပြောကြားထားပါတယ်။ ဒေတာကာကွယ်ခြင်း၊ ကိုယ်ရေးအချက်အလက်ကာကွယ်ခြင်းတို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ထားကြောင်း Samsung က ပြောကြားထားပါတယ်။ လက်ရှိအချိန်မှာ Samsung ဟာ Ballie ကို ဘယ်အချိန်မှာ ဈေးကွက်မှာ ရောင်းချနိုင်တဲ့အဆင့်သို့ ရောက်အောင်လုပ်ဆောင်လာနိုင်မလဲဆိုတာ မပြောနိုင်သေးပါဘူး။

(8). TCL 10 Series 

အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုအပိုင်းမှာ နာမည်ကျော်တဲ့ TCL အနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စမတ်ဖုန်း 3 မျိုးကို ထုတ်ပြလိုက်ပါတယ်။ TCL 10 series ဖုန်းတွေဖြစ်ပြီး TCL 10 5G, 10 Pro, 10L ဖုန်းတွေ ဖြစ်ပါတယ်။ 10 5G နဲ့ 10L တွေမှာ သုံးထားတဲ့ flat displays အတွက် ကုမ္ပဏီက ထုတ်ထားတဲ့ NXTVISION display ကို သုံးထားပြီး 10 Pro ဖုန်းမှာတော့ edge AMOLED screen ကို သုံးပေးထားပါတယ်။ TCL 10 5G ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာပြီး Qualcomm 7-Series chipsets ဖြစ်တဲ့ Snapdragon 765G ကို သုံးထားပါလိမ့်မယ်။ ဒီဖုန်းမှာ ကြီးမားတဲ့ Display နဲ့ဖြစ်ပြီး နောက်ဘက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်ပေးထားပါတယ်။ အခြား 10-Series စမတ်ဖုန်း 2 မျိုးလိုပဲ ဒီဖုန်းမှာ quad-camera setup သုံးထားမှာပါ။ TCL 10 Pro မှာတော့ 10 5G နဲ့ ဆင်တူသယောင် ထင်ရပေမယ့် အခြားအပိုင်းတွေမှာ ကွဲပြားခြားနားပါလိမ့်မယ်။ ရောင်ပြန် holographic ပုံစံအစား သူ့မှာ OnePlus 7 Pro မှာ သုံးထားတဲ့ glowy patterns လိုမျိုး ဖြစ်ပါတယ်။ 10 Pro မှာ in-display fingerprint scanner ပါဝင်ပါလိမ့်မယ်။ TCL 10L ဖုန်းမှာတော့ အခြေခံမော်ဒယ်ဖြစ်ပြီး 48MP နဲ့အတူ quad-camera setup ကို သုံးထားပါတယ် CES မှာ ပြသလိုက်တယ်ဆိုပေမယ့် လက်ရှိမှာတော့ ဈေးကွက်ထဲကို ရောင်းချနိုင်ဦးမှာ မဟုတ်ပါဘူး။ အသစ်ပြသလိုက်တဲ့ စမတ်ဖုန်းတွေကိုတော့ မြောက်အမေရိက ဈေးကွက်မှာ အရင်ရောင်းပေးသွားမှာဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကိုတော့ 2020 နှစ်ကုန်ပိုင်းလောက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

(9). Asus Introduces The ROG Swift 360Hz G-Sync Gaming Monitor

Asus ဟာ CES 2020 မှာ စမတ်ဖုန်းသစ် ကြေညာလာခြင်းမရှိပေမယ့် ဂိမ်းကစားသူများအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Product များကို ကြေငြာလာပါတယ်။ Asus ဟာ Zephyrus G14 နှင့် Zephyrus G15 လို့ အမည်ပေးထားတဲ့ ဂိမ်းလက်တော့ပ်နှင့် Asus ROG Swift အမည်ရှိ ဂိမ်းမော်နီတာတို့ကို ကြေညာလိုက်တာပါ။ ROG Swift 360 လို့ပေးထားတဲ့ နာမည်နဲ့အညီ ဒီမော်နီတာမှာ 360Hz Refresh Rate ပါဝင်ပါတယ်။ မျက်နှာပြင် 24.5 လက်မ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး 360Hz Refresh Rate ပါမော်နီတာ ဖြစ်ပါတယ်။ ရုပ်ထွက် 1080p ထောက်ပံ့ထားပါတယ်။ အားလုံးမျှော်လင့်ထားသလိုဘဲ G-Sync ထောက်ပံ့မှုကိုလည်း ထည့်ပေးထားပါတယ်။

