Samsung Galaxy S20 စီးရီးကထွက်ဖို့ နီးကပ်လာတာနဲ့အမျှ သတင်းတွေကလည်းဆက်တိုက် ထွက်ပေါ်လျက်ရှိနေပါတယ်။ ယနေ့မှာ Samsung Galaxy S20 စီးရီးနဲ့ပတ်သက်ပြီးသတင်းတွေထပ်မံ ထွက်ပေါ်လာပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S20 ဖုန်းအားလုံးမှာ RAM12GB ပါဝင်လာမှာဖြစ်ကြောင်းသိရပါတယ်။

၂၀၁၉ ခုနှစ်ထွက် အလယ်အလတ်တန်းစမတ်ဖုန်းအမြောက်အမြားရဲ့ အခြေခံဗားရှင်းမှာ RAM8GB အသုံးပြုလာခဲ့ကြတာဖြစ်သလိုအဆင့်မြင့်စမတ်ဖုန်းအများစုရဲ့ အခြေခံဗားရှင်းမှာ RAM12GB အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် Samsung Galaxy S10+ ရဲ့ အဆင့်မြင့်ဗားရှင်းမှာ RAM12GB အသုံးပြုခဲ့ပါတယ်။

ယခု Samsung ဟာ Galaxy S20 စီးရီးဖုန်းအားလုံးမှာအနိမ့်ဆုံး RAM12GB သုံးလာမှာဖြစ်လို့ အမြင့်ဆုံးဗားရှင်းအဖြစ် RAM16GB ဗားရှင်းကိုကောသုံးလာမလားမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ လက်ရှိစမတ်ဖုန်းဈေးကွက်မှာအမြင့်မားဆုံး RAM က RAM12GB ဖြစ်ပါတယ်။

အစောပိုင်းတုန်းက Xiaomi Black Shark 3 က ကမ္ဘာ့ပထမဆုံး RAM16GB ပါ စမတ်ဖုန်းဖြစ်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယခု Samsung Gaaxy S20 က လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်လို့ ဒီဖုန်းကပဲကမ္ဘာ့ပထမဆုံး RAM16GB ပါ စမတ်ဖုန်းဖြစ်လာတော့မှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy S20 ေမာ္ဒယ္အားလုံးတြင္ RAM12GB ပါဝင္မည္

Samsung Galaxy S20 စီးရီးကထြက္ဖို႔ နီးကပ္လာတာနဲ႔အမွ် သတင္းေတြကလည္းဆက္တိုက္ ထြက္ေပၚလ်က္ရွိေနပါတယ္။ ယေန႔မွာ Samsung Galaxy S20 စီးရီးနဲ႔ပတ္သက္ၿပီးသတင္းေတြထပ္မံ ထြက္ေပၚလာပါတယ္။ ယေန႔ ထြက္ေပၚလာတဲ့သတင္းအရ Samsung Galaxy S20 ဖုန္းအားလုံးမွာ RAM12GB ပါဝင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

၂၀၁၉ ခုႏွစ္ထြက္ အလယ္အလတ္တန္းစမတ္ဖုန္းအေျမာက္အျမားရဲ႕ အေျခခံဗားရွင္းမွာ RAM8GB အသုံးျပဳလာခဲ့ၾကတာျဖစ္သလိုအဆင့္ျမင့္စမတ္ဖုန္းအမ်ားစုရဲ႕ အေျခခံဗားရွင္းမွာ RAM12GB အသုံးျပဳခဲ့ၾကပါတယ္။ အထူးသျဖင့္ Samsung Galaxy S10+ ရဲ႕ အဆင့္ျမင့္ဗားရွင္းမွာ RAM12GB အသုံးျပဳခဲ့ပါတယ္။

ယခု Samsung ဟာ Galaxy S20 စီးရီးဖုန္းအားလုံးမွာအနိမ့္ဆုံး RAM12GB သုံးလာမွာျဖစ္လို႔ အျမင့္ဆုံးဗားရွင္းအျဖစ္ RAM16GB ဗားရွင္းကိုေကာသုံးလာမလားေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ လက္ရွိစမတ္ဖုန္းေဈးကြက္မွာအျမင့္မားဆုံး RAM က RAM12GB ျဖစ္ပါတယ္။

အေစာပိုင္းတုန္းက Xiaomi Black Shark 3 က ကမာၻ႔ပထမဆုံး RAM16GB ပါ စမတ္ဖုန္းျဖစ္လာမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ယခု Samsung Gaaxy S20 က လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ မိတ္ဆက္လာမွာျဖစ္လို႔ ဒီဖုန္းကပဲကမာၻ႔ပထမဆုံး RAM16GB ပါ စမတ္ဖုန္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)