• Author: GT (Excellent)
ဂိမ်းဈေးကွက်အတွင်းမှာ Shooting ဂိမ်းတွေအထွက်ကြဲလာတာနဲ့အမျှ PlayStation ပလက်ဖောင်း တွေဖက်ကနေ PC ဈေးကွက်ဖက်ကို ခပ်စိပ်စိပ်ဝင်ရောက်လာတာကတော့ Fighting ဂိမ်းတွေပဲဖြစ်ပါတယ်။ အဲဒီဂိမ်းတွေထဲမှာမှ Street Fighter စီးရီးဟာလဲ နာမည်ကျော်စီးရီးတွေထဲမှာ တစ်ခုအပါအဝင်ပါ။ အခု လက်ရှိမှာတော့ Street Fighter ဟာ (၂၀၁၆)တုန်းက Microsoft Windows, PlayStation 4, Linux တို့ အတွက် ထွက်ရှိခဲ့တဲ့ Street Fighter V ကို Champion Edition အနေနဲ့ ထပ်မံပွဲထုတ်တော့မှာ ဖြစ်ပါတယ်။
Street Fighter V ဟာ ပင်မစီးရီးရဲ့ (၆)ခွေမြောက်ဖန်တီးမှုဖြစ်ပြီး Champion Edition ကို (၂၀၂၀)၊ ဖေဖော် ဝါရီအတွင်းမှာ ဖြန့်ချိမယ်လို့ဆိုပါတယ်။ ဒီဂိမ်းလေးကို ဖန်တီးရေးဆွဲပေးတာကတော့ နာမည်ကျော် Capcom ရဲ့ Dimps အုပ်စုဖြစ်ပြီး ဖြန့်ချိပေးမယ့် Publisher ကလည်း Capcom ပဲ ဖြစ်ပါတယ်။
Street Fighter V ရဲ့ နောက်ခံကာလကို Street Fighter III နဲ့ Street Fighter IV ရဲ့ ကြားကာလကို ဖန်တီးပေးထားမှာဖြစ်ပြီး ယခု Champion Version မှာ Season 1, 2, 3, 4 တုန်းက DLC Character တွေ အားလုံး ထည့်သွင်းပေးထားမှာပါ။ Character အသေးစိတ်အနေနဲ့ကတော့ Birdie, Cammy, Chun-Li, Dhalsim, F.A.N.G, Karin အစရှိတဲ့ Base Roster က ဇာတ်ကောင် (၁၆)ဦး၊ Season One တုန်းက Alex, Balrog, Guile, Ibuki, Juri, Urien (၆)ဦး၊ Season Two ကဇာတ်ကောင်တွေဖြစ်တဲ့ Abigail, Akuma, Ed, Kolin, Menat, Zeku (၆)ဦး၊ Blanka, Cody, Falke, G, Sagat, Sakura အစရှိတဲ့ Season Three က (၆)ဦးနဲ့ Season Four က E. Honda, Gill, Kage, Lucia, Poison, Seth အစရှိတဲ့ (၆)ဦး၊ စုစုပေါင်းဇာတ်ကောင် (၄၀) ပါဝင်မှာဖြစ်ပါတယ်။
အသစ်ဖန်တီးထားတဲ့ဇာတ်ကောင်တွေကတော့ အမည်မသိတိုင်းပြည်က စစ်သည်တော် Necalli, အရှေ့အလယ်ပိုင်းက လေပွေသိုင်းသမား Rashid, ဂျူဂျစ်ဆုပညာရှင် ဘရာဇီးသူ Laura Matsuda နဲ့ အတွင်းအားပညာရှင် F.A.N.G တို့ဖြစ်ပါတယ်။ Game Mode သစ်တွေအနေနဲ့ Arcade Mode နဲ့ Extra Battle Mode တို့ကို ဖန်တီးပေးထားမှာပါ။ Game Play Features ပိုင်းမှာလည်း ယခင် Focus Attacks အစား Street Fighter III မှာတုန်းကပါဝင်ခဲ့တဲ့ EX gauge ကို ပြန်လည်ထည့်သွင်းပေးထားတာတွေ့ရပါမယ်။
ဒါ့အပြင် V-Skills, V-Reversals, V-Triggers ဆိုပြီး Technique (၃)မျိုးနဲ့ ပြောင်းလဲဆော့ကစားနိုင်တဲ့ V-Gauge ဆိုတဲ့ Feature သစ်လည်း ထပ်မံပါဝင်လာဦးမှာဖြစ်တာကြောင့် ပရိသတ်တွေအကြိုက်တွေ့ကြဦးမှာပါ။ Street Fighter III ကို ကစားဖူးသူတွေအနေနဲ့ Stun Meter ဆိုတဲ့ Feature ကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ယခု Street Fighter V မှာလည်း Health Bar ရဲ့ အောက်နားမှာ Stun Meter ကို တစ်ကျော့ပြန်ထည့်သွင်း ပေးထားတာတွေ့ရမှာပါ။
ဖိုက်တင်ဂိမ်းတွေရဲ့အသက်လို့ဆိုရမယ့် ဂရပ်ဖစ်ရုပ်ထွက်လှုပ်ရှားမှုတွေ သွက်လက် မြန်ဆန်စေဖို့အတွက် ဒီဂိမ်းလေးမှာ အဓိကပံ့ပိုးပေးထားတာကတော့ Unreal Engine 4 ဂိမ်းအင်ဂျင်ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကိုဆော့ကစားမယ်ဆိုရင်တော့ OS: Windows 7 64-bit. Processor: Intel Core i3-4160 @ 3.60GHz. Memory: 6 GB RAM. Graphics: NVIDIA® GeForce® GTX 480, GTX 570, GTX 670 အနည်းဆုံးလိုအပ်မှာဖြစ်ပါတယ်။ အစဉ်အလာကြီးမားတဲ့ Capcom ကနေ ဖန်တီးတင်ဆက်ပေးမယ့် ဂိမ်း ဖြစ်တာကြောင့် (၂၀၂၀)၊ ဖေဖော်ဝါရီမှာ ပရိသတ်အတွက် စောင့်မျှော်ရကျိုးနပ်တဲ့ အခွေဖြစ်မယ့်အကြောင်း သတင်းကောင်းလေးပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