(10). Coolpad Legacy 5G Phone With 48-Megapixel Camera

Coolpad Legacy 5G မှာ မျက်နှာပြင် 6.53 လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားကာ HDR10 ထောက်ပံ့ထားပါတယ်။ နောက်ကျောဘက်မှာ ကင်မရာနှစ်လုံး၊ LED Flash ၊ လက်ဗွေရာစနစ်ကို ဒေါင်လိုက်ထည့်သွင်းထားကာ ဆွဲဆောင်မှု ရှိပါတယ်။ Snapdragon 765 ပရိုဆက်ဆာကို သုံးထားပြီး RAM4GB နဲ့ သိုလှောင်မှု 64GB ထည့်ပေးထားပါတယ်။ microSD ကနေ 128GB ထပ်တိုးလို့ ရပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 48MP+8MP Ultrawide ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ Coolpad Legacy မှာ SIM ကတ်တစ်ကတ်ဘဲ ထောက်ပံ့ထားပါတယ်။ NFC စနစ် မပါဝင်ပါဘူး။ ဒါပေမယ့် Sub-6GHz 5G Network ထောက်ပံ့ထားကာ mmWave Frequency ထက် လိုင်းကောင်းပါမယ်။ Android 10 တစ်ပါတည်း ပါဝင်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး Quick Charge 3.0 ဖြင့် USB Type C မှ အားသွင်းနိုင်ပါမယ်။ ဖုန်းအောက်ခြေမှာ စပီကာနှင့် မိုက်ခရိုဖုန်းတို့ ပါဝင်ပါတယ်။ ဖုန်းထိပ်မှာ နားကြပ်ပေါက်နှင့် မိုက်ခရိုဖုန်းတို့ ပါဝင်ပါတယ်။ Coolpad Legacy 5G ရဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပေမယ့် ဒေါ်လာ 400 ဝန်းကျင်လောက် ဖြစ်နိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

The 10 Best New Products We Saw At CES 2020

ႏွစ္သစ္တစ္ခုရဲ႕ အစပိုင္းမွာ အၿမဲက်င္းပေနတဲ့ CES ပြဲႀကီးကေတာ့ ၿပီးဆုံးသြားပါၿပီ။  Consumer Electronic Show ဆိုတဲ့အတိုင္း စိတ္ဝင္စားစရာ ေနာက္ဆုံးေပၚ အီလက္ထေရာနစ္ထုတ္ကုန္ေတြကို ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ CES မွာ ျမင္ေတြ႕ခဲ့သမွ် ထုတ္ကုန္အားလံုးဟာ ကၽြန္ေတာ္တို႔အတြက္ ယခုႏွစ္အတြင္းမွာ သုံးစြဲဖုိ႔ ေစာင့္ေမွ်ာ္ေနရမယ့္ ထုတ္ကုန္ေတြလို႔ ဆိုရမွာပါ။ ကဲ ဒီေတာ့  CES 2020 မွာ ဘာထုတ္ကုန္သစ္ေတြ မိတ္ဆက္ခဲ့တာလဲဆိုတာကို ေလ့လာၾကည့္ရေအာင္။