(Zawgyi Version)

Street Fighter V: Champion Edition (PC)

  • Author: GT (Excellent)

ဂိမ္းေစ်းကြက္အတြင္းမွာ Shooting ဂိမ္းေတြအထြက္ႀကဲလာတာနဲ႔အမွ် PlayStation ပလက္ေဖာင္း ေတြဖက္ကေန PC ေစ်းကြက္ဖက္ကို ခပ္စိပ္စိပ္၀င္ေရာက္လာတာကေတာ့ Fighting ဂိမ္းေတြပဲျဖစ္ပါတယ္။ အဲဒီဂိမ္းေတြထဲမွာမွ Street Fighter စီးရီးဟာလဲ နာမည္ေက်ာ္စီးရီးေတြထဲမွာ တစ္ခုအပါအ၀င္ပါ။ အခု လက္ရွိမွာေတာ့ Street Fighter ဟာ (၂၀၁၆)တုန္းက Microsoft Windows, PlayStation 4, Linux တို႔ အတြက္ ထြက္ရွိခဲ့တဲ့ Street Fighter V ကို Champion Edition အေနနဲ႔ ထပ္မံပြဲထုတ္ေတာ့မွာ ျဖစ္ပါတယ္။

Street Fighter V ဟာ ပင္မစီးရီးရဲ႕ (၆)ေခြေျမာက္ဖန္တီးမႈျဖစ္ၿပီး Champion Edition ကို (၂၀၂၀)၊ ေဖေဖာ္ ၀ါရီအတြင္းမွာ ျဖန္႔ခ်ိမယ္လို႔ဆိုပါတယ္။ ဒီဂိမ္းေလးကို ဖန္တီးေရးဆြဲေပးတာကေတာ့ နာမည္ေက်ာ္ Capcom ရဲ႕ Dimps အုပ္စုျဖစ္ၿပီး ျဖန္႔ခ်ိေပးမယ့္ Publisher ကလည္း Capcom ပဲ ျဖစ္ပါတယ္။

Street Fighter V ရဲ႕ ေနာက္ခံကာလကို Street Fighter III နဲ႔ Street Fighter IV ရဲ႕ ၾကားကာလကို ဖန္တီးေပးထားမွာျဖစ္ၿပီး ယခု Champion Version မွာ Season 1, 2, 3, 4 တုန္းက DLC Character ေတြ အားလံုး ထည့္သြင္းေပးထားမွာပါ။ Character အေသးစိတ္အေနနဲ႔ကေတာ့ Birdie, Cammy, Chun-Li, Dhalsim, F.A.N.G, Karin အစရွိတဲ့ Base Roster က ဇာတ္ေကာင္ (၁၆)ဦး၊ Season One တုန္းက Alex, Balrog, Guile, Ibuki, Juri, Urien (၆)ဦး၊ Season Two ကဇာတ္ေကာင္ေတြျဖစ္တဲ့ Abigail, Akuma, Ed, Kolin, Menat, Zeku (၆)ဦး၊ Blanka, Cody, Falke, G, Sagat, Sakura အစရွိတဲ့ Season Three က (၆)ဦးနဲ႔ Season Four က E. Honda, Gill, Kage, Lucia, Poison, Seth အစရွိတဲ့ (၆)ဦး၊ စုစုေပါင္းဇာတ္ေကာင္ (၄၀) ပါ၀င္မွာျဖစ္ပါတယ္။

အသစ္ဖန္တီးထားတဲ့ဇာတ္ေကာင္ေတြကေတာ့ အမည္မသိတိုင္းျပည္က စစ္သည္ေတာ္ Necalli, အေရွ႕အလယ္ပိုင္းက ေလေပြသိုင္းသမား Rashid, ဂ်ဴဂ်စ္ဆုပညာရွင္ ဘရာဇီးသူ Laura Matsuda နဲ႔ အတြင္းအားပညာရွင္ F.A.N.G တို႔ျဖစ္ပါတယ္။ Game Mode သစ္ေတြအေနနဲ႔ Arcade Mode နဲ႔ Extra Battle Mode တို႔ကို ဖန္တီးေပးထားမွာပါ။ Game Play Features ပိုင္းမွာလည္း ယခင္ Focus Attacks အစား Street Fighter III မွာတုန္းကပါ၀င္ခဲ့တဲ့ EX gauge ကို ျပန္လည္ထည့္သြင္းေပးထားတာေတြ႕ရပါမယ္။

ဒါ့အျပင္ V-Skills, V-Reversals, V-Triggers ဆိုၿပီး Technique (၃)မ်ိဳးနဲ႔ ေျပာင္းလဲေဆာ့ကစားႏိုင္တဲ့ V-Gauge ဆိုတဲ့ Feature သစ္လည္း ထပ္မံပါ၀င္လာဦးမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြအႀကိဳက္ေတြ႕ၾကဦးမွာပါ။ Street Fighter III ကို ကစားဖူးသူေတြအေနနဲ႔ Stun Meter ဆိုတဲ့ Feature ကိုလည္း မွတ္မိၾကဦးမယ္ထင္ပါတယ္။ ယခု Street Fighter V မွာလည္း Health Bar ရဲ႕ ေအာက္နားမွာ Stun Meter ကို တစ္ေက်ာ့ျပန္ထည့္သြင္း ေပးထားတာေတြ႕ရမွာပါ။

ဖိုက္တင္ဂိမ္းေတြရဲ႕အသက္လို႔ဆိုရမယ့္ ဂရပ္ဖစ္႐ုပ္ထြက္လႈပ္ရွားမႈေတြ သြက္လက္ျမန္ဆန္ေစဖို႔အတြက္ ဒီဂိမ္းေလးမွာ အဓိကပံ့ပိုးေပးထားတာကေတာ့ Unreal Engine 4 ဂိမ္းအင္ဂ်င္ပဲ ျဖစ္ပါတယ္။ ဒီဂိမ္းေလးကိုေဆာ့ကစားမယ္ဆိုရင္ေတာ့ OS: Windows 7 64-bit. Processor: Intel Core i3-4160 @ 3.60GHz. Memory: 6 GB RAM. Graphics: NVIDIA® GeForce® GTX 480, GTX 570, GTX 670 အနည္းဆံုးလိုအပ္မွာျဖစ္ပါတယ္။ အစဥ္အလာႀကီးမားတဲ့ Capcom ကေန ဖန္တီးတင္ဆက္ေပးမယ့္ ဂိမ္း ျဖစ္တာေၾကာင့္ (၂၀၂၀)၊ ေဖေဖာ္ဝါရီမွာ ပရိသတ္အတြက္ ေစာင့္ေမွ်ာ္ရက်ိဳးနပ္တဲ့ အေခြျဖစ္မယ့္အေၾကာင္း သတင္းေကာင္းေလးေပးလိုက္ရပါတယ္။

NetGuide Journal (Every Wednesday)