(1). World’s First Foldable PC, ThinkPad X1 Fold

Lenovo က ၿပီးခဲ့တဲ့ႏွစ္က ျပသခဲ့တဲ့ ကမာၻ႔ပထမဆုံး ေခါက္ခ်ိဳးမ်က္ႏွာျပင္ပါတဲ့ PC ျဖစ္တဲ့ ThinkPad X1 Fold ကို ေရာင္းေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ Windows Hello ေထာက္ပံ့တဲ့ ကင္မရာကို မ်က္ႏွာျပင္ေဘာင္မွာ ထည့္သြင္းထားပါတယ္။ 13.3 လက္မ မ်က္ႏွာျပင္ျဖစ္ၿပီး OLED Panel ကို သုံးထားပါတယ္။ LG Display က မ်က္ႏွာျပင္ကို ထုတ္လုပ္ေပးထားတာျဖစ္ၿပီး ခိုင္ခံ့မာေက်ာတယ္လို႔ ေျပာပါတယ္။ Windows 10 Pro ေမာင္းႏွင္ထားပါတယ္။ Single Full Screen Mode လိုသုံးႏိုင္သလို App 2 ခုကို ေဘးခ်င္းယွဥ္ၿပီး တစ္ၿပိဳင္နက္သုံးႏိုင္တဲ့ Dual Screen Mode လည္း ပါပါတယ္။ Portrait Mode နဲ႔သုံးရင္ ေအာက္ေျခမွာ Screen Keyboard ကို သုံးႏိုင္ပါတယ္။ မ်က္ႏွာျပင္ကို ေခါက္ခ်ိဳးၿပီး လက္ပ္ေတာ့လိုသုံးတာ ျဖစ္ပါတယ္။ ေအာက္ေျခတစ္ျခမ္းေပၚမွာ Bluetooth Keyboard တင္ၿပီးသုံးလို႔လည္း ရပါတယ္။ Kickstand ေထာင္ၿပီး Bluetooth Keyboard နဲ႔ တြဲသုံးလည္း ရပါတယ္။ အတြင္းပိုင္းအစိတ္အပိုင္းေတြကိုေတာ့ မသိရေသးပါဘူး။ Lenovo က Intel Platform ကို သုံးထားမယ္လို႔ ေျပာပါတယ္။ ဘက္ထရီသက္တမ္းက 11 နာရီ ျဖစ္ပါတယ္။ Windows 10 Pro Model ကို ဒီႏွစ္လယ္မွာ ေရာင္းမွာပါ။ ေဈးကေတာ့ 2499 ေဒၚလာ သတ္မွတ္ထားပါတယ္။

(2). Samsung Galaxy Note 10 Lite and S10 Lite

Samsung အေနနဲ႔ Galaxy S10 Lite နဲ႔  Galaxy Note10 Lite ဖုန္းေတြကို တရားဝင္ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ 2 မ်ိဳးလုံးမွာ 6.7″ FullHD+ Infinity-O displays သုံးထားမွာျဖစ္ၿပီး 4500 mAh ဘက္ထရီမွာ 25W fast charging support လုပ္တဲ့အပိုင္းေတြ တူညီမွာ ျဖစ္ပါတယ္။ Samsung Galaxy S10 Lite ဖုန္းမွာေတာ့ 7nm chipset တပ္ဆင္ထားၿပီး 2.8GHz, 2.4GHz, 1.7GHz အျမန္ႏႈန္းရွိတဲ့ octa-core CPU တစ္ခုခု ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပ႐ိုဆက္ဆာသုံးထားတယ္ဆုိတာကို အတည္မျပဳရေသးတာေၾကာင့္ ျဖစ္ပါတယ္။ Snapdragon 855 ျဖစ္မယ္လို႔ေတာ့ ေျပာေနၾကပါတယ္။ 6GB (သို႔) 8GB RAM မွာ  128GB storage နဲ႔ ျဖစ္မွာပါ။ ကင္မရာအတြက္ေတာ့ 3 လုံးျဖစ္ၿပီး f/2.0 aperture နဲ႔ 48MP ဆင္ဆာကင္မရာ၊ 123-degree FoVultrawide angle ရမယ့္ 12MP sensor နဲ႔ 5MP macro ဆင္ဆာေတြ သုံးထားမွာ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 32MP sensor ျဖစ္ပါတယ္။ ပိုၿပီး ထူးျခားခ်က္ကေတာ့ Galaxy S10 Lite စမတ္ဖုန္းဟာ Samsung ဖုန္းေတြထဲမွာ ပထမဆုံး Super Steady OIS ကို သုံးထားမယ့္ဖုန္း ျဖစ္ပါတယ္။ ဒါဟာ အျခားဖုန္းေတြထက္ ပိုသာလြန္တဲ့ ကင္မရာရဲ႕ တည္ၿငိမ္မႈကို ရပါလိမ့္မယ္။
Galaxy Note10 Lite ဖုန္းမွာေတာ့ Air Command support လုပ္တဲ့ S Pen ကို ထည့္သြင္းေပးထားပါတယ္။ သူလည္း 32MP အေရွ႕ဘက္ကင္မရာကို 6.7” FullHD+ display ရဲ႕ punch hole ထဲမွာ ထည့္ထားမွာပါ။ Note10 Lite ပ႐ိုဆက္ဆာပိုင္းအတြက္ ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးေပမယ့္ 10nm process နဲ႔ octa-core CPU ျဖစ္ဖို႔ မ်ားပါတယ္။ RAM ကေတာ့ 6/8GB ျဖစ္ၿပီး 128GB သိုေလွာင္မႈနဲ႔ သုံးႏုိင္မွာပါ။ Galaxy Note10 Lite ရဲ႕ ေနာက္ေက်ာဘက္မွာလည္း ကင္မရာ 3 လုံး အထိုင္ခ်ထားၿပီး Dual Pixel AF နဲ႔  OIS ပါတဲ့ 12 MP f/1.7 အဓိကဆင္ဆာ၊ 12 MP f/2.2 ultrawide angle ဆင္ဆာနဲ႔ 12 MP f/2.4 telephoto တို႔ပဲ ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး စိတ္လႈပ္ရွားစရာကေတာ့ Galaxy Note10 Lite ဖုန္းမွာ 3.5mm audio jack  ကို ထည့္ေပးလိုက္တာပါ။ အရင္ထြက္ထားတဲ့ Galaxy Note10 ေမာ္ဒယ္ 3 မ်ိဳးနဲ႔ Galaxy S10 ေမာ္ဒယ္ 3 မ်ိဳးလုံးမွာ audio port ကို ထည့္ထားျခင္း မရွိပါဘူး။ Galaxy S10 Lite နဲ႔ Galaxy Note10 Lite ဖုန္းေတြမွာ One UI 2 နဲ႔အတူ Android 10 ကို တစ္ပါတည္း ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ Prism White, Prism Black ၊ Aura Glow, Aura Black,  Aura Red paint jobs ဆိုၿပီး အေရာင္စုံလင္စြာ ထုတ္ေပးထားပါတယ္။ Galaxy Note10 Lite ရဲ႕ ေစ်းႏႈန္းက ယူရို 599 ျဖစ္ၿပီး S10 Lite ကေတာ့ ယူရို 649 သတ္မွတ္ထားပါတယ္။

(3). Sony Surprises Vision-S Electric Car Concept

Sony ကေတာ့ CES မွာ အံ့ၾသစရာထုတ္ကုန္သစ္လို႔ဆိုရမယ့္ electric concept ကားကို ထုတ္ျပလိုက္ပါၿပီ။ စမတ္ဖုန္းနဲ႔ ေဖ်ာ္ေျဖေရးပစၥည္းေတြသာထုတ္ေနတဲ့ Sony အတြက္ မတူညီတဲ့ ေဈးကြက္ကို ဦးတည္လိုက္တာ ျဖစ္ပါတယ္။ Sony Vision-S လို႔ နာမည္ေပးထားၿပီး electric concept ဆီဒင္အမ်ိဳးအစားကားပါ။ ဒီကားရဲ႕ အခ်က္အလက္အခ်ိဳ႕ကိုလည္း ထုတ္ျပန္ခဲ့ပါေသးတယ္။ အဲ့ဒါေတြကေတာ့ ကားရဲ႕ အတြင္းနဲ႔ အျပင္ပိုင္းမွာ မတူညီတဲ့ ဆင္ဆာအမ်ိဳးအစား 33 ထိ ထည့္ေပးထားၿပီး multiple widescreen displays, 360 audio အရည္အေသြးေတြပါ ပါဝင္ပါတယ္။ ေဈးကြက္ထဲမွာရွိတဲ့ BlackBerry နဲ႔  Bosch မွာ ထည့္ေပးထားတဲ့ နည္းပညာမ်ိဳးေတြပါ။ လုံၿခဳံေရးနဲ႔ ပတ္သတ္တဲ့ နည္းပညာေတြကိုလည္း ကားမွာ ထည့္သြင္းေပးထားပါေသးတယ္။ ေနာက္ခုံမွာထိုင္တဲ့သူေတြအတြက္လည္း touchscreens 2 ခုကို ထည့္ေပးထားပါတယ္။ Sony ရဲ႕ ကားအသစ္ဟာ အျခား SUVs ကားေတြလိုပဲ စြမ္းေဆာင္ႏိုင္မွာျဖစ္တယ္လို႔ ဒီကားအတြက္ လိုအပ္တဲ့ အစိတ္အပိုင္းေတြကို ထုတ္ေပးတဲ့ Magna ေျပာလိုက္ပါတယ္။ ဆိုနီကုမၸဏီရဲ႕ စီအီးအိုျဖစ္တဲ့ ကင္နီရွီယိုကေတာ့ ဒီကားရဲ႕ ေရွ႕ေျပးပုံစံနဲ႔အတူ ကြၽန္ေတာ္တို႔ဟာ ေမာ္ေတာ္ကားေဈးကြက္ထဲကို ဝင္ေရာက္လာၿပီဆိုတာကို ျပသလိုက္တာျဖစ္တယ္လို႔ ထုတ္ေဖာ္မိတ္ဆက္ပြဲမွာ ေျပာသြားပါတယ္။

(4). OnePlus Concept One Introduced With A Disappearing Camera

OnePlus အေနနဲ႔ ့ CES 2020 မွာ Concept One စမတ္ဖုန္းကို တရားဝင္ထုတ္ျပလိုက္ပါၿပီ။ McLaren နဲ႔ မိတ္ဖက္ျပဳလုပ္ၿပီး ထုတ္ထားတဲ့ အဲ့ဒီစမတ္ဖုန္းမွာ ကင္မရာဟာ ေပၚလိုက္၊ ေပ်ာက္လိုက္ ပုံစံမ်ိဳးနဲ႔ ျဖစ္ပါတယ္။ OnePlus ကေတာ့ disappearing ကင္မရာလို႔ နာမည္ေပးထားပါတယ္။ ဒီဇိုင္းက လုံးဝစြဲမက္ဖြယ္ျဖစ္ၿပီး လုံးဝ အဝါေရာင္စစ္စစ္ လည္သာသားနဲ႔ ျပဳလုပ္ထားတာပါ။ ကင္မရာနဲ႔ pop-up selfie ကင္မရာေတြ ထည့္ထားတဲ့ပံုစံက OnePlus 7T Pro နဲ႔ဆင္တူၿပီး ဒီဇုိင္းပုံစံကို သားေရနဲ႔ ပုံေဖာ္ထားတာပါ။ ကင္မရာကို ေနာက္ဘက္ဖန္သားရဲ႕ေအာက္မွာ ထည့္ထားတာျဖစ္ၿပီး electrochromic glass ကို သုံးထားတာပါ။ ဖုန္းရဲ႕ပုံစံကို McLaren က လက္ရွိထုတ္ေနတဲ့ sports cars ေတြရဲ႕ ပုံစံေပၚမူတည္ၿပီး ဆန္းသစ္ထားတာပါ။ သင့္အေနနဲ႔ ေနာက္ေက်ာဘက္ကင္မရာကို အသုံးမျပဳမခ်င္း ကင္မရာဆင္ဆာေတြ ေပၚလာမွာ မဟုတ္ပါဘူး။ ကင္မရာကို ရိုက္ဖို႔ျပင္ဆင္လိုက္တာနဲ႔ ကြယ္ဝွက္ထားတဲ့ အေျခအေနကေန ကင္မရာေတြ ေပၚလာမွာ ျဖစ္ပါတယ္။ ကင္မရာေပၚလာဖုိ႔အခ်ိန္ဟာ 0.7 စကၠန္႔သာ ၾကာမွာျဖစ္ပါတယ္။

(5). Hisense Demoes Phone With Color e-Ink Display 

Hisense A5 ဖုန္းကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္က ျပသခဲ့ၿပီး e-Ink display သုံးထားပါတယ္။ ဒီႏွစ္မွာလည္း Hisense အေနနဲ႔ e-Ink display သံုးထားတဲ့ စမ္းသပ္ဗားရွင္း ေရွ႕ေျပးစမတ္ဖုန္းတစ္မ်ိဳးကို ထပ္မံျပသလိုက္ပါတယ္။ အေသးစိတ္အခ်က္အလက္မ်ားကို သိရျခင္းမရွိေပမယ့္ display အသစ္ဟာ ယခင္ထုတ္ထားတဲ့ Hisense A5 ဖုန္းထက္စာရင္ contrast နဲ႔ refresh rates ပိုင္းမွာ ပိုေကာင္းလာပါလိမ့္မယ္။ ကုမၸဏီက ေျပာၾကားခ်က္အရ color e-Ink screens ေတြဟာ e-reader ေတြအတြက္ အဓိကျပႆနာ မဟုတ္ပါဘူး။ စမတ္ဖုန္း UI ေတြ သုံးတဲ့အခ်ိန္မွာေတာ့ ကန္႔သတ္ခ်က္ေတြ ရွိေနပါေသးတယ္။ အဲ့ဒါဟာ ရွိၿပီးသား monochrome screens ေတြထက္ ပိုေႏွးတဲ့ တုံ႕ျပန္ႏိုင္စြမ္းကို ရရွိတာပါ။ Hisense အေနနဲ႔ အခုဖုန္းသစ္ကို မိတ္ဆက္မယ့္အခ်ိန္ကိုေတာ့ တိတိက်က် ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ color e-Ink panels ေတြကိုလည္း ယခုႏွစ္ဝက္ပိုင္းေလာက္မွ အေျမာက္အမ်ား ထုတ္မွာပါ။ e-Ink displays ေတြဟာ မ်က္လုံးရဲ႕ အားစိုက္မႈကို ေလ်ာ့ခ်ႏိုင္ၿပီး ပိုမိုတဲ့ ရွင္းလင္းျပတ္သားမႈကို ရေစတာက ဆြဲေဆာင္မႈတစ္ခုလု႔ိ သတ္မွတ္ရမွာပါ။ Hisense အေနနဲ႔ refresh rate ျပႆနာကိုသာ ရွင္းႏုိင္မယ္ဆုိရင္ စိတ္ဝင္စားေရြးခ်ယ္စရာ ေနာက္ထပ္ device တစ္ခု ျဖစ္လာႏုိင္ပါတယ္။

(6). TCL Foldable Phone (Version Two)

တ႐ုတ္အီလက္ထေရာနစ္ကုမၸဏီ TCL အေနနဲ႔ CES 2020 ပြဲမွာ FOLDABLE PHONE  ကို ထုတ္ျပလုိက္ပါတယ္။ TCL Foldable ဖုန္းဟာ 7.2-inch panel နဲ႔ျဖစ္ၿပီး အိတ္ေဆာင္ပုံစံမ်ိဳးမဟုတ္ေပမယ့္ သူ႔ကို ေခါက္သိမ္းႏိုင္မွာပါ။ ဒီဇိုင္းပုံစံအရ Foldable ဖုန္းေတြထဲမွာ ေသးငယ္တဲ့ အရြယ္အစားလို႔ သတ္မွတ္ႏိုင္ပါလိမ့္မယ္။ ဒီဖုန္းကို ယခုႏွစ္အတြင္း ထုတ္ေပးမွာျဖစ္ၿပီး ေဈးႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။ secondary display မပါဝင္တာေၾကာင့္ အျခားဖုန္းေတြလို ေခါက္လိုက္တဲ့အခ်ိန္မွာ အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ TCL အေနနဲ႔ panel အမ်ိဳးအစား၊ resolution ေတြ display ပိုင္းနဲ႔ ပတ္သတ္တဲ့ အျခားအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။ ၿပီးေတာ့ ဘယ္လို layer ေတြ သုံးထားတယ္ဆိုတာလည္း မသိရေသးပါဘူး။ အျပင္ဘက္ ကာဘာပုံစံကေတာ့ ဒိုင္းမြန္းပုံစံ အေရာင္ေတာက္ေတာက္ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ကင္မရာ 4 လုံး တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ TCL အေနနဲ႔ ကင္မရာပိုင္းနဲ႔ ပတ္သတ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္းမရွိေပမယ့္ resolution ျမင့္မားတဲ့ 48MP / 64MP ဆင္ဆာေတြ သုံးေပးဖို႔ ေသခ်ာေနပါတယ္။

(7). Ballie The Rolling Robot Is Samsung

Samsung ဟာ Concept AI သုံးစက္႐ုပ္ Ballie (Ball-E လို႔ေခၚေဝၚ) ကို CES 2020 မွာ ျပသလာပါတယ္။ သက္႐ုပ္႐ိုေဘာ့တစ္ေကာင္လို႔လည္း ေျပာႏိုင္ပါတယ္။ Ballie က ပတ္ဝန္းက်င္ရွိ နည္းပညာပစၥည္းမ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္ကာ အိမ္ႏွင့္ အိမ္ေမြးတိရိစာၦန္တို႔ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒီ႐ိုေဘာ့ဟာ အိမ္မွာ ေလွ်ာက္သြားႏိုင္စြမ္းရွိၿပီး အဝတ္ေလွ်ာ္စက္ဖြင့္ျခင္း၊ တီဗြီ ဖြင့္ျခင္း/ပိတ္ျခင္းတို႔ ျပဳလုပ္ႏိုင္သလို သင္ အိမ္မွာ မရွိတဲ့အခ်ိန္မွာ ေခြးကို အစာေကြၽးျခင္းတို႔ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အိမ္သန႔္ရွင္းေရးလည္း လုပ္ခိုင္းႏိုင္ပါတယ္။ ယင္းအခ်က္မ်ား လုပ္ႏိုင္ဖို႔အတြက္ Ballie မွာ AI နည္းပညာပါ ကင္မရာ ပါဝင္ပါတယ္။ Samsung က Ballie ကို အားကစားလႈပ္ရွားမႈအကူအျဖစ္လည္း သုံးႏိုင္ေၾကာင္း ေျပာၾကားထားပါတယ္။ ေဒတာကာကြယ္ျခင္း၊ ကိုယ္ေရးအခ်က္အလက္ကာကြယ္ျခင္းတို႔ကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္ထားေၾကာင္း Samsung က ေျပာၾကားထားပါတယ္။ လက္ရွိအခ်ိန္မွာ Samsung ဟာ Ballie ကို ဘယ္အခ်ိန္မွာ ေဈးကြက္မွာ ေရာင္းခ်ႏိုင္တဲ့အဆင့္သို႔ ေရာက္ေအာင္လုပ္ေဆာင္လာႏိုင္မလဲဆိုတာ မေျပာႏိုင္ေသးပါဘူး။

(8). TCL 10 Series 

အီလက္ထေရာနစ္ပစၥည္းထုတ္လုပ္မႈအပိုင္းမွာ နာမည္ေက်ာ္တဲ့ TCL အေနနဲ႔ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္း 3 မ်ိဳးကို ထုတ္ျပလိုက္ပါတယ္။ TCL 10 series ဖုန္းေတြျဖစ္ၿပီး TCL 10 5G, 10 Pro, 10L ဖုန္းေတြ ျဖစ္ပါတယ္။ 10 5G နဲ႔ 10L ေတြမွာ သုံးထားတဲ့ flat displays အတြက္ ကုမၸဏီက ထုတ္ထားတဲ့ NXTVISION display ကို သုံးထားၿပီး 10 Pro ဖုန္းမွာေတာ့ edge AMOLED screen ကို သုံးေပးထားပါတယ္။ TCL 10 5G ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆုံး 5G ဖုန္းျဖစ္လာၿပီး Qualcomm 7-Series chipsets ျဖစ္တဲ့ Snapdragon 765G ကို သုံးထားပါလိမ့္မယ္။ ဒီဖုန္းမွာ ႀကီးမားတဲ့ Display နဲ႔ျဖစ္ၿပီး ေနာက္ဘက္မွာ လက္ေဗြဖတ္စနစ္ကို ထည့္ေပးထားပါတယ္။ အျခား 10-Series စမတ္ဖုန္း 2 မ်ိဳးလိုပဲ ဒီဖုန္းမွာ quad-camera setup သုံးထားမွာပါ။ TCL 10 Pro မွာေတာ့ 10 5G နဲ႔ ဆင္တူသေယာင္ ထင္ရေပမယ့္ အျခားအပိုင္းေတြမွာ ကြဲျပားျခားနားပါလိမ့္မယ္။ ေရာင္ျပန္ holographic ပုံစံအစား သူ႔မွာ OnePlus 7 Pro မွာ သုံးထားတဲ့ glowy patterns လိုမ်ိဳး ျဖစ္ပါတယ္။ 10 Pro မွာ in-display fingerprint scanner ပါဝင္ပါလိမ့္မယ္။ TCL 10L ဖုန္းမွာေတာ့ အေျခခံေမာ္ဒယ္ျဖစ္ၿပီး 48MP နဲ႔အတူ quad-camera setup ကို သုံးထားပါတယ္ CES မွာ ျပသလိုက္တယ္ဆိုေပမယ့္ လက္ရွိမွာေတာ့ ေဈးကြက္ထဲကို ေရာင္းခ်ႏိုင္ဦးမွာ မဟုတ္ပါဘူး။ အသစ္ျပသလိုက္တဲ့ စမတ္ဖုန္းေတြကိုေတာ့ ေျမာက္အေမရိက ေဈးကြက္မွာ အရင္ေရာင္းေပးသြားမွာျဖစ္ၿပီး ကမာၻ႔ေဈးကြက္ကိုေတာ့ 2020 ႏွစ္ကုန္ပိုင္းေလာက္မွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

(9). Asus Introduces The ROG Swift 360Hz G-Sync Gaming Monitor

Asus ဟာ CES 2020 မွာ စမတ္ဖုန္းသစ္ ေၾကညာလာျခင္းမရွိေပမယ့္ ဂိမ္းကစားသူမ်ားအတြက္ စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ Product မ်ားကို ေၾကျငာလာပါတယ္။ Asus ဟာ Zephyrus G14 ႏွင့္ Zephyrus G15 လို႔ အမည္ေပးထားတဲ့ ဂိမ္းလက္ေတာ့ပ္ႏွင့္ Asus ROG Swift အမည္ရွိ ဂိမ္းေမာ္နီတာတို႔ကို ေၾကညာလိုက္တာပါ။ ROG Swift 360 လုိ႔ေပးထားတဲ့ နာမည္နဲ႔အညီ ဒီေမာ္နီတာမွာ 360Hz Refresh Rate ပါဝင္ပါတယ္။ မ်က္ႏွာျပင္ 24.5 လက္မ ျဖစ္ပါတယ္။ ကမာၻ႔ပထမဆုံး 360Hz Refresh Rate ပါေမာ္နီတာ ျဖစ္ပါတယ္။ ႐ုပ္ထြက္ 1080p ေထာက္ပံ့ထားပါတယ္။ အားလုံးေမွ်ာ္လင့္ထားသလိုဘဲ G-Sync ေထာက္ပံ့မႈကိုလည္း ထည့္ေပးထားပါတယ္။

(10). Coolpad Legacy 5G Phone With 48-Megapixel Camera

Coolpad Legacy 5G မွာ မ်က္ႏွာျပင္ 6.53 လက္မ IPS LCD FHD+ ႐ုပ္ထြက္သုံးထားကာ HDR10 ေထာက္ပံ့ထားပါတယ္။ ေနာက္ေက်ာဘက္မွာ ကင္မရာႏွစ္လုံး၊ LED Flash ၊ လက္ေဗြရာစနစ္ကို ေဒါင္လိုက္ထည့္သြင္းထားကာ ဆြဲေဆာင္မႈ ရွိပါတယ္။ Snapdragon 765 ပရိုဆက္ဆာကို သုံးထားၿပီး RAM4GB နဲ႔ သုိေလွာင္မႈ 64GB ထည့္ေပးထားပါတယ္။ microSD ကေန 128GB ထပ္တိုးလို႔ ရပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးက 48MP+8MP Ultrawide ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 16MP ျဖစ္ပါတယ္။ Coolpad Legacy မွာ SIM ကတ္တစ္ကတ္ဘဲ ေထာက္ပံ့ထားပါတယ္။ NFC စနစ္ မပါဝင္ပါဘူး။ ဒါေပမယ့္ Sub-6GHz 5G Network ေထာက္ပံ့ထားကာ mmWave Frequency ထက္ လိုင္းေကာင္းပါမယ္။ Android 10 တစ္ပါတည္း ပါဝင္ပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး Quick Charge 3.0 ျဖင့္ USB Type C မွ အားသြင္းႏိုင္ပါမယ္။ ဖုန္းေအာက္ေျခမွာ စပီကာႏွင့္ မိုက္ခ႐ိုဖုန္းတို႔ ပါဝင္ပါတယ္။ ဖုန္းထိပ္မွာ နားၾကပ္ေပါက္ႏွင့္ မိုက္ခ႐ိုဖုန္းတို႔ ပါဝင္ပါတယ္။ Coolpad Legacy 5G ရဲ႕ ေဈးႏႈန္းကို ေၾကညာျခင္း မရွိေသးေပမယ့္ ေဒၚလာ 400 ဝန္းက်င္ေလာက္ ျဖစ္ႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